Tuesday, February 19, 2013

အခြေခံအလုပ်သမားအဖွဲ့အစည်းများ ၊ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ဥပဒေပညာရှင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ



အခြေခံအလုပ်သမားအဖွဲ့အစည်းများ ၊ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ဥပဒေပညာရှင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ

ကျင်းပသည့်နေ့ရက်။ ။ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်။
ကျင်းပသည့်အချိန်။    ။ နေ့လည် ၁၃း၀၀ နာရီမှ ၁၆း၀၀နာရီထိ။
ကျင်းပသည့်နေရာ။    ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)။

ပါဝင်တက်ရောက်သူများ
၁။ MPC မှ ကိုယ်စားလှယ်များ
၂။ FTUB မှ ကိုယ်စားလှယ်များ
၃။ အခြေခံအလုပ်သမားအဖွဲ့အစည်းများ  (ရန်ကုန်တိုင်းဒေသကြီး)
၎။ အခြေခံအလုပ်သမားအဖွဲ့အစည်းများ (မန္တလေးတိုင်းဒေသကြီး)
၅။ အခြေခံအလုပ်သမားအဖွဲ့အစည်းများ (ဧရာဝတီတိုင်းဒေသကြီး)
၆။ အခြေခံအလုပ်သမားအဖွဲ့အစည်းများ (ပဲခူးတိုင်းဒေသကြီး)
၇။ တောင်သူလယ်သမားအသင်း မှ ကိုယ်စားလှယ်များ
၈။ အလုပ်သမား/လယ်သမားအရေးအရေးဆောင်ရွက်သူများ
၉။ဥပဒေပညာရှင်များ
၁၀။ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) မှ ကိုယ်စားလှယ်များ

စုစုပေါင်း (၁၅၆) ယောက် တက်ရောက်ပါသည်။

သတင်းမီဒီယာများတက်ရောက်ပါသည်။

၁။ ဒေါက်တာ မင်းဇော်ဦး (မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန)
          ယခုအစည်းအဝေးအတွက် MPC ၏ အခန်းကဏ္ဍသည် ငြိမ်းချမ်းရေးအတွက် facilitating ငြိမ်းချမ်း ရေးအတွက် အကျိုးဆောင်ပေးခြင်းဖြစ်ပါသည်။ ငြိမ်းချမ်းရေးကိစ္စတွေမှာပဲ အဓိက ဆောင်ရွက်တာ ဖြစ်ပေ မယ့် လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စများတွင်လည်း အောက်ခြေလူထု၏ စိုးရိမ်ချက် (concerns) ၊ သူတို့ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို အပေါ်ပိုင်းက မူဝါဒချမှတ်သူတွေ အနေနဲ့ နားလည် နိုင်အောင် မူဝါဒချမှတ်သူတွေ နဲ့ အောက်ခြေမှာ ရှိနေတဲ့သူတွေ၊ အသင်းအဖွဲ့တွေကြားမှာ ပေါင်းကူး ဆောင်ရွက် ပေးခြင်း ဖြစ်ပါသည်။

          ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၀၃) ရက်နေ့က လယ်သမားအဖွဲ့အစည်းများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီနေရာမှာပဲ လုပ်ခဲ့ပါတယ်။ ဒီနေ့ကတော့ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး တော့ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးချက်တွေကို နားထောင်ပြီးတော့ သူတို့လုပ်ထားတဲ့ assessment တွေကို ၊ အချက်အလက်တွေကို ကောက်ယူပြီး အပြန်အလှန် ဆွေးနွေးပြီးတော့မှ မူဝါဒ ချမှတ် သူတွေကို ကျွန်တော်တို့ တင်ပြပေးပါမယ်။

          ပွင့်ပွင်းလင်းလင်းနဲ့ ဆွေးနွေးနိုင်ပါတယ်။ ကိုအောင်နိုင်ဦးအနေနဲ့ ဒီအစည်းအဝေးမှာ moderator အနေနဲ့ ဆောင်ရွက်ပေးသွားပါမယ်။

ကိုအောင်နိုင်ဦး (မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန)
          အားလုံးမင်္ဂလာပါ။ ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်တော်မရှိပါဘူး။ ခရီးသွားနေပါတယ်။ MPC မှာ ဆရာမ Rebecca နှင့်အတူ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေကို ၀ိုင်းလုပ်ပေးရပါတယ်။ ကိုမင်းဇော်ဦး ပြောသလိုပဲ ခင်ဗျားတို့ ဆွေးနွေးတဲ့အကြောင်းအရာတွေကို သက်ဆိုင်ရာတွေကို ပြန်ပြီးတော့မှ တင်ပြ ပေးပါမယ်။ ဒီနေ့ လာတာ အဖွဲ့အစည်းတော်တော်စုံတယ်လို့ ပြောလို့ရပါတယ်။ ပေါင်ကူးတံတား မှ ကိုကျော်သူတို့အဖွဲ့လည်း အစည်းအဝေးတက်မယ်လို့ ပြောထားပါတယ်။ ဒီနေ့ မဆွေးနွေးခင်မှာ  ကိုမောင်မောင် (FTUB Gen Sec) ကို စကားပြောစေချင်ပါတယ်။ ဆွေးနွေးမယ့်အကြောင်းအရာတွေကို လမ်းတည့်အောင် ကိုမောင်မောင်မှ ဦးဆောင် ဆွေးနွေးပေးစေချင်ပါတယ်။ ကျွန်တော်တို့ကတော့ ဆွေးနွေး မယ့် အကြောင်းအရာတွေကို သိပ်မသိပါဘူး။

