ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊
မန္တလေးတက္ကသိုလ်၊ မန
္တလေးအဝေးသင်တက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်
သဘောထားကြေငြာချက်အမှတ်
(၁/၂၀၁၂)
၁၃၇၄ ခုနှစ်၊ နတ်တော်လဆုတ် (၃) ရက်နေ့
၂၀၁၂ ခုနှစ်၊ ဒီဇင်္ဘာလ (၃၁) ရက်နေ့၊ (တနင်္လာနေ့)
၁။ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှ ၂၀၁၂ ခုနှစ်၊
ဒီဇင်္ဘာလ (၂၆) ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ခန်းမ ဆောင်၌ “အစိုးရဌာန အဖွဲ့အစည်းများ၏စီမံအုပ်ချုပ်မှုစနစ်
တိုးတက်ကောင်းမွန်အောင်ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်အား နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်
ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတတိယအဆင့်လုပ် ငန်းအဖြစ်သတ်မှတ်အကောင်အထည်ဖေါ် ရေး”
နှင့်စပ်လျဉ်း၍မိန့်ကြားသွားသောမိန့်ခွန်းအား တက္ကသိုလ်ဆရာ/ဆရာမ အသင်းများမှ လှိုက်လှိုက်လှဲလှဲကြိုဆိုထောက်ခံပါသည်။
၂။ နိုင်ငံတော်သမ္မတကြီးဦးဆောင်သောအစိုးရအဖွဲ့မှ
နိုင်ငံတော်၏တာဝန်များကိုလွှဲပြောင်းလက်ခံရယူပြီးသည်နှင့်တစ်ပြိုင်နက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုပထမအဆင့်အဖြစ်ဦးစာပေးဆောင်ရွက်ခဲ့ပြီး၊
ဒုတိယနှစ်တွင် ပြည်သူ့ဗဟိုပြုလူမှု စီးပွားရေးပြုပြင်ပြောင်း လဲမှုကို ဒုတိယအဆင့်ဖြင့်သတ်မှတ်အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ ပါသည်။
သို့ပါသော်လည်း၊ ၀န်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊
အပေါ်မှဆောင် ရွက်နေသောပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အဆင့်မြင့်တာဝန် များကိုရယူထားကြသော
အရာရှိကြီးများ ကိုယ်တိုင်လက်ခံ လိုက်နာမှုအားနည်း(မရှိ)ခြင်း၊ ခေတ်ဟောင်း၊ စနစ်ဟောင်းမှ
အတွေး အခေါ်အယူအဆများကိုမစွန့်လွှတ်နိုင်သေးခြင်း၊ လာဘ်ပေး၊ လာဘ်ယူနှင့် အဂတိလိုက်စားမှုများဆက်လက်ဖြစ်ပေါ်နေခြင်း၊
ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းခြင်း စသည့်အခြေအနေအရပ်ရပ်များကြောင့်
နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များသက်ရောက်မှုများ ကို ပြည်သူများအနေဖြင့်
ယနေ့အချိန်ထိခံစားခွင့်များ အလှမ်းဝေးနေဆဲဖြစ်ပါသည်။ ဖေါ်ပြပါအခြေအနေအရပ်ရပ်သည် တက္ကသိုလ်ပညာရေးဝန်းကျင်အပါအ၀င်အခြားသောဌာနဆိုင်ရာများနှင့်
နယ်ပယ်အသီးသီးတွင် လက်ရှိဖြစ်ပေါ်နေလျက်ရှိသော ပကတိအခြေအနေအမှန်များဖြစ်ပေသည်။
၃။ နိုင်ငံတော်သမ္မတကြီး၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာကြိုးပမ်းအားထုတ်မှုများကြောင့်
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ မိသားစုအလယ်တွင်ပြန်လည်ဂုဏ်မြင့်ပြီး ၀င်ဆံ့လာနေပါသော်လည်း
နိုင်ငံ၏အဂတိလိုက်စားမှုအခြေအနေသည် ကမ္ဘာတွင်တတိယ အဆင့်တွင်ရပ်တည်နေကြောင်းမီဒီယာစာမျက်နှာများမှတဆင့်သိရှိနေရခြင်း၊
သမ္မတကြီးမိန့်ကြားသကဲ့ သို့ နိုင်ငံတကာမှ မြန်မာနိုင်ငံ တွင် ကောင်မွန်သောအုပ်ချုပ်မှုရှိ/မရှိ
တိုင်းတာသောစံနှုန်းများအရ အားနည်းမှုများ များစွာရှိနေခြင်း သည် နိုင်ငံနှင့်လူမျိုး၏ပုံရိပ်နှင့်
ဂုဏ်သိက္ခာကိုထိခိုက်စေပြီး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များကိုလည်း ကြီးမားသော အဟန့်အတားများဖြစ်နေသည်ဟု
ယုံကြည်ပါသည်။
၎။ နိုင်ငံတော်သမ္မတကြီး၏မိန့်ခွန်းသည် တက္ကသိုလ်ဆရာ/ဆရာမများအပါအ၀င်
နိုင်ငံတစ်ဝန်းရှိပြည်သူများ၏ မျှော်လင့်ချက် များကိုရှင်သန်စေပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံသမ္မတကြီး၏မိန့်ခွန်းအား
တက္ကသိုလ်ဆရာ/ဆရာမများမှ အမြော်အမြင် ရှိသော၊ နိုင်ငံတော် အတွက်မဟာဗျူဟာကျလှသောမိန့်ခွန်းတစ်ရပ်အဖြစ်ရှုမြင်ပြီး
လှိုက်လှိုက်လှဲလှဲကြိုဆိုထောက်ခံ ပါသည်။ ထို့ပြင်၊ နိုင်ငံတော်သမ္မတ ကြီး၏ မျှော်မှန်းချက်ဖြစ်သော
ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance) နှင့် သန့်ရှင်းသောအစိုးရ
(Clean Government) တစ်ရပ် ပီပီပြင်ပြင်ပေါ်ထွန်းလာရေးအတွက်
ကျွန်ုပ်တို့တက္ကသိုလ် ဆရာ/ဆရာမအသင်းများသည် မိမိတို့ကျရာအခန်းကဏ္ဍမှ တက်ကြွစွာအကောင်အထည်ဖေါ်
ပူးပေါင်းဆောင်ရွက်သွားကြပါမည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောပြီးပြီးချင်း သတင်းစာကနေထည့်ပေးဖို့ သတင်းစာတိုက်တွေကိုပို့ပေးခဲ့ပါတယ်။ မထည့်ပေးတဲ့အတွက် အခုတင်လိုက်ရတာပါ။ အခုချိန်အထိ အကျင့်ဆိုးတွေမပြောက်သေးပါဘူး။ မြန်မာပြည်တိုးတက်ဖို့ အချိန်အ များကြီးယူရအုံးမှာပါ။
No comments:
Post a Comment