Tuesday, September 24, 2013

၂၀၁၃ ဒုတိယနှစ်ဝက် Day တက္ကသိုလ်စာမေးပွဲ တွင် စနေနေ့စာမေးပွဲတာဝန်များမရှိတော့

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ၂၀၁၃ ဒုတိယနှစ်ဝက် တက္ကသိုလ်စာမေးပွဲတွင် ယခင်းစာမေးပွဲများတွင် တာဝန်ကျသောစနေနေ့စာမေးပွဲတာဝန်ကို ယခုစာမေးပွဲတွင်ထည်သွင်းရေးဆွဲခြင်း မရှိတော့သောကြောင့်  ဆရာ၊ဆရာမနှင့် ၀န်ထမ်းများအထူးဝမ်းမြောက်နေကြကြောင်း သတင်းရရှိပါသည်။ ဤကဲ့သို့အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် စနေ၊တနင်္ဂနွေကို တာဝန်ထမ်းဆောင်စေခြင်းမှ ပယ်ဖျက်လိုက်သောကြောင့် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲနှင့် ဆရာဆရာမအပါအ၀င်ဝန်ထမ်းထုအတွင်း စည်းလုံးချစ်ကြည်မှု ပိုမိုခိုင်မာလာစေပြီး မိမိတို့တက္ကသိုလ်၏ ကောင်းကျိုးများ ဆက်လက်ဖြစ်ထွန်းတိုးတက်လာစေနိုင်ပါသဖြင့် ၀မ်းမြောက်ဖွယ်သတင်းကောင်းတစ်ရပ်အဖြစ်ဖော်ပြလိုက်ရပါသည်။

အဆင့်မြင့်ပညာရေး မူဝါဒသဘောထားစစ်တမ်းများကို ပညာရေးစိတ်ပါဝင်စားသူများကပူးပေါင်းပါဝင်

မြန်မာနိုင်ငံအတွင်းရှိ အထက်မြန်မာပြည်၊အောက်မြန်မာပြည် တက္ကသိုလ်များမှ ဆရာဆရာမအသင်းများစုပေါင်း၍ အဆင့်မြင့်ပညာရေးမူဝါဒဆိုင်ရာ စစ်တမ်းတစ်စောင်ကို ယခုလ လဆန်းပိုင်းက စတင်ဖြန့်ဝေ သဘောထားတောင်းခံခဲ့ရာတွင် ပညာရေးကိုအထူးစိတ်ပါဝင်စားသော ဆရာဆရာမများသာမက မိဘပြည်သူများကလည်း ပူပေါင်းပါဝင်၍ တက်တက်ကြွကြွ သဘောထားမှတ်ချက်ပေးကြကြောင်း ကြားသိရပါသည်။ သဘောထားမှတ်ချက်များကို ၂၀၁၃ အောက်တိုဘာ ၁၅ ရက်နေ့နောက်ဆုံးထား၍ ပေးပို့ကြရန်နှင့် အွန်လိုင်းလိပ်စာမှတစ်ဆင့်လည်း ပေးပိုနိုင်ကြောင်းဖော်ပြထားသည်။ ဤသဘောထားစစ်တမ်းသည် အနာဂတ်ပညာရေးအတွက်ရည်စူး၍ တည်ဆောက်ထားခြင်းဖြစ်ပြီး အခြားမည်သည့်ရည်ရွယ်ချက်မျိုးမှမရှိကြောင်း နိုင်ငံသားမိဘပြည်သူများအနေဖြင့် မိမိတို့ဖြစ်စေချင်သည် ပညာရေးမျိုးသည် မည်သို့သောပညာရေးမျိုးဖြစ်ကြောင်းကို ဖော်ပြနိုင်ရန်သာရည်ရွယ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်၏ပညာရေးရေးစနစ်တစ်ခုကို ပီပီပြင်ပြင်ဖော်ဆောင်နိုင်ရေးအတွက် မိမိတို့ဆရာအသင်းများအနေဖြင့် နိုင်ငံ့အကျိုးအလို့ငှာဆောင်ရွက်ခြင်း သာဖြစ်ကြောင်း ဖော်ပြပါရှိသည်။ သဘောထားပေးပို့သူများအားလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်း အသင်းကိုယ်စားလှယ်များက ပြောကြားထားပါကြောင်းဖော်ပြလိုက်ပါသည်။