ဦးမောင်မောင် (FTUB Gen Sec)
          ဟုတ်ကဲ့ပါ။ ပြီးခဲ့တဲ့ လယ်သမားအစည်းအဝေးတုန်းကလည်း ကျွန်တော်ရှိပါတယ်။ Feb 03 တုန်းကပါ။ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အသင်းအဖွဲ့များနှင့် MPC က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပွဲ ပြုလုပ်ပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာကတော့ နိုင်ငံတော်သမ္မတကြီးနှင့် တွေ့တဲ့အခါ လုပ်ငန်းကဏ္ဍတူက လာတဲ့သူတွေဖြစ်လို့ ပြောမယ့်အကြောင်းအရာတွေက မထပ်ရအောင်၊ မတူညီ တဲ့ အကြောင်းအရာတွေကို ထိထိရောက်ရောက်ဆွေးနွေးနိုင်အောင်အတွက် အကြိုလုပ်ငန်းညှိနှိုင်း ဆွေးနွေး ခြင်းပဲဖြစ်ပါတယ်။ ဖိတ်ကြားတဲ့ အလုပ်သမားအဖွဲ့အစည်းများ၊ မှတ်ပုံတင်ကျထားပြီးသား အဖွဲ့အစည်းများ အကြမ်းဖျင်းအားဖြင့် (၄၀) ခန့်ရှိပါမယ်။ ရှိထားပြီးသား အလုပ်သမားဥပဒေများဖြစ်တဲ့ အလုပ်သမား အဖွဲ့အစည်းနည်းဥပဒေ/နည်းဥပဒေ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ/နည်းဥပဒေ များ ပြင်ဆင်ဖြည့်စွက်ခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ အနီးစပ်ဆုံး ခေါင်းစဉ် ၂ ခုတွေ့ထားတယ်။ legal issues, amendments, enforcement အားနည်းနေတဲ့အတွက် အလုပ်သမား သမဂ္ဂများဖွဲ့စည်းမှု အားနည်းနေတယ်။ လုပ်ငန်းခွင်ဆိုင်ရာကိစ္စများအပါအ၀င် ခေါင်းစဉ် (၂) ခုကို ရှာတွေ့ ထားပါတယ်။

ဒေါက်တာ Rebecca Htin (မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန)
          ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ တာဝန်ယူပါသည်။

