Friday, February 1, 2013

စစ်တွေတက္ကသိုလ်ရှိဆရာ/ဆရာမများအား လစာမဲ့ခွင့်ခံစားခွင့်ပြုလိုက်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သည့်မေတ္တာရပ်ခံလွှာ



တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်)
(၂၀၁၁-၂၀၁၂) ပညာသင်နှစ်


စစ်တွေတက္ကသိုလ်ရှိဆရာ/ဆရာမများအား လစာမဲ့ခွင့်ခံစားခွင့်ပြုလိုက်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်သည့်မေတ္တာရပ်ခံလွှာ
စစ်တွေ တက္ကသိုလ်တွင် လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိသော တက္ကသိုလ် ဆရာ၊ ဆရာမ (၈၂)ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ၀န်ထမ်းစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်အညီ ၂၀၁၂ ဇူလိုင်လအတွက် လစာများအပေါ် လစာမဲ့ခွင့်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက် သက်ဆိုင်ရာတာဝန်ရှိသူများသည် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင် ရွက်ခဲ့ကြောင်း တွေ့ရပါသဖြင့် ကျွန်ုပ်တို့ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း (မှတ်ပုံတင်လျှောက်ထား ဆဲ) များအားလုံးက ညီညွတ်စွာ နားလည်သဘောပေါက်ပါကြောင်း ပထမဦးစွာ ဖော်ပြအပ် ပါသည်။
သို့သော် ကျွန်ုပ်တို့တက္ကသိုလ် ဆရာဆရာမများအသင်း (မှတ်ပုံတင်လျှောက်ထားဆဲ)များ အားလုံး သည အထက်ပါ(၈၂)ဦးကိုယ်စား သက်ဆိုင်ရာသို့ မေတ္တာရပ်ခံစရာ အကြောင်းအချက်ကို အောက်ပါ အတိုင်းဖော်ပြလိုပါသည်။
ဆရာဆရာမများသည် နယ်ဝေးဒေသမှ စစ်တွေတက္ကသိုလ်သို့ နိုင်ငံတာဝန်ထမ်းဆောင်ရန် ရောက်လာကြရခြင်း လမ်းခရီးဆိုင်ရာ အခက်အခဲ၊ ခရီးစရိတ်ကုန်ကျမှုဆိုင်ရာ အခက်အခဲ၊ အခြားသော မိသားစု လူမှုရေးဆိုင်ရာ အခက်အခဲ စသည်ဖြင့် ထို၂၀၁၂ ဇူလိုင်လ အတွင်း ရှိခဲ့နိုင်ကြောင်း ဆရာ၊ ဆရာမ အချင်းချင်း စာနာ နားလည်ခံစားမိပါသည်။ မိမိတို့ တာဝန်ကျရာ တက္ကသိုလ်သို့ အချိန်မီ ရောက်မလာနိုင်ခြင်း၏ နောက်ကွယ်တွင် မည်သို့သော အခက်အခဲများ ရှိနေခဲ့မည်ကို မိသားစုသဘော ဆန်ဆန် စဉ်းစားရန်လည်း လိုအပ်ဦးမည် ထင်ပါသည်။
သို့ဖြစ်ပါ လစာမဲ့ခွင့် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော ဆရာဆရာမများအပေါ် ကျွန်ုပ်တို့ ပညာရေး မိသားစုကြီး တစ်ခုလုံးက မိသားစု စိတ်ဓာတ်ကို အခြေခံကာ မေတ္တာ ကရုဏာ ရှေ့ထား ထိခိုက်နစ်နာမှု မဖြစ်ပေါ်ရစေရန် ရိုင်းပင်းကူညီ အဖြေရှာ ပေးနိုင်ရန်အတွက် မေတ္တာရပ်ခံ အပ်ပါသည်။


 တက္ကသိုလ် ဆရာဆရာမများအသင်း (မှတ်ပုံတင် လျှောက်ထားဆဲ)
ရန်ကုန်တက္ကသိုလ်၊
ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၊
ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊
ဒဂုံတက္ကသိုလ်။

No comments:

Post a Comment

Twitter Bird Gadget