Thursday, September 19, 2013

အဆင့်မြင့်ပညာရေး မူဝါဒသဘောထားစစ်တမ်းကောက်ခံခြင်း

တရားဝင်လွတ်လပ်သော တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း မှ ဒီမိုကရေစီစနစ်လွတ်လပ်သော
“လေ့လာသူအခြေပြု (ပြည်သူအခြေပြု) အဆင့်မြင့်ပညာရေး မူဝါဒသဘောထား”
မြန်မာနိုင်ငံသားအားလုံး မည်သူမဆို မိမိတို့၏လွတ်လပ်သောသဘောထားဆန္ဒအတိုင်း ဖြေဆိုတင်ပြခွင့်ရှိသည်။
(A4 လေးမျက်နှာပါသော A3 စာရွတ်ပေါ်တွင် (များမကြာမီကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း နေရာအနှံ့သို့ ဖြန့်ချီပါမည်) လည်းကောင်း၊ ယခု Social network page (သို့) share ပြုလုပ်လိုက်ကြသော Social network page များရှိ အောက်ပါ Link ၌ အဆိုပါ file ကို http://www.mediafire.com/view/mf9o4hcz50ym9ek ; http://www.mediafire.com/?77ryhh3jfu025po
နှင့် http://www.4shared.com/office/JEA6ikdO/Servey_Question_fill_with_zawg.html တွင် download ရယူပြီး
ဖုန်း/ကွန်ပျူတာ ဖြင့်လည်း ဖြေဆိုနိုင်ပါသည်။ ဖုန်း/ကွန်ပျူတာတွင် adobe reader ရှိရပါမည်။
> Download this file
> Open with Adobe
> Click/Tag on the fields No. 1 to 6 to fill using Zawgyi-One or English fonts
> Click/Tag on the Check boxs you selected certainly
> Save and Close the file (ဖုန်းတွင်မူ ပိတ်လိုက်တာနဲ့ save ပြီးသားဖြစ်သွားသည်။ ပြန်ဖွင့်ပြီး ပြန်လည်စိစစ်ပါ)
> Send the file (as attached file) via your mail to e-mail of utamyanmar@gmail.com on the prescribed paper
Thanks a lot for your participation


ပေးပို့ရန် - uta.myanmar@gmail.com
                 utaeyumyanmar@gmail.com
                 thanhtite77@gmail.
                 tloney2006@gmail.com 
                 zawmyohlaing.75@gmail.com
                 drsaikhinemyotun@gmail.com 


Tuesday, September 3, 2013

အလယ်တန်းပြဆရာမ၊ ဒေါ်စိုစိုးခိုင်ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ရှင်းလင်းခြင်းအပေါ်သဘောထားထုတ်ပြန်ကြေညာချက်



တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၁၀) တွင်ဖေါ်ပြခဲ့သော အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ အလယ်တန်းပြဆရာမ၊ ဒေါ်စိုစိုးခိုင်ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ရှင်းလင်းခြင်းအပေါ်သဘောထားထုတ်ပြန်ကြေညာချက်
၁၃၇၅ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၀) ရက်နေ့ (စနေနေ့)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့