မိတ်ဆက်ခြင်းအစီအစဉ်
၁။ ဦးအောင်လင်း - မြန်မာ့ဟေမာန်ရုပ်ပြပန်းချီအခြေခံအလုပ်သမားအဖွဲ့အစည်း(ဥက္ကဌ)
၂။ဦးတင်ထွန်း - MICO ရုပ်ပြပန်းချီအခြေခံအလုပ်သမားအဖွဲ့အစည်း (ဥက္ကဋ္ဌ)
၃။ဦးဝင်းထွန်းညွှန့်
အမှတ်(၂) ပုလိပ်အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း (အတွင်းရေးမှူး)
၎။ ဒေါ်ခင်မမဦး - စက္ကူစက်ရုံခွဲ (ပလိပ်) အခြေခံအလုပ်သမားအဖွဲ့အစည်း  (အတွင်းရေးမှူး)
၅။ ဦးမောင်မောင် - မြန်မာနိုင်ငံလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) အထွေထွေအတွင်းရေးမှူး
၆။ ဦးအောင်ကျော်စိုး- ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဆရာ/ဆရာမများအသင်း (ဥက္ကဋ္ဌ)
၇။ ဒေါက်တာစိုင်းခိုင်မျိုးထွန်း - ရန်ကုန်တက္ကသိုလ်ဆရာ/ဆရာမများအသင်း (အတွင်းရေးမှူး)
၈။ ဒေါက်တာသန်းလွင်ဦး- (ရန်ကုန်အရှေပိုင်း တက္ကသိုလ် ဆရာ/ဆရာမများအသင်း) အတွင်းရေးမှူး
၉။ ဦးဇော်မျိုးလှိုင် -(ဒဂုံတက္ကသိုလ် ဆရာ/ဆရာမများအသင်း )အတွင်းရေးမှူး
၁၀။ဦးသန်းထိုက်အောင်- (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ/ဆရာမများအသင်း) ဥက္ကဋ္ဌ
၁၁။ ဦးအာကာမိုးသူ - ဒဂုံတက္ကသိုလ် ဆရာ/ဆရာမများအသင်း အဖွဲ့ဝင်
၁၂။ ဦးအောင်ဒင် - ဆောက်လုပ်ရေးအခြေခံအလုပ်သမားအဖွဲ့အစည်း (အုတ်တွင်း)
၁၃။ ဦးတင့်ဝေ - ဆောက်လုပ်ရေးအခြေခံအလုပ်သမားအဖွဲ့အစည်း (တောင်ငူ)
၁၄။ ဦးဌေးလင်း - မြန်မာ့မီးရထား (မြစ်ငယ်)
၁၅။ ဦးရဲမင်းကျော်- မြန်မာ့မီးရထား (အင်းစိန်)
၁၆။ ဦးမိုးသူ- မြန်မာ့မီးရထား (ရွာထောင်)
၁၇။ ဦးကျော်မင်းထွန် - မြန်မာ့မီးရထား (အင်းစိန်)
၁၈။ ဦးဝင်းနိုင် - အထက်မြန်မာပြည် လယ်သမားအရေး၊ အလုပ်သမားရေး ဆောင်ရွက်သူ၊ FNI အဖွဲ့ဝင်
၁၉။ကိုကျော်ကျော်စိုး-
မန္တလေး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အလုပ်သမားအရေး၊ လယ်သမားအရေးဆောင်ရွက်သူ
၂၀။ ကိုဇော်စိုင်းမင်း (MWDC အရက်ချက်စက်ရုံ)
၂၁။ ဒေါ်နှင့်လဲ့လဲ့ခိုင်  (Purple Equity Law Firm)
၂၂။ ဦးဖိုးဖြူ ခေါ် ဦးရန်နိုင်အောင် (Purple Equity Law Firm)
၂၃။ ဒေါ်မေသူစိုး  (Purple Equity Law Firm)
၂၄။ ဒေါ်အိန္ဒြာကြည်တင် (Purple Equity Law Firm)
၂၅။ ကိုနောင်နောင်လှိုင်မိုးညို (FTUB ဥပဒေအကြံပေး)
၂၆။ မ၀င်းဝင်းခိုင် (Midas အထည်ချုပ်စက်ရုံ လှိုင်သာယာစက်မှုဇုန် - ဥက္ကဋ္ဌ)
၂၇။ ကိုမျိုးကိုကို (East Growth အထည်ချုပ်စက်ရုံ လှိုင်သာယာစက်မှုဇုန် - ဥက္ကဋ္ဌ)
၂၈။ ဒေါ်ချောစုလှိုင် (တော်ဝင်မြန်မာဇာပန်းထိုးစက်ရုံ လှိုင်သာယာစက်မှုဇုန် - ဥက္ကဋ္ဌ)
၂၉။ ကိုပြည့်ဖြိုးအောင်
(East Growth အထည်ချုပ်စက်ရုံ လှိုင်သာယာစက်မှုဇုန် - အလုပ်အမှုဆောင်အဖွဲ့ဝင်)
၃၀။ မဆန်းဆန်းယဉ် (တော်ဝင်မြန်မာဇာပန်းထိုးစက်ရုံ လှိုင်သာယာစက်မှုဇုန်- အလုပ်အမှုဆောင်)
၃၁။ ဒေါ်မြမြစိုး (The Myth Apparel အထည်ချုပ်စက်ရုံ လှိုင်သာယာစက်မှုဇုန်- ဘဏ္ဍာရေးမှူး)
၃၂။ မသိမ့်မြတ်ချယ် - (Hi-Mo ဆံပင်တုစက်ရုံ လှိုင်သာယာစက်မှုဇုန်- အလုပ်အမှုဆောင်)
၃၃။ မအိမြက်သူ - (နယူးဝေးဖိနပ်စက်ရုံ လှိုင်သာယာစက်မှုဇုန်- ဘဏ္ဍာရေးမှူး)
၃၄။ မခိုင်ခိုင်နွယ် - (တိုင်ရီဖိနပ်စက်ရုံ - လှိုင်သာယာစက်မှုဇုန်- အတွင်းရေးမှူး)
၃၅။ ကိုသိန်းကျော်ဦး- (နယူးဝေးဖိနပ်စက်ရုံ လှိုင်သာယာစက်မှုဇုန်- ဘဏ္ဍာရေးမှူး)
၃၆။ ကိုမျိုးမင်းသိန်း- (ချိန်ဝေဒါးမို ဖိနပ်စက်ရုံ ရွှေလင်ဗန်းစက်မှုဇုန်- ဘဏ္ဍာရေးမှူး)
၃၇။ ကိုမျိုးမြင့် (ရွှေမိပလက်စတစ်စက်ရုံ- လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ)
၃၈။ မလဲ့လဲ့စိုး (ဆာကူရာအထည်ချုပ်စက်ရုံ- လှိုင်သာယာစက်မှုဇုန် အတွင်းရေးမှူး)
၃၉။ ဒေါ်တင်မိုးခိုင် (ဆာကူရာအထည်ချုပ်စက်ရုံ- လှိုင်သာယာစက်မှုဇုန် အတွင်းရေးမှူး )
