Thursday, January 31, 2013

တကယ်အသုံးဝင်တဲ့mobile dictionaryလေးပါ

ဆရာ၊ဆရာမတွေရော ကျောင်းသားတွေအတွက်ပါဝေမျှလိုက်ပါတယ်
livio.pack.lang.en_US_16.apk
credit by 1Mobile
http://www.4shared.com/android/snUdJyDx/liviopacklangen_US_16.html

Tuesday, January 29, 2013

ဘုရင့်နောင်သိလျှင် ထောင်းလိမ့်မည်(ကိုအော)



ဘုရင့်နောင်သိလျှင် ထောင်းလိမ့်မည်
၂၉-၁-၂၀၁၃ ရက်နေ့ မွန်းလွဲ (၁း၃၀)နာရီတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ထိုင်းနိုင်ငံ Chulalongkpm University , The Petroleum and Petrochemical College မှ Deputy Dean Asst. Prof. Dr. Manit Nithitanakul နှင့် အဖွဲ့ လာရောက်တွေ့ဆုံ၍ Chulalongkpm University , The Petroleum and Petrochemical College တို့၏ အာဆီယံ နိုင်ငံများအတွက် စီစဉ် ဆောင်ရွက်ပေးနေသော ပညာသင်ဆုများအကြောင်း ရှင်းလင်း ပြောကြားပါသည်။

သဘာဝရဲ့မျိုးဆက်သစ် ( အေးသဏ်းမင်း)


ကျွန်တော်လေးစားရသောသူ-သန်းထွန်းအကြောင်း( သန်းထိုက်အောင်)

(UTA) ပညာရေးကွန်ယက်နှင့်ဆွေးနွေးပွဲ - ပထမအကြိမ်

6.11.2012

Education International မှ chief regional coordinator , Mr.Mathews နှင့်တွေ့ဆုံခြင်း


8.11.2012

ILO meets with UTA at UMFCCI in Myanmar.


Monday, January 28, 2013

ပန်းဈေး-ကဗျာ (ရွှေထွန်း)


အဝေးသင်တက္ကသိုလ်တာဝန်များနှင့်ပတ်သက်၍ပညာရေးပြည်ထောင်စုဝန်ကြီးသို့စုပေါင်းပေးပို့သည့်အိတ်ဖွင့်ပေးစာ


သို့
          နိုင်ငံတော်သမ္မတ
          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေ့စွဲ    ။၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက် (သောကြာနေ့)

အကြောင်းအရာ။         မိတ္တူပေးပို့ခြင်း
          အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ အဝေးသင်တက္ကသိုလ်သင်တန်းများ၊ စာမေးပွဲများတာဝန်ခွဲဝေ ချထားမှုအခြေအနေနှင့်စပ်လျဉ်းကာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ 
(၁၂) ရက် (သောကြာနေ့)နေ့စွဲဖြင့် ပညာရေးပြည်ထောင်စုဝန်ကြီးထံသို့လိပ်မူပြီး ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်များမှ တက္ကသိုလ်ဆရာ/ဆရာမများအသင်းများစုပေါင်း၍ အိတ်ဖွင့်ပေးစာတစ်စောင် ကို ပေးပို့ခဲ့ပါသည်။
          ထိုအိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ အခြေအနေအရပ်ရပ်ကို သမ္မကြီးမှသိရှိနိုင်ပါရန်နှင့် လိုအပ်သောအရေးယူ ဆောင်ရွက်မှုများကိုပြုလုပ်ပေးပါရန် လေးစားစွာဖြင့်ပေးပို့တင်ပြအပ်ပါသည်။

တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ဒဂုံတက္ကသိုလ်)

တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ရန်ကုန်တက္ကသိုလ်)
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)












တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့

အဝေးသင်တက္ကသိုလ်တာဝန်များနှင့်ပတ်သက်၍ပညာရေးပြည်ထောင်စုဝန်ကြီးသို့စုပေါင်းပေးပို့သည့်အိတ်ဖွင့်ပေးစာ
၁။         ယနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သော အရပ်သားဒီမိုကရေစီ အစိုးရသည် ပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်နေ့မအား၊ ညမအားကြိုးပမ်းဆောင်ရွက်နေလျက်ရှိပြီး ကျွန်ုပ်တို့မြန်မာနိုင်ငံ အတွက်လိုအပ်နေသောဒီမိုကရေစီအခြေခံကောင်းများကိုအုတ်မြစ်ချပေးလျက်ရှိရာ ပြည်တွင်း၊ပြည်ပကအသိအမှတ်ပြု လောက်အောင် တိုးတက်မှုများဖြစ်ပေါ်နေသည်ကိုဝမ်းမြောက်ဖွယ်ရာတွေ့မြင်နေရပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံအဖြစ် အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင်ပညာရေးကဏ္ဍသည်အသက်သွေးကြောတမျှအရေးကြီးလှကြောင်းကို နိုင်ငံအကြီးအကဲများ၊ ပညာရှင်များ၊မီဒီယာများအပါဝင်ပြည်သူများကတညီတညွတ်တည်းလက်ခံထားကြပေသည်။သို့သော်၊စ်ပေါင်းများစွာကျင့်သုံးခဲ့သောမူဝါဒအမှားများကြောင့်တချိန်ကအာရှတွင်အဆင့်မြင့်ခဲ့ရသောမြန်မာနိုင်ငံ၏ပညာရေးသည် အိမ်နီးချင်းနိုင်ငံငယ်များကပင်အသိအမှတ်မပြုတော့သည့်အခြေအနေသို့ ရာက်ရှိခဲ့သည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရပါသည်။ ထိုသို့ကျဆင်းနေသောမြန်မာ့ပညာရေးကိုဘက်ပေါင်းစုံမှပြန်လည်ပြုပြင်ရာတွင်အလုံးစုံကိုလတ်တလောချက်ချင်းလက်ငင်းပြုပြင်ပြင်ဆင်ရန်မဖြစ်နိုင်သေးသော်လည်းလတ်တလောပြုပြင်၍ရနိုင်သည့်ကိစ္စများကိုအချိန်မဆိုင်းဘဲ အမြန်ပြုပြင်မှုများ လုပ်ဆောင်ရန်မှာ အလွန်အရေးကြီးလှပေသည်။ ထိုပြုပြင်ပြောင်းလဲမှုများသည်လည်း ကျိုးကြောင်းဆီလျော်မှု၊ ယုတ္တိကျမှု (Rational and Logic) ရှိစေရန်လည်းအထူးလိုအပ်လှပေသည်။ ကျွန်ုပ်တို့သည် အဆင့်မြင့်ပညာရေးကဏ္ဍတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိနေသောသင်ကြားရေးဝန်ထမ်းများဖြစ်သည့်အားလျော်စွာ အဆင့်မြင့်ပညာရေးကဏ္ဍတွင် ဖြစ်ပေါ်နေသောအားနည်းချက်တစ်ရပ်ကိုတင်ပြ လိုပါသည်။
၂။         မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးကဏ္ဍတွင် Arts and Science ဘာသာရပ်များကို သင်ကြားပို့ချနိုင်ရန်အတွက် န့တက်တက္ကသိုလ်များနှင့် အဝေးသင်တက္ကသိုလ်များ ဟူ၍နှစ်ပိုင်းခွဲခြားထားပါသည်။ ထိုတက္ကသိုလ်များသည် သီးခြားဖွဲ့စည်းပုံ များဖြင့် ဖွဲ့စည်းထားသောတက္ကသိုလ်များ  (Separate Universities)  ဖြစ်ပေသည်။ တနည်းဆိုသော် ထိုတက္ကသိုလ်များသည် တစ်ခုနှင့်တစ်ခုမည်သည့်လက်အောက်ခံမျှမဟုတ်ဘဲ သီးခြားလွတ်လပ်သော၊ တန်တူရည်တူအဆင့်အတန်းရှိသောတက္ကသိုလ် များ ဖြစ်ကြပါသည်။ သို့သော်၊ ထိုသို့သီးခြားဖွဲ့စည်းပုံများဖြင့် ရပ်တည်နေကြသော်လည်း