၁။   နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) မှ အလယ်တန်းပြဆရာမ ဒေါ်စိုစိုးခိုင် ရာထူးမှထုတ်ပယ်ခံရခြင်း ကိစ္စနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာမှတဆင့် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းခြင်းသည်  ဒီမိုကရေစီကျင့်စဉ်နှင့် လိုက်လျောညီထွေမှုမရှိသော ဆောင်ရွက်ချက်တစ်ခုအဖြစ် ယူဆပါသည်။ သို့ပါသော်လည်း အဆိုပါရှင်းလင်းချက်ကြောင့် အများ ပြည်သူအား အခြေအနေအမှန်အပေါ် အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေသည့်အပြင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် ဖြစ်စဉ်တစ်ရပ်လုံးအား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်စီစစ်သုံးသပ်ပြီး ပြေလည်အောင် ဖြေရှင်းပေးလိုသော သဘောထားများ ထင်ဟပ်မှုမရှိဟုယူဆသည့်အတွက် ကျွန်ုပ်တို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ အဆိုပါရှင်းလင်းချက်ကို ကန့်ကွက်လိုက်ပါသည်။  
၂။   အဆိုပါ ရှင်းလင်းချက်တွင် ဖော်ပြထားသော အကြောင်းအရာများသည် ဆရာမဒေါ်စိုးစိုးခိုင်အား ရာထူးမှထုတ်ပယ်သည်အထိ အရေးယူခဲ့သော ပညာရေးဝန်ကြီးဌာန၊ အမှတ်(၂) အခြေခံပညာဦးစီးဌာန၏ မူလတရားဝင်စွပ်စွဲချက်များဖြစ်သည့် (၁) ဒေါ်စိုစိုးခိုင် သည် ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိခွင့်မဲ့ပျက်ကွက်ခြင်း၊ (၂)  ဒေါ်စိုစိုးခိုင်သည် ကျောင်းအုပ်ကြီးထံမှ ကြိုတင်ခွင့်ပန်ကြား ခြင်း မရှိဘဲခရီးဝေး (ရန်ကုန်သို့) ထွက်ခွာခဲ့ခြင်း၊ (၃) ဒေါ်စိုစိုးခိုင်သည် နိုင်ငံရေးအဖွဲ့အစည်းနှင့် ပါဝင်ပတ်သက်ခြင်း (ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပပြုလုပ်ခဲ့သည့် ၈၈ ကျောင်းသားလှုပ်ရှားမှု ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းများနှင့်တွေ့ဆုံရှင်းလင်းတက်ရောက်ခဲ့ခြင်း) စသည့်စွပ်စွဲချက်များနှင့် တိုက်ဆိုင်ဖြေရှင်းထားခြင်းမရှိ သည်ကို တွေ့ရှိရပါသည်။  နိုင်ငံဝန်ထမ်းတစ်ဦးအား အရေးယူ အပြစ်ပေးရေးအတွက် လိုအပ်သော တရားဝင်စွဲချက်များအပေါ်တွင် ဥပဒေကြောင်းအရ လွှမ်းမိုးပိုင်ခွင့်မရှိသော အကြောင်းအရာများဖြစ်သည့် ၀န်ထမ်းတစ်ဦး၏လုပ်ငန်းခွင်အတွင်း သာမန် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံရေးများကိုသာ ရှင်းလင်းထားခြင်းသာ ဖြစ်ပါသည်။ သို့အတွက် ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်သည် ဖြစ်စဉ်တစ်ခုလုံးအတွက် ကျေနပ်လောက်သော ဥပဒေကြောင်းအရ ဖြေရှင်းချက်တစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်တို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ မယူဆပေ။ 
၃။   ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်တွင် တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ စုပေါင်း၍ ထုတ်ပြန်ခဲ့သော ကြေညာချက်အတိုင်း ကျွန်ုပ်တို့အနေဖြင့် စည်ကမ်းဥပဒေပျက်ကွက်ခဲ့သော နိုင်ငံဝန်ထမ်းတစ်ဦးအား ပုဂ္ဂိုလ်ရေးဆန်ဆန် ကာကွယ်လိုသော ရည်ရွယ်ချက်အလျဉ်းမရှိဘဲ ပြစ်မှုနှင့်ပြစ်ဒဏ်ကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စေရန်သာ ရည်ရွယ်ကြောင်း ထပ်မံအသိပေးပါသည်။ ၂၀၁၃ခုနှစ် သြဂုတ်လ ၃၀ရက် ပါ ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်သည်   နိုင်ငံဝန်ထမ်းဥပဒေပါ ပုဒ်မများ၊ ဝန်ထမ်းကျင့်ဝတ်ပါ အချက်များကို အခြေခံကာ ရှင်းလင်းထားခြင်းမရှိဘဲ ဖြစ်စဉ်အပေါ်အခြေခံကာ အကွက်ချ ရှင်းလင်း အမှုဆင်ထားခြင်းမျှသာဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါသည်။
၎။   ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်များသည် 
(က)   နဂိုမူလ စွဲချက်တင်ထားသော အချက်(၃) ချက်ကို မှေးမှိန်စေကာ နောက်ကြောင်းပြန် အမှုဆင်၍ ရှင်းလင်းထားခြင်း၊