၄၀။ ဒေါ်မြတ်ချယ် (So Go မီးခလုတ်စက်ရုံ ဒဂုံဆိပ်ကမ်း အလုပ်အမှုဆောင်)
၄၁။ မစုခိုင်ဖြိုး  (So Go မီးခလုတ်စက်ရုံ ဒဂုံဆိပ်ကမ်း အလုပ်အမှုဆောင်)
၄၂။ ဒေါ်စုမာ (ပွင့်လင်းလူ့အဖွဲ့အစည်း တောင်ဒဂုံ)
၄၃။ ကိုသက်နေအောင် - (မြန်မာ့မဏ္ဍိုင်ပလပ်စတစ်စက်ရုံ တောင်ဒဂုံ အလုပ်မှုဆောင်)
၄၄။ ကိုရဲကျော်သူ - (စက်မှုဇုန်အလုပ်သမားများသမဂ္ဂ ဥက္ကဋ္ဌ)
၄၅။ ဦးဝင်းဇော် - Japan Carton Box မှော်ဘီမြို့နယ်/မှော်ဘီမြို့နယ် လူသုံးကုန် အဖွဲ့အစည်း ဥက္ကဋ္ဌ
၄၆။ ကိုရဲဝင့်ထွန်း - Japan Carton Box မှော်ဘီမြို့နယ် အတွင်းရေးမှူး
၄၇။ ကိုနေမင်းစိုး
(မှော်ဘီ မနီခွဲဆိပ်ခန်းသုံး ဆေးထိုးအပ် အခြေခံအလုပ်သမားအဖွဲ့အစည်း-၁ အတွင်းရေးမှူး)
၄၈။ ကျော်မင်းထွန်း
(မှော်ဘီ မနီခွဲဆိပ်ခန်းသုံး ဆေးထိုးအပ် အခြေခံအလုပ်သမားအဖွဲ့အစည်း-၂ ဥက္ကဋ္ဌ)
၄၉။ ကိုအောင်ဆန်းဝင်း - မှော်ဘီမြို့နယ် MGS အချိုရည်စက်ရုံ ဥက္ကဋ္ဌ
၅၀။ ကိုမျိုးဇော်ဦး - Natural Clay အုပ်ကြွပ်မိုးစက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ
၅၁။ မ၀ါဝါလင်း (ရွှေ့ပြောင်းအလုပ်သမား Jordan)
၅၂။ မအေးအေးစိုး (ရွှေ့ပြောင်းအလုပ်သမား Jordan)
၅၃။ မဒ်ါခိုင်မြသွယ် (စံပယ်ပွင့်အထည်ချုပ်စက်ရုံ  လှိုင်သာယစက်မှုဇုန် အလုပ်အမှုဆောင်)
၅၄။ မသက်မာအေး (စံပယ်ပွင့်အထည်ချုပ်စက်ရုံ လှိုင်သာယာစက်မှုဇုန် အလုပ်အမှုဆောင်)
၅၅။ မခင်သီတာဝင်း (မြန်မာပုလဲအထည်ချုပ်စက်ရုံ လှိုင်သာယာစက်မှုဇုန် အတွင်းရေးမှူး)
၅၆။ ကိုပြည့်ဖြိုး (ဆန်းသစ်ထွန်းပလက်စတစ်စက်ရုံ လှိုင်သာယာစက်မှုဇုန် အတွင်းရေးမှူး)  
၅၇။ ကိုနိုင်ဝေလင်း (မြူးနှင်စူးအထည်ချုပ်စက်ရုံ လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ)
၅၈။ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် တောင်းသူလယ်သမားသမဂ္ဂအသင်း တာဝန်ရှိသူတဦး
၅၉။ ကိုအောင်မျိုးသန့် (FNI)
၆၀။ ဦးအောင်ထွန်းစိန် (ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂ ဒုဥက္ကဋ္ဌ)
၆၁။ မောင်သက်နိုင်ဦး (တောင်သူလယ်သမားသမဂ္ဂ)
၆၂။ ဦးကြည်ထွန်း (တောင်သူလယ်သမားသမဂ္ဂ)
၆၃။ ဦးဆွေဝင်းမောင် (FNI)
၆၄။ မသန္တာစိုး (FNI)
၆၅။ မထွန်းခမ်း (FNI)
၆၆။ ကိုဇော်မင်းထွန်း (တောင်သူလယ်သမားသမဂ္ဂ)
၆၇။ ကိုစောထွန်း
၆၈။ မောင်မောင်စန်းတင့် (အလုပ်သမားအရေး၊လယ်သမားရေးဆောင်ရွက်သူ)
၆၉။ ကိုအောမောင် (လယ်သမားအရေးဆောင်ရွက်သူ)
၇၀။ ဦးဇော်တင့် (FNI)
၇၁။ မျိုးသိန်း (ပေါင်ကူး မန္တလေး)
၇၂။ ဒေါက်တာအောင်ဌေး (တောင်သူလယ်သမားအရေးဆောင်ရွက်သူ ပြင်ဦးလွင် FNI)
၇၃။ မျိုးကိုကို (ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂ)
၇၄။ ကိုသန်းဇော်ဦး (ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂ)
၇၅။ ဇော်လင်းအောင် (နေပြည်တော် ဒက္ခိဏ တောင်သူလယ်သမားအရေးဆောင်ရွက်သူ)
၇၆။ သန့်ဇင်ဦး (မြောင်းမြ)
၇၇။ မဖြိုးစန္ဒာစိုး (FTUB)
၇၈။ မခိုင်ဇာအောင် (FTUB)
၇၉။ မမေသဇင် (FTUB)
၈၀။ ကိုမျိုးဇော်ဦး (FTUB)
၈၁။ ဦးအေးချို (FTUB)
၈၂။ မစန္ဒာစိုး (FTUB)
၈၃။ မအေးသီတာဝင်း (FTUB)
၈၄။ မခိုင်သဉ္ဇာထွန်း (FTUB)
၈၅။ ကိုဌေးလွင် (FTUB)
၈၆။ ကိုသက် (ပင်လယ်ပျော်များသမဂ္ဂ)
၈၇။ ကိုအောင်သူရ (ပင်လယ်ပျော်များသမဂ္ဂ)
၈၈။ ကိုသန့်ဇင်ဦး (အောင်ကြွေပြားစက်ရုံ- ရွှေပြည်သာစက်မှုဇုန်)
၈၉။ Grand Royal Whisky ရွှေပြည်သာစက်မှုဇုန်
၉၀။ ဒေါက်တာမင်းညို (ITUC Yangon Office Program Manager)
၉၁။ ကိုရဲနိုင်ဝင်း (အလုပ်သမားအရေးဆောင်ရွက်သူ)
၉၂။ ကိုကျော်ကျော်လွင် (အလုပ်သမားအရေးဆောင်ရွက်သူ)
၉၃။ ကိုစိုင်း (မင်္ဂလာဒုံမြို့နယ် ဆောက်လုပ်ရေးအခြေခံအလုပ်သမားအဖွဲ့အစည်း)


