Sunday, February 10, 2013

ခွပ်ဒေါင်းတို့ ကျောင်းဆရာ

> ခွပ်ဒေါင်းတို့ ကျောင်းဆရာ

 > ထားရာနေ စေရာသွား၊
> နွားမဟုတ်တဲ့ ကျောင်းဆရာ။
> ရောက်ရာအရပ် ကျရာတာဝန် ကျေပွန်မယ့်ကျား၊
> တောပြောင်းလည်း မသေပါ။
> စေတနာ အရင်းခံတာမို့
> ဒုက္ခဟာ ခံပြင်းပေမယ့်၊
> ၀ါသနာ ထန်ပြင်း၊
> မာန်တင်းလို့ စာသင်ကာ။
>
> မြန်မာပြေ(ပြည်) ကမ္ဘာမကြေအကြောင်းတွေနဲ့၊
> ပြည်တခွင် သာစေကြောင်းဟာမို့
> စာတွေသင် အရာရာကောင်းစေဖို့
> ခွပ်ဒေါင်းတို့ ဆရာ။
>
> ဇော်မျိုးလှိုင်
> ဒဂုံတက္ကသိုလ်

No comments:

Post a Comment

Twitter Bird Gadget