နေရာလပ်မရှိတဲ့ကမ္ဘာ(အေးသဏ်းမင်း )
အေးသဏ်းမင်း
နေရာလပ်မရှိတဲ့ကမ္ဘာ
·
ကျွန်တော်ကို
နေရာတစ်နေရာပေးပါ…..
ခြေဖမိုးပေါ်မှာ
ခြေရာတွေအထပ်ထပ်နဲ့
လှုပ်ရွေ့ခွင့်ပင်မရခဲ့လို့၊
·
ကျွန်တော်ကို
နေရာတစ်နေရာပေးပါ…..
ရှေ့တူရှုမှာ
လေတိုးခွင့်မရလောက်အောင်
လက်ချင်းယှက်ကာဆီးထားလို့၊
·
ကျွန်တော်ကို
နေရာတစ်နေရာပေးပါ…..
သေလွန်သွားသည့်တိုင်အောင်
ဂုဏ်ပုဒ်တွေ တသီတတန်းကြီးနဲ့
ဆန့်ဆန့်ကြီး ပိတ်ကာထားလို့၊
·
ကျွန်တော်ကို
နေရာတစ်နေရာပေးပါ…..
ချိတ်ပိတ်ခံထားရတဲ့
နှစ်ချို့စကားလုံးခါးတွေကြောင့်
ရင်ဘတ်ကြီး ယောင်ကိုင်းနေလို့။
·
ကျွန်တော်ကို
………………………………………..
2001
Sep 17
No comments:
Post a Comment