ဆွေးနွေးချက်များ
ကိုအောင်နိုင်ဦး (MPC)
ဆွေးနွေးမှုများကို ဖိတ်ခေါ်သည်။ မီဒီယာများလိုက်နာရမည့်ကိစ္စများကို ပြောကြားသည်။

ဦးသန်းထိုက်အောင် (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ/ဆရာမများအသင်း ဥက္ကဋ္ဌ)
ဆရာများအသင်း (၈) ခုရှိပါပြီ။ အသင်း ၈ ခုကိုယ်စား ပြောကြားခြင်းဖြစ်ပါသည်။ အသင်း (၈) ခုံလုံးအား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ များတွင် တရားဝင်ဖွဲ့စည်းခွင့် မှတ်ပုံတင်ကျခဲ့ပါသည်။ ကျောင်းများကွဲနေ သော်လည်း ကျွန်တော်တို့က အခြေခံ ရည်ရွယ်ချက် (၃) ပေါ်မှာ ဖွဲ့စည်းခဲ့ကြတယ်။  ရည်ရွယ်ချက် (၃) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ (၁) မြန်မာနိုင်ငံတက္ကသိုလ်စနစ်ကို ပြန်လည်မြှင့်တင်ရန်။ (၂) မြန်မာနိုင်ငံရှိ တက္ကသိုလ်ဆရာ/ဆရာမများ၏ လူမှုဘ၀များကို မြှင့်တင်ပေးရန်။ (၃) တက္ကသိုလ် ကျောင်းသူ/ကျောင်း သားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန်။ အလုပ်သမားအဖွဲ့အစည်း အနေနှင့် အလုပ်သမားအဖွဲ့အစည်းဥပဒေ/နည်းဥပဒေအောက်တွင် ဖွဲ့စည်းရသည် ဆိုသော်လည်း  တက္ကသိုလ်ဆရာ/ဆရာမများအသင်းအနေဖြင့် လုပ်ငန်းသဘောသဘာဝမတူညီပါ။ လုပ်ငန်း သဘော သဘာဝကွဲပြားသည့်အတွက် လူမှုအကျိုးပြုအဖွဲ့အစည်းအနေဖြင့် CSO အသွင်သဏ္ဍာန်ဖြင့် ရပ်တည်ခဲ့ပါ တယ်။ ရပ်တည်ခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တခုဖြစ်တဲ့ တက္ကသိုလ် ပညာရေး စနစ် မြှင့်တင်ရေးမှာ ကျွန်တော်တို့အသင်းဖွဲ့စည်းတဲ့အချိန်နဲ့ လွှတ်တော်ထဲမှာ တက္ကသိုလ် အက်ဥပဒေ ရေး ဆွဲဖို့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေပါတယ်။ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ တွေက နိုင်ငံတော် သမ္မတဆီကို၊ လွှတ်တော်ဆီကို စာရေးခဲ့ပါတယ်။ တက္ကသိုလ် အက်ဥပဒေ ရေးဆွဲတဲ့နေရာမှာ လွှတ်တော် ကိုယ်စားလှယ်တွေချည်းပဲ ရေးဆွဲရင်တော့ ပြီးပြည့်စုံမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။ ဘာလို့ လည်းဆိုတော့ တက္ကသိုလ်လောကမှာ လက်ရှိလုပ်ကိုင်နေတဲ့ ကျွန်တော်တို့တွေ မပါဘဲနဲ့ ဥပဒေရေး ဆွဲမယ်ဆိုရင် တိုင်းပြည်အတွက် လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေကို မရတဲ့အပြင် အဆိပ် အတောက်တွေပါ ဖြစ်လာပါလိ့မ်မယ်။ ဤအတွက်ကြောင့် တက္ကသိုလ် အက်ဥပဒေ ရေးဆွဲတဲ့ နေရာမှာ ကျွန်တော်တို့ တက္ကသိုလ် ဆရာ/ဆရာမအသင်းကို တရားဝင် ပါဝင်ခွင့်ပေးဖို့ တင်ပြခဲ့ပါတယ်။ သမ္မတ အပါအ၀င် လွှတ်တော်ဥက္ကဋ္ဌတွေကို တင်ပြခဲ့ပါတယ်။ နောက်တချက်က တက္ကသိုလ် ဆရာ/ဆရာမ အသင်း တွေကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ မှာ တရားဝင် ဖွဲ့စည်းခွင့်ရခဲ့တယ်။ ဖွဲ့စည်းခွင့်ရတဲ့အချိန်ကျတော့ ကျွန်တော်တို့ တရားဝင်ရုံးဖွင့်ဖို့ နေရာ အခက်အခဲရှိတယ်။ ရှိတော့ တက္ကသိုလ်များရှိ ပေါမောက္ခချုပ် တွေဆီ စာတင်ပါတယ်။ ဖွဲ့စည်းခွင့်ရပြီ။ ရုံးခန်းဖွင့်ခွင့်ပေးပါ တောင်းတယ်။ အစည်းအဝေးခန်းမ ခွင့်ပြု ပေးပါ။ အဲဒါကို သူတို့က စောင့်ခိုင်းတယ်။ တော်ရုံပြောထားပြီး ချွေးသိပ်ထားတယ်။ စောင့်ပေမယ့် ဘာမှ ထူးခြားမှုမရပါဘူး။ အဲဒါကြောင့် တဆင့်တက်ပြီး ၀န်ကြီးဆီကို တင်ပါတယ်။ နောက်တချက်က ဖွင့်ထားတဲ့ တက္ကသိုလ်တွေက ရန်ကုန်တက္ကသိုလ်ကလွဲရင် တခြားတက္ကသိုလ်တွေက တော်တော်ဝေးပါတယ်။ ကား ပေါ်မှာတင် အချိန် ၂ နာရီပေးရပါတယ်။ အဲဒိအချိန်ပေးရပေမယ့် ဆရာ/ဆရာမတွေအတွက် ဖယ်ရီ ကြို/ပို့ အလုံအလောက်စီစဉ်ပေးတာမရှိဘူး။ ငွေကြေးထောက်ပံ့ပေးတာမရှိဘူး။ မရှိတဲ့အတွက် ဆရာ/ဆရာမ တွေအပါအ၀င် ကျောင်းသားကျောင်းသူတွေက ကျောင်းတက်ဖို့အတွက် တော်တော်လေးကို ဒုက္ခရောက် ရတယ်။ ဆရာ/ဆရာမ ၊ ကျောင်းသူ/ကျောင်းသားတွေက ကျောင်းရောက်တဲ့အခါ တော်တော်လေးကို မောပြီး စာလည်းမလုပ်နိုင်တော့ပါဘူး။ အဲဒိအချက်ကို တင်ပြချင်ပါတယ်။ နောက်ဆုံးတချက်က အဝေးသင် တက္ကသိုလ်နဲ့ပတ်သက်တာပါ။ တက္ကသိုလ်တွေမှာ နေ့တက်၊ အဝေးသင်ဆိုတာရယ် ခွဲခြားထားပါ တယ်။ တက္ကသိုလ်တွေမှာဖွဲ့စည်းပုံတွေရှိပါတယ်။ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဆရာ၊ ဆရာမ ဆိုပြီး စုဖွဲ့ထားတဲ့ ဖွဲ့စည်းပုံရှိပါတယ်။နေ့တက်မှာလည်းရှိပါတယ်။ အဝေးသင်တက္ကသိုလ်ရဲ့ ကိစ္စတွေကို ကျွန်တော်တို့ နေ့တက် ဆရာ/ဆရာမ တွေက အစအဆုံးကို တာဝန်ယူပေးနေရတယ်။ စနေ၊တနင်္ဂနွေပါ မကျန် လိုအပ်ရင် လိုအပ်သလို လုပ်ပေးနေရတယ်။သို့သော် ကျွန်တော်တို့အတွက် ဥပဒေအရ သတ်မှတ်ထား တဲ့ တရားဝင်ခံစားခွင့်ရှိတယ်။ အချိန်ပိုင်းအလိုက် ခံစားခွင့်ပေးထားတာရှိတယ်။ အဲဒါတွေက စာရွက်ပေါ်မှာ ပဲရှိနေတယ်။ ယနေ့အချိန်အထိ ကျွန်တော်က လုပ်သက် ၁၀ နှစ်ကျော်ပါပြီ။ ဒီအခွင့်အရေး တခါမှ မရဘူး ပါဘူး။ ကျွန်တော်တို့သာမရတာ ဒီငွေတွေက ကျွန်တော်တို့နာမည်တွေနဲ့ ထွက်နေတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင်  လုပ်အားခေါင်းပုံဖြတ်ခံနေရတယ်။ တက္ကသိုလ် အာဏာပိုင်တွေ အကျင့်ပျက်ချစားမှု ဖြစ်နေတယ်။ တနည်းအားဖြင့်ပြောရရင် နိုင်ငံ့ဝန်ထမ်းဥပဒေမှာ သတ်မှတ်ထားတဲ့ စနေ၊ တနင်္ဂနွေ ရက် အပါအ၀င် လုပ်နေရတယ်။ ဒီလိုလုပ်ရလို့ အချိန်ပိုကြေးလည်း မရပါဘူး။


