ဘုရင့်နောင်သိလျှင် ထောင်းလိမ့်မည်
၂၉-၁-၂၀၁၃ ရက်နေ့ မွန်းလွဲ (၁း၃၀)နာရီတွင်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ထိုင်းနိုင်ငံ Chulalongkpm University , The
Petroleum and Petrochemical College မှ Deputy Dean Asst. Prof. Dr. Manit
Nithitanakul နှင့် အဖွဲ့ လာရောက်တွေ့ဆုံ၍ Chulalongkpm University , The
Petroleum and Petrochemical College တို့၏ အာဆီယံ နိုင်ငံများအတွက် စီစဉ် ဆောင်ရွက်ပေးနေသော
ပညာသင်ဆုများအကြောင်း ရှင်းလင်း ပြောကြားပါသည်။
တစ်ခါကရှေးကမြန်မာတက္ကသိုလ် မြန်မာပညာရေးဟူသည်အရှေ့တောင်အာရှ၊ ထိုမှတက်၍ အာရှ၊ ထိုထက်ပို၍ ကမ္ဘာ့အလယ်တွင် ထွန်းတောက်ခဲ့ပါသည်။ ယခင်က
မြန်မာတို့ ဂရုဏာသက်ခဲ့ရသော ငုံ့ကြည့်ခဲ့သော ပတ်ဝန်းကျင် နိုင်ငံတို့သည် အပြိုင်းအရိုင်း
ဖွံ့ဖြိုးတိုးတက်သွားလေပြီ။မြန်မာတို့မှာရပ်ကျန်ခဲ့ပါသည်။အိမ်နီးချင်းနိုင်ငံတို့၏ပညာရထားများအစီအရီထွက်ခွာသွားချိန် မြန်မာပညာရထား လောင်စာမရှိ၍ ရပ်ကျန်နေခဲ့ရပါသည်။ ယခုမူ ငုံ့ကြည့်ခဲ့ရသော နိုင်ငံများက
ပညာရည်မြင့်မားရေးအတွက် အကူအညီများ လာပေးနေပါပြီ။ ထိုအကူအညီများ လက်ခံယူခဲ့လျှင် မည်သို့ရှိမည်နည်း။
ဦးနှောက်နည်းသူ အချို့က မရှက်နိုင် မထိန်းနိုင် သွားရည်ယိုမတတ်။ ယိုးဒယားတို့ဆီက လက်ဖြန့်တောင်းနေရသည်ဟု
ဘုရင့်နောင်များသိခဲ့လျှင် ဒေါသနှင့် ထထောင်းလိမ့်မည် ထင်ပါသည်။ အလောင်းမင်းတရားများသိလျှင်
ဝါးရင်းတုတ်ဖြင့် ထရိုက်မည် ထင်ပါသည်။ အထောင်း အရိုက် မခံရလေအောင် ရှက်တတ်ကြဦး ထိန်းကြပါဦး
မြန်မာတို့။
Petroleum and Petrochemical အတွက် ကွက်ပြီး
ကူညီချင်ပါသည် ဆိုလာခြင်းကလည်း ဆင်ခြင်ဖို့တော့လိုပါပြီ။ နိမ့်ပါးချိန် နွမ်းပါးချိန်
လိုအပ်ချိန်များတွင် အကူအညီလိုသော်လည်း ပေးတိုင်းယူ ကျွေးတိုင်းစားလိုက်လျှင် ပြောတိုင်းခေါင်းညိတ်၊
ခိုင်းတိုင်း လုပ်နေရမယ်နော............ သတိ သတိ ပညာရှိရို့......
No comments:
Post a Comment