(ခ)     ၂၀၁၃ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီး နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော နိုင်ငံ့ ဝန်ထမ်း ဥပဒေ အခန်း (၄) အပိုဒ် ၁၁ (ဍ) ပါ နိုင်ငံ့ဝန်ထမ်း၏ ခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့် စသော အချက်များကို စွပ်စွဲခံရသူ ဆရာမ ဒေါ်စိုးစိုးခိုင်အား လုံလောက်စွာ လုပ်ဆောင် နိုင်ခွင့်ကို လစ်လျှူရှု၍ လိုရာကိုဆွဲယူထားပြီး တစ်ဘက်သတ်ရှင်းလင်းထားခြင်း၊
(ဂ)     တရားဝင်ဆေးကုသခွင့်လက်မှတ်ရ ဆရာဝန်တစ်ဦး၏ ဂုဏ်သိက္ခာတရားကို ထိပါးပြောဆိုထားခြင်း၊
(ဃ) ၂၀၁၃ခုနှစ် သြဂုတ်လ ၃၀ ရက် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ ရှင်းလင်းချက်များသည် စွပ်စွဲခံရသူကို မူလ ထုတ်ပြန်ထားခဲ့သော  ထုတ်ပြန်စာများပါ ရက်စွဲ၊ ဆုံးဖြတ်ချက်၊ ဖြစ်စဉ်များနှင့် ကွဲလွဲမှုများ ရှိနေခြင်း။
(င)     စွပ်စွဲခံရသူ၏ု ဝန်ထမ်းဘဝကို နာလန်မထူ အညွန့်တုံးစေမည့် အချက်များဖြင့် ဆုံးဖြတ် ရှင်းလင်းထားသည့်အတွက် နိုင်ငံ့ ဝန်ထမ်းဥပဒေ အပိုဒ် ၅၄ ပါ ဝန်ထမ်းအား ပြစ်ဒဏ်ချမှတ်သည့် အခါ (က) ပညာပေး ပြုပြင်ရေးနှင့် စည်ကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက်ထားရမည် ဟူသောအချက်နှင့် (ခ) ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေ ဖြစ်ရမည် ဟူသော အချက်တို့နှင့် သွေဖီနေခြင်း။
(စ)     စွပ်စွဲခံရသူသည် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက်ရှိခဲ့သည်ဟု ဖော်ပြပါရှိသော်လည်း မူလစွဲချက်တင်ရာတွင် ဤအချက်ကို ထည့်သွင်းထားခြင်း မရှိသကဲ့သို့ ထို ၄၃ ရက်ကာလ ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်းကို နိုင်ငံ့ ဝန်ထမ်းဥပဒေ အခန်း ၁၁ အပိုဒ် ၅၃ (က) ပါ စာဖြင့် သတိပေးခြင်း ဟူသော အချက်ကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးမှ လုပ်ဆောင်ရန် ပျက်ကွက်သည်ကို ဖော်ပြထားမှု မရှိခြင်း။
၅။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ အရေးယူအပြစ်ပေးမှုသည် ပြစ်မှုနှင့်ပြစ်ဒဏ် မျှတမှုလုံးဝမရှိဘဲ လုပ်ပိုင်ခွင့် အာဏာကို လွန်ကဲစွာ အသုံးပြုခဲ့သည့်အပြင် ဒီမိုကရေစီဖော်ဆောင်ရေး၏ အခြေခံဖြစ်သော တရားမျှတမှု၊ သာတူညီမျှမှုစသည့် အချက်များကို အခြေခံဆုံးဖြတ်ထားခြင်းမရှိသောကြာင့် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ပါကြောင်း ထပ်မံအသိပေး အကြောင်း ကြားပါသည်။
၆။   မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် လုပ်သက်အားဖြင့် (၁၈) နှစ်ရှိပြီဖြစ်သော သင်ကြားရေးအတွေ့အကြုံပြည့်ဝ သော ဆရာမတစ်ဦးအား လွန်ကဲစွာအရေးယူအပြစ်ပေးခြင်းကြောင့် အချီးနှီးဆုံးရှုံးရခြင်းသည် ကာယကံရှင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ နစ်နာဆုံးရှုံးမှု သက်သက်ဟုမမှတ်ယူဘဲ ဒီမိုကရေနိုင်ငံတည်ဆောက်ရေးအတွက် ကြီးမားသောအဟန့်အတားဖြစ်စေသည်ဟု ယူဆပါသည်။ ထို့အပြင် နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သည့် လူစွမ်းအားမျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအတွက် သော်လည်းကောင်း၊ ပညာရေးအသိုင်းအ၀ိုင်း တစ်ခုလုံးအတွက်သော်လည်းကောင်း၊ နိုင်ငံတော်တစ်ခုလုံးအတွက်                သော်လည်းကောင်းကြီးမားသော ဆုံးရှုံးမှုကိုဖြစ်စေသည့် လုပ်ဆောင်မှုဟု အလေးအနက်ယူဆပါသောကြောင့် ပညာရေး ၀န်ကြီးဌာနအနေဖြင့် ဖြစ်စဉ်တစ်ခုလုံးအား စိတ်စေတနာအရင်းခံဖြင့် လက်တွေ့ကျကျချဉ်းကပ်ဖြေရှင်းပေးပါရန် တောင်းဆို လိုက်ပါသည်။
၇။   မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် ဖြစ်စဉ်တစ်ရပ်လုံးအားပြေလည်စေရန်ရည်ရွယ်၍ဥပဒေနှင့်အညီလိုအပ်သည့် နည်းလမ်းပေါင်းစုံအသုံးပြုသွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်ပါက ၀န်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း အသိပေးအကြောင်းကြား ထုတ်ပြန်လိုက်ပါသည်။
Twitter Bird Gadget