ဒေါက်တာအောင်ဌေး (ပြင်ဦးလွင်)
ဒီနေရာမှာ ဆွေးနွေးချင်တာ ၂ ချက်ရှိတယ်။ အလုပ်သမားအရေးကို ဆွေးနွေးနေတာဖြစ်တဲ့အတွက် ကျွန်တော်လုပ်ခဲ့တဲ့ တောင်သူလယ်သမားအရေးကိုလည်း ထည့်သွင်းဆွေးနွေးချင်ပါတယ်။ အလုပ်သမား နဲ့ လယ်သမား မတူတာက အလုပ်သမားဟာ မိမိရဲ့ ကာယအား၊ ဥာဏအားကို စိုက်ထုတ်ပြီးတော့ အလုပ်ရှင်ဆီမှာ ရောင်းစားရတဲ့သူဖြစ်ပါတယ်။ တောင်သူလယ်သမားဆိုတာက မြေကြီးကို လက်နဲ့ လုပ်ကိုင် စားနေရတဲ့သူတွေဖြစ်ပါတယ်။ဒီနေ့ တောင်သူလယ်သမားတွေခံနေရတဲ့ အဖြစ်အပျက်ကို မကြည့်နိုင်လို့ ကျွန်တော်တို့ ဒီလို လာလုပ်တာပါ။ ဒီနေရာမှာ ဒုတိယအကြိမ် ရှိပါပြီ။ ၁၉၆၂ ခုနှစ်ကနေပြီး တော့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဥပဒေကလည်း ဒီနေ့မှာ ဘာဥပဒေမှ မရှိပါဘူး။ တောင်သူလယ်သမားတွေ ဘုရင်ခေတ်ကတည်းက ရွှေကြိုးတားပြီးတော့ ဒဏ်ခတ်ခံရတဲ့တောင်သူလယ်သမားက ဒီနေ့အထိကို ဒုက္ခရောက်နေတုန်း ဖြစ်ပါ တယ်။ အဲဒိတော့ ဒီမှာရှိနေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေ အခွင့်အရေးတောင်းဆိုခဲ့ရင် တောင်သူဦးကြီးတွေရဲ့ ဘ၀ကို စာနသောအား ဖြင့် တသံတည်းထွက်ပါလို့ တောင်းဆိုချင်ပါတယ်။ နောက်ပြီးတော့ စီမံကိန်းတွေ အမျိုးမျိုးထွက်တဲ့အချိန်မှာ တခုပြီးတခုလုပ်နေတဲ့စီမံကိန်းတွေမှာ တောင်သူဦးကြီးတွေက ပြားပြားဝပ်ခံနေရတယ်။ ဒီအတိုင်းပဲ အလုပ်သမားတွေကလည်း အလုပ်သမားဥပဒေအောက်မှာဆိုတဲ့အတိုင်း ပြားပြားဝပ်ခံနေရတယ်။ အဲဒါကို ခင်ဗျားတို့ သမဂ္ဂတွေအနေနဲ့ရော၊ တောင်သူလယ်သမားသမဂ္ဂအနေနဲ့ရော ပူးပေါင်းပြီး ဆောင်ရွက်ကြ ပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဖြစ်နေတဲ့ပြဿနာက သမဂ္ဂလို့ သုံးခွင့်မပေးတာဖြစ်တယ်။ ဥပဒေက ၂ ရပ်ရှိနေသလားလို့ ဒီကလူတွေက မေးပေးကြပါ။ ကျွန်တော်တို့ အထက်မြန်မာပြည်မှာ လယ်သမား လို့ သုံးခွင့်မရှိဘူး။ လယ်ယာလုပ်သမားလို့ပဲ သုံးခွင့်ရှိတယ်။ တခြားနေရာမှာ လယ်သမားသမဂ္ဂသုံးလို့ ရတယ်။ အဲဒါကြောင့် ဥပဒေ ၂ရပ်ရှိနေသလားလို့ မေးချင်ပါတယ်။ အခါအခွင့်သင့်လို့ ဟောဒီမှာရှိတဲ့ အလုပ်သမားတွေ၊ ကျောင်းဆရာ/ဆရာမတွေ လွှတ်တော်ထဲကို ၀င်ရမယ်ဆိုရင် ဒီဟာလေးတွေကို ပြော ပေးပါလို့ တောင်းဆိုပါတယ်။ တောင်းပန်ပါတယ်။အခုလယ်ယာမြေတွေကို မှတ်ပုံတင်လုပ်နေပြီ။ သူတို့ပဲ လယ်ယာသိမ်းတယ်။ သူတို့ပဲ မှတ်ပုံတင်အရာရှိတွေဖြစ်နေပြီ။ ဘယ်လိုလုပ်ပြီးတော့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မလဲ။ ကျွန်တော်တို့သမဂ္ဂတွေကရော ဘာလုပ်မှာလဲ။ တသွေးတည်း တသံတည်း ထွက်ပေး ကြပါလို့ တောင်းပန်ပြောဆိုပါတယ်။

ဦးမောင်မောင် (FTUB Gen Sec)
ဆွေးနွေးပွဲကို တင်ပြချင်လို့ပါ။ MPC ကိုလည်းတောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ ဒီအစည်းအဝေးကို လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအတွက်ကို ခေါ်တာပါ။ လူကြီးတွေဆီကို တင်ပြပြီးတော့ ခေါ်တာပါ။ တောင်းဆိုပွဲ လုပ်ဖို့အတွက် ခေါ်တာမဟုတ်ပါဘူး။ တောင်းဆိုမှုကိုကြောက်လို့လည်းမဟုတ်ဘူး။ တောင်းဆိုမှုကို ငြင်း တာမဟုတ်ဘူး။ ဒီအစည်းအဝေးက Coordination Meeting ပါ။ ကျွန်တော်တို့ အလုပ်သမားအဖွဲ့ အစည်း တွေ သမ္မတကြီးဆီကို တင်ပြဖို့အတွက် လုပ်ငန်းညှိနှိုင်းဖို့ခေါ်တာပါ။ MPC ကိုလည်း မှတ်တမ်းထားပြီး ပြောချင်ပါတယ်။ တောင်းဆိုမှုတိုက်ပွဲတွေ လုပ်ဖို့အတွက် ခေါ်တာမဟုတ်ပါဘူး။ လွဲမှာစိုးလို့ အားလုံး ရှေ့မှာ ရှင်းလင်းပြခြင်းဖြစ်ပါတယ်။