တက္ကသိုလ်များ၏သင်းကြားရေး၊ စာမေးပွဲ စစ်ဆေးရေး စသည့်လုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း (Operational Status) တွင်ရှုပ်ထွေးမှုများ ဖြစ်ပေါ် လျက်ရှိနေသည့်အပြင် တည်ဆဲနိုင်ငံဝန်ထမ်းများနှင့်ပတ်သက်သော ဥပဒေ၊ နည်းဥပဒေများအပါအ၀င် မကြာခင် ပြည်ထောင်စု လွှတ်တော်ကအတည်ပြုတော့မည့် နိုင်ငံဝန်ထမ်းဥပဒေကြမ်းပါ ပြဌာန်းချက်များနှင့်လည်းကိုက်ညီမှုမရှိသည်ကို တွေ့ရှိနေရ ပါသည်။
၃။       Arts and Science  နေ့တက်တက္ကသိုလ်များမှ ဆရာ၊ဆရာမများအနေဖြင့် အဝေးသင်ကျောင်းသား၊ကျောင်းသူများကို အနီးကပ် (၁၀) ရက်သင်တန်းများ၊ လက်တွေ့သင်တန်း (Pratical)  များကို စနေ၊ တနင်္ဂနွေကဲ့သို့သော နိုင်ငံတော်၏တရားဝင် ရုံးပိတ်ရက်များအပါအ၀င် သင်ကြားပို့ချပေးနေရခြင်း၊ စာစဉ် (Assignment) များကိုတာဝန်ယူစစ်ဆေးပေးနေရခြင်း ထိုကျောင်းသားများအတွက် စာမေးပွဲတာဝန်များကိုတာဝန်ယူပေးနေရခြင်း စသည့်တာဝန်များကို ၄င်းတို့သက်ဆိုင်ရာမူလ တက္ကသိုလ်များ၏တာဝန်များနှင့်သက်ဆိုင်ခြင်းမရှိဘဲထမ်းဆောင်နေကြရပါသည်။ ထိုသို့ထမ်းဆောင်ခဲ့ကြရပါသော်လည်း နိုင်ငံဝန်ထမ်းများနှင့်ပတ်သက်ပြီး ပြဌာန်းထားသောတည်ဆဲဥပဒေများ၊ နည်းဥပဒေများမှပေးအပ်ထားသောအခွင့်အရေးများကိုအပြည့်အ၀ခံစားခွင့်မရခဲ့ကြရသည့်အပြင် လုပ်ထုံးလုပ်နည်းများမှာလည်းပွင့်လင်းမြင်သာမှုမျာအားနည်းနေခဲ့ကြပြီးအချို့တက္ကသိုလ်များတွင် မရှိသလောက်ဖြစ်ခဲ့ ပါသည်။  
၎။         ကျွန်ုပ်တို့သည်တက္ကသိုလ်မှဆရာ/ဆရာမများဖြစ်သည့်အားလျော်စွာ အထက်ဖေါ်ပြပါတာဝန်များ ငင်းပယ်လိုခြင်းအလျဉ်းမရှိပါသော်လည်းဥပဒေ၊နည်းဥပဒေများမှပြဌာန်းထားသောအခွင့်အရေးကို အပြည့်အ၀ရရှိခံစားလိုကြပါသည်။ အဆိုပါ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ထားသော ချီးမြှင့်ငွေအပါဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို ကြန့်ကြာခြင်းအလျဉ်းမရှိဘဲအပြည့်အ၀ရရှိခံစားလိုကြပါသည်။ အချို့သောဆရာ၊ ဆရာမများသည်ထိုအဝေးသင်တက္ကသိုလ်နှင့်ပတ်သက်သောတာဝန်အလုံးစုံကို ပညာသင်နှစ်ပေါင်းများစွာ ကျေပွန်ခဲ့ပါသော်လည်ဖေါ်ပြပါချီးမြင့်ငွေနှင့် အကျိုးခံစားခွင့်အရပ်ရပ်ကို တစ်ကြိမ်တစ်ခါမှ ရရှိခံစားခဲ့ဘူခြင်းမရှိပါ။ ထို့ကြောင့်၊ အဝေးသင်တက္ကသိုလ်နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အားနည်းခြင်းများကြောင့် တက္ကသိုလ်အသီးသီးတွင်  အကျင့်ပျက်ခြစားမှုများဖြစ်ပေါ်လျက်ရှိပြီး၊ ဆရာ၊ဆရာမများ၏လုပ်အားကို ခေါင်းပုံဖြတ်နေသည့် သဘောများသက်ရောက်နေပါသည်။ အထက်ဖေါ်ပြပါ အခြေအနေအရပ်ရပ်ကို အချိန်မီပြုပြင်ပြောင်းလဲမှုများမပြုလုပ်ပါက နိုင်ငံတော်သမ္မတကြီးအလေးအနက်ထား ရည်မှန်းအကောင် အထည်ဖေါ်နေသော သန့်ရှင်းသောအစိုးရ (Clean Government) နှင့် ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) ထူထောင်ရာတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနကိုယ်တိုင်နှင့် လက်အောက်ဦးစီးဌာနအဆင့်ဆင့်မှ ပူးပေါင်းပါဝင်မှုအားနည်းနေ သည့်အပြင် နိုင်ငံတော်၏ဥပဒေများကိုလည်း လိုက်နာမှု အားနည်းနေသည့်သဘောများ သက်ရောက်နေပါသောကြောင့် ဆရာ၊ဆရာမများ အပါအ၀င် ပြည်သူလူထု၏ အထင်အမြင် လွဲမှားမှုများဖြစ်ပ်ါလာနိုင်ပြီး နိုင်ငံတော်သမ္မတကြီး၏ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ် ပုံရိပ်များကို ရေရှည်တွင်ထိခိုက်လာ နိုင်ပါသည်။
၅။         ထို့ပြင်၊ အထက်ဖေါ်ပြပါတာဝန်များကို သက်ဆိုင်ရာနေ့တက်တက္ကသိုလ်များမှ တာဝန်ယူထမ်းဆောင်နေရပါသော်လည်း အမှတ်ပေးစည်းမျဉ်းများရေးဆွဲခြင်း၊ စာမေးပွဲအဖြေလွှာများစစ်ဆေးခြင်း၊  အောင်စာရင်းများထုတ်ပြန်ခြင်းစသည့်ကိစ္စရပ်များကို အဝေးသင်တက္ကသိုလ်များမှ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပေးနေရပါသောကြောင့် တက္ကသိုလ်အချင်းချင်းတန်းတူရည်တူ လွတ်လပ်စွာ ရပ်တည်ခြင်းကိုမေးခွန်းထုတ်စရာအခြေအနေများဖြစ်ပေါ်နေပြီး တက္ကသိုလ်များအချင်းချင်း၊ ဆရာဆရာမများ အချင်းချင်းကြားတွင် မလိုလားအပ်သောသွေးကွဲမှုများဖြစ်ပေါ်လာကာ စည်းလုံးမှုများပျက်ပြားလာနိုင်ပါသည်။ အထက်ဖေါ်ပြပါ အခြေအနေအရပ်ရပ်အားလုံးကို ယခုပညာသင်နှစ်တွင် လတ်တလောဖြေရှင်းရန်အခက်အခဲများရှိမည်ကို ကျွန်ုပ်တို့ တက္ကသိုလ် ဆရာဆရာမများအသင်းများမှ အပြည့်အ၀နားလည်ပါသည်။ သို့သော်၊ လတ်တလောဖြေရှင်းနိုင်သည့် ကိစ္စရပ်များကို ယခုပညာသင်နှစ်မှစတင်၍ ချက်ချင်းလက်ငင်းအရေးယူဖြေရှင်းပေးရန်နှင့် အခြားသောကိစ္စများကို နောင်လာမည့်(၂၀၁၂/၁၃) ပညာနှစ်တွင်အပြီးအပြတ်အရေးတယူဆောင်ရွက်ပေးနိုင်ရန်တင်ပြအပ်ပါသည်။ကျွန်ုပ်တို့ တက္ကသိုလ်ဆရာဆရာမများအသင်း များ အနေဖြင့်လည်း ယခုတင်ပြခဲ့သောကိစ္စရပ်များကို အလုံးစုံပြေလည်မှုရနိုင်စေရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံကိုအသုံးပြုသွားရန်တညီတညွတ်တည်း တခဲနက်ဆုံဖြတ်ချက်ချထားပြီးဖြစ်ပါသည်။ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းရန်လိုအပ်ပါက ပူပေါင်းဆောင်ရွက်သွားရန်အသင့်ရှိကြောင်းကိုလည်း တစ်ပါတည်းတင်ပြအပ်ပါသည်။ သို့ဖြစ်ပါ၍ အထက်ဖေါ်ပြပါ အခြေအနေအရပ်ရပ်ကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား စဉ်းစားပြီး လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို အလျင်အမြန်အကောင်အထည်ဖေါ် ဆောင်ရွက်ပေးပါရန် နိုင်ငံတော်၏အကျိုး၊ ပြည်သူများ၏အကျိုး၊ မြန်မာ့ပညာရေး၏အကျိုး၊ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာများ၏အကျိုးကို ဦးထိပ်ပန်ဆင်လျက် တောင်းဆိုတင်ပြလိုက်ရပါသည်။ 



တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ဒဂုံတက္ကသိုလ်)


တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)


တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ရန်ကုန်တက္ကသိုလ်)



တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)



Wednesday, January 23, 2013

BIOCHEMISTRY AND MOLECULAR DICTIONARY

BIOCHEMISTRY AND MOLECULAR
 Credit By -
Baïn ñang ñoïc moät quyeån saùch ñöôïc taëng bôûi HUY NGUYEÃN. Neáu baïn coù nhu caàu veà saùch sinh hoïc, xin lieân heä: Huynguyen Co. LTD. Biotechnology, Trades and Services, 201 Luong Nhu Hoc, Dist 5, HCMC, Phone/Fax: (84-8) 9509938, 8551478, 8574867 Handphone: 0918190535, email: huynguyen@huynguyenltd.com.

http://www.scribd.com/doc/121657803/OXFORD-DICTIONARY-OF-BIOCHEMISTRY-AND-MOLECULAR-BIOLOGY

ယနေ့ကမ္ဘာကြီးကိုထိမ်းသိန်းကာကွယ်ဖို့လူသားတွေကြိုးစားနေကြသည်..ဒီစာအုပ်ကလေးကပတ်ဝန်းကျင်ထိမ်းသိန်းရေးကိုလုပ်နေတဲ့လူတွေမရှိမဖြစ်ဆောင်ထားရမယ့်စာအုပ်လေးပါ ဝေမျှလိုက်ပါတယ်..

Ency. of Scientific & Technical Terms - Environmental Studies by

Ency. of Scientific & Technical Terms

Encyclopedia of Scientific & Technical Terms by

Tuesday, January 22, 2013

သဘောထားကြေငြာချက်အမှတ် (၁/၂၀၁၂)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊
မန္တလေးတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်
သဘောထားကြေငြာချက်အမှတ် (၁/၂၀၁၂)
၁၃၇၄ ခုနှစ်၊ နတ်တော်လဆုတ် (၃) ရက်နေ့
၂၀၁၂ ခုနှစ်၊ ဒီဇင်္ဘာလ (၃၁) ရက်နေ့၊ (တနင်္လာနေ့)

ရန်ကုန်အရှေ့ပိုင်တက္ကသိုလ် ဆရာဆရာမအသင်း၏ သဘောထားခံယူချက်

-->
တက္ကသိုလ်ဆရာဆရာမအသင်းဆိုသည်မှာတက္ကသိုလ်ဆရာဆရာမများ၏အကျိုးစီးပွားအတွက်ဖွဲ့စည်းထားသောအသင်းဖြစ်ကြောင်းအသင်းအကြောင်းစိတ်ပါဝင်စားသူတိုင်းသိရှိပြီးဖြစ်ပါသည်။ အသင်း၏အင်အားသည်လည်းအားရစရာကောင်းသောအဆင့်တွင်ရှိကြောင်းတွေရသဖြင့်ဝမ်းမြောက်ကြရပါသည်။အသင်း၏ခံယူချက်နှင့်သဘောထားကို အားလုံးကိုယ်စားတင်ပြရပါလျှင် အောက်ပါအတိုင်းဖြစ်ပါသည်။
          ဆရာဆရာမတိုင်းသည် မိမိတို့၏ အခွင့်အရေးနှင့် ပညာရေး၊လူမှုရေး စသောမိမိကိုယ်တိုင်နှင့် မိမိ၏မိသားစုအတွက်အခက်အခဲများရှိကြသည့်အခါတိုင်းလူ့သဘောသဘာဝအတိုင်းစိတ်ပျက်အားငယ်မှုများနှင့် ကြုံတွေ့ကောင်းကြုံတွေ့ကြရမည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ မိမိတို့သည် ဆရာဆရာမများဖြစ်သည့် အားလျော်စွာ အဘက်ဘက်မှ အေးချမ်းစွာဘ၀ကိုဖြတ်သန်းတတ်ကြသော်လည်း ဆရာဆရာမဘ၀အပေါ် အားငယ်စရာကောင်းသည်အခြေအနေများနှင့်ကြုံတွေ့ရသည့်ကာလတွင် မိမိတို့ဆရာဆရာမအချင်းချင်း ရင်းနှီးစွာတိုင်ပင်ဆွေးနွေးကြခြင်းသဘောကို မိမိတို့အသင်းများကစတင်အခြေခံပါသည်။