ကိုမျိုးမင်းသိန်း (ချိန်ဝေဒါးမိုဖိနပ်စက်ရုံ)
မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေရဲ့ အဖွဲ့ချုပ်တွေ မပေါ်ပေါက်နိုင်ဘူးဖြစ်နေတယ်။ မပေါ်ပေါက်တဲ့ အကြောင်းအရင်းက ဥပဒေပိုင်းမှာ မျိုးမတူတဲ့ ကဏ္ဍတွေ ပူးပေါင်းပြီး ဆောင်ရွက်လို့ မရတဲ့ အကန့် အသတ်တွေရှိနေပါတယ်။ ကျွန်တော်တို့ ဆပ်ပြာစက်ရုံဆိုရင် လှိုင်သာယာမှ တရုံပဲရှိတယ်။ အဲဒါမျိုး ဆိုရင် မြို့နယ်ဖွဲ့ဖို့အတွက်ဆိုရင် ဘယ်လိုလုပ်ရမှာလဲ။ အခက်အခဲတွေဖြစ်လာတယ်။ အဲဒါက ဥပဒေမှာ အကန့် အသတ်တွေ၊ အပိုင်းအခြားတွေရှိနေလို့ပါပဲ။ ဒီလိုမျိုး အကန့်အသတ်တွေ၊ အပိုင်းအခြားတွေ ရှိနေမယ် ဆိုရင် အဖွဲ့ချုပ်တွေ ဖွဲ့နိုင်မှာမဟုတ်ပါဘူး။ အဲဒါဆိုရင် အလုပ်သမားတွေရဲ့ လုပ်ခလစာသတ်မှတ်ရေး မှာ အခက်အခဲတွေ့လာပါမယ်။ လုပ်ခလစာ သတ်မှတ်ရေးကို အစိုးရ-အလုပ်ရှင် ၂ဦးတည်းကပဲ လုပ်လို့ မရပါဘူး။ အလုပ်သမားအဖွဲ့ချုပ်တွေက လွှတ်တော်မှာပါဝင်ခွင့်ရပြီးတော့ ဒီအဖွဲ့ချုပ်တွေကလည်း အလုပ် သမားထုက ကိုယ်စားပြုတဲ့ ၊ တကယ်ကို အလုပ်သမားတွေအတွက် ဦးဆောင်လမ်းပြလုပ်ပေးနိုင်မယ့်သူ တွေရှိဖို့လိုအပ်တယ်။လိုလားတယ်။ အဲဒိအတွက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အလျှင်အမြန် ဖွဲ့စည်းနိုင် ဖို့ ဥပဒေမှာ ရှိနေတဲ့ မလိုအပ်တဲ့ အကန့်အသတ်၊ အပိုင်းအခြားတွေကို ပြင်ဆင်ပေးဖို့ တင်ပြချင်ပါတယ်။



ကိုပြည့်ဖြိုးအောင် (East Growth အထည်ချုပ်)
ဥပဒေမှာ အားနည်းချက်ရှိနေတယ်။ အလုပ်ရှင်က ဥပဒေကို လိုက်နာမှု မရှိတာတွေရှိနေတယ်။ အဲဒိလို မလိုက်နာတဲ့ အလုပ်ရှင်တွေကို လိုက်နာအောင် ပြစ်ဒဏ်ကြီးကြီး ပေးသင့်တယ်။ ၁၉၆၄ ဥပဒေအရဆိုရင် အလုပ်ရှင်တယောက် သတ်မှတ်ထားတဲ့ ဥပဒေကို ဖောက်ဖျက်ရင် ထောင်ဒဏ် ၂ နှစ်လို့ သတ်မှတ် ထားတယ်။ အခု အလုပ်သမားအဖွဲ့အစည်း ဥပဒေ/နည်းဥပဒေထဲမှာ ပါတာက ငွေဒဏ်ဖြစ်နေတယ်။ ငွေဒဏ်ဆိုရင်လည်း အလုပ်ရှင်တွေ ဥပဒေကို လိုက်နာအောင်အတွက် ထိရောက်တဲ့ ငွေဒဏ်ဖြစ်သင့် တယ်။ ငွေကြေးတတ်နိုင်သူဖြစ်လို့ ဥပဒေကို ဖောက်ဖျက်တဲ့အခါမှာ အလုပ်သမားတွေအတွက်ပဲ နစ်နာ ချက်တွေများပါတယ်။ အလုပ်သမားတွေကို အကြောင်းမဲ့အပြစ်ရှာထုတ်တယ်။ ဒီလိုမျိုး ဥပဒေကို ချိုးဖောက် တဲ့အခါ၊ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့အခါမှာ အလုပ်ရှင်တွေအတွက် ထိရောက်တဲ့ ပြစ်ဒဏ်ကို ချပေးဖို့ ပြောချင်ပါတယ်။