Monday, January 21, 2013

Back ground of UTAs



THE REPUBLIC OF THE UNION OF MYANMAR

UNIVERSITY TEACHERS ASSOCIATIONS (UTAs)



Background
The promulgation of Labour Organization Law in November 2011 was prologue for the formations of University Teachers Associations (UTAs). Chapter I, Article 2, Section A of the Labour Organization Law states that: -
Worker means a person who relies on his labour to engage in economic activity or to generate a livelihood, including a daily wage earner, temporary worker, worker engaged in agriculture, domestic worker, government employee, and apprentice, but does not include the Defense Service personnel, member of the Myanmar Police Force or member of the armed organizations under the control of Defense Services.

သက်မှတ်ရုံးချိန်အတွင်းသာရုံးလုပ်ငန်းတာဝန်ပေးရန် ---ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှထုတ်ပြန်သောစာ




Thursday, January 17, 2013

Mountaineering Scholarships for Myanmar Students

A friend of my rope mate, Win Ko told me that he want to share this April Mountaineering Scholarships--Himalaya Mountaineering Scholarship and Wilderness First Aid Scholarship in India at National Outdoor Leadership School, NOLS, a branch of USA.
According to him, Myanmar NOLS alumni and a current leader of Technical Climbing Club of Myanmar, TCCM, the tution fees are waived since TCCM is an official gateway partner. 
His idea is that the selected Myanmar students and his /her mother clubs and Universities Teacher Association UTA can cooperate for "other necessary things" whereas TCCM is helping to apply from their quota.
He also said that it should be considered for the young generation of Myanmar!
 I personally can give suggestions to any Myanmar enthusiasts. 
Please check  
For Himalaya.
http://www.nols.edu/courses/locations/india/himalaya.shtml
 
For Wilderness First Aid
http://www.nols.edu/courses/find/byskill/wildernessmedicine.shtml
Contact to 
linhtetaungblg@gmail.com,
 Win Ko 0973226070
 

Foreign Visitor Enquire to visit EYU

Hello, EYUers, our friend Oogii, a PhD student of Waseda University from Mongolia asked that he want to meet you soon.
His schedule is 5th to 8th Feb and 15th to 19th Feb.
Which day and time you guys are okay to meet him?
In addition, he also want to meet other members of Dagon Uni and Yangon Uni, is that possible for you guys to arrange such meetings, or something similar to interview for his Thesis, he asked.

သတင်းများပေးပို့နိုင်ပါသည်

ပညာရေးဆိုင်ရာသတင်းများ၊ဆောင်းပါးများ၊ကဗျာများ........
မိတ်ဆွေများပေးပို့လိုသောအခြားအကြောင်းအရာများ.........
                                                                    ကို
   sy.thant.bio@gmail.com, linhtetaungblg@gmail.com
                                                       
                                                   
                                                       သို့ပေးပို့ကြပါရန်
                               
                                                                                                                                       

Tuesday, January 15, 2013

Our Association Blog and facebook page are created

အသင်းဝင်ဆရာ၊ဆရာများခင်ဗျာ အသင်း၏ facebook page အသစ်နှင့် Blog page ကို ယနေ့တည်ထောင်လိုက်ပါသည်။
အောက်ပါ  link များတွင်ကြည့်ရှု့နိုင်ပါသည်။
http://uta-eyu.blogspot.com/
https://www.facebook.com/UTAEYU

Twitter Bird Gadget