ဦးဝင်းနိုင် (မန္တလေး FNI)
ဥပဒေမှာ အားနည်းချက်ရှိတဲ့အကြောင်းကို ဆွေးနွေးချင်ပါတယ်။ စက်ရုံတရုံမှာ လူပေါင်း တစ်ထောင် ရှိတယ် ဆိုပါစို့။ လူ ၃၀ ရှိရင် အဖွဲ့အစည်းဖွဲ့လို့ရတယ်။ လူပေါင်း ၅၀ လောက်ကတော့ အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းကိုလည်း သိတယ်။ အဲဒိအခါကျတော့ အဖွဲ့အစည်းစဖွဲ့ကြတယ်။ ဖွဲ့တဲ့အချိန်မှာ ကျန်တဲ့သူတွေက ဥပဒေကို လေ့လာမှုအားနည်းမယ်။ သူ့အလုပ်ပဲသူလုပ်နေတယ်။ အဲဒိအခါမှာ ကျွန်တော်တို့က ၁၀ ရာခိုင်နှုန်းထောက်ခံချက်ကို လိုပြီဆိုရင် လူ ၂၀၀ ကို ထောက်ခံခိုင်းရမယ်။ သူတို့ စိတ်မ၀င်စားတဲ့ဟာကို ကျွန်တော်တို့ က ထောက်ခံခိုင်းရင် ပုဒ်မ ၄ (ဆ)မှာ ပြဌာန်းထားသလိုများ၊ တဦးတယောက်ကို သွားပြီးတော့ သွေးဆောင်ဖြားယောင်းတယ်ဆိုတဲ့ အချက်ကို ညိနေမလား။ တကယ် က ကျွန်တော်တို့က မသိတဲ့သူတွေကို သိအောင်ပြောပြပေးရပါတယ်။ ဥပဒေရဲ့ အပိုင်း၊ အခွင့်အရေး၊ လုပ်ပိုင်ခွင့်၊ စည်းမျဥ်းစည်းကမ်းတွေကို ပြောပြရပါတယ်။ ဒါကြောင့် ဥပဒေမှာ အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံ ဖွင့်ပေးစေချင်ပါတယ်။ နောက်ပြီးတော့ သမဂ္ဂနဲ့ အဖွဲ့အစည်းဆိုတာက ပါဠိနဲ့ မြန်မာပါပဲ။ ဒီအပေါ်မှာ အငြင်းပွားတာတွေကိုလည်း တခုချင်းစီ အဓိပ္ပါယ်ဖွင့်ဆိုစေချင်ပါတယ်။ နောက်တခုက ကျွန်တော်တို့ အဖွဲ့အစည်းဖွဲ့တယ်။ မှတ်ပုံတင်တယ်။ မှတ်ပုံတင်တဲ့အခါ လျှင်လျှင်မြန်မြန်နဲ့ ထွက်လာတာရှိတယ်။ တချို့ဟာတွေကျတော့လည်းမှတ်ပုံတင်မကျတာ၊ ကြာသွားတာတွေလည်းရှိတယ်။ ဒါကြောင့် ဘယ်အချိန် မှာ မှတ်ပုံတင်ချပေးရမလဲဆိုတဲ့ ရက်အတိအကျ ပါတဲ့ ဥပဒေကို ပြဌာန်းစေချင်ပါတယ်။ နောက်တခုက အပြစ်ဒဏ်ပါ။ အလုပ်ရှင်တွေမလိုက်နာရင် ဒဏ်ငွေ ၁ သိန်းဆိုတဲ့ကိစ္စက တော်တော်ကိုနည်းပါတယ်။ သူတို့ လိုလုပ်ငန်းရှင် တယောက်အတွက် ဒဏ်ငွေ ၁ သိန်းဆိုတာက စားပွဲ တ၀ိုင်းစာတောင် မရှိပါဘူး။ ကျွန်တော်တို့ အလုပ်သမားတွေအတွက်ကတော့ တော်တော်လေးကို နစ်နာပါတယ်။ အလုပ်ထုတ်ခံရတဲ့ အပြစ်ဒဏ်မျိုးအထိလုပ်ထားတော့ အလုပ်သမားတွေအတွက် တော်တော်လေးကို နစ်နာတယ်။ ဒါကြောင့် အလုပ်ရှင်အတွက် ပထမဆုံးအကြိမ် မလိုက်နာရင် သိန်း (၅၀) ၊ ဒုတိယအဆင့် မလိုက်နာရင် ထောင်ဒဏ် ၂ နှစ် သတ်မှတ်  ၊ တတိယအဆင့် မလိုက်နာရင် လုပ်ငန်းလိုင်စင်ရုပ်သိန်းပြီး အလုပ်ပိတ်တဲ့ဥပဒေ ပြဌာန်း ပေးသင့်ပါတယ်။ ကျောင်းဆရာတွေဆိုရင် သူတို့မှာလည်း လုပ်ငန်းတွေရှိနေတယ်။ အလုပ်အားတဲ့အချိန် မှာ သူတို့ ဒီလိုလုပ်ငန်းတွေကိုသွားပြောမယ်။ မအားလပ်တဲ့သူကိုသွားပြောတဲ့အခါမှာ သူတို့ကို အပြစ်တွေ ပေးမှာလား။ ဒီလိုဥပဒေတွေကို ပွင့်လင်းမြင်သာစွာနဲ့စဉ်းစားပေးသင့်တယ်လို့တင်ပြချင်ပါတယ်။

နောက်တခုက ၁၀ ရာခိုင်နှုန်းထောက်ခံမှုဆိုတဲ့အပိုင်းရယ်၊ အလုပ်သမားအဖွဲ့ချုပ်ကို ဖွဲ့တဲ့ကိစ္စပါ။ အဲဒိနေရာမှာ မြို့နယ်အဆင့်တောင် ၄ ဖွဲ့ပဲရှိသေးတယ်။ ဒီလောက်အားနည်းနေတဲ့အချိန်မှာ အဖွဲ့ချုပ် ပေါ်လာဖို့ဆိုတာက မဖြစ်သေးပါဘူး။ ဖွဲ့စည်းမှုအဆင့်ဆင့် မှာ ၁၀ ရာခိုင်နှုန်းထောက်ခံရမယ်ဆိုတဲ့ အချက်တွေက ကျွန်တော်တို့အတွက် အဟန့်အတားဖြစ်စေပါတယ်။ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီကိစ္စကို သေချာစိစစ်ပြီး ပြုပြင်ပေးစေချင်ပါတယ်။

စက္ကူစက်ရုံခွဲ (ပလိပ်) ဒေါ်ခင်မမဦး
ဥပဒေရေးဆွဲတာမှန်တယ်။ သို့သော် အဲဒိဥပဒေတွေကိ စာရွက်ပေါ်မှာ မထားဘဲ တိတိကျကျ အကောင် အထည်ဖော်ဖို့အတွက်၊ ကော်မရှင်တခုဖွဲ့စည်းပြီး စစ်ဆေးသင့်တယ်။ မြို့နယ်အဆင့်၊ တိုင်းအဆင့်တွေမှာ ဘက်လိုက်မှုမရှိတဲ့ ကော်မရှင်ဖွဲ့စည်းပြီး စစ်ဆေးသင့်တယ်။ အောက်ခြေအဆင့်ထိအောင် အကောင် အထည်ဖော်မှု ရှိ/မရှိ သိရှိနိုင်ဖို့အတွက်ဖြစ်ပါတယ်။ အခုမှာ အရေးယူမှုတွေလည်းမရှိဘူး။ အကောင် အထည်ဖော်မှုလည်းမရှိဘူး။ အဲဒိတော့ ဥပဒေတွေကို တိတိကျကျ လိုက်နာမှုရှိအောင်၊ အကောင်အထည် ဖော်မှုရှိအောင် ဘက်လိုက်မှုမရှိတဲ့ ကော်မရှင်တခု မြို့နယ်အဆင့်၊ တိုင်းအဆင့်တွေမှာ ဖွဲ့စည်းထားသင့် တယ်လို့ တင်ပြချင်ပါတယ်။

ကိုရဲမင်းကျော် (မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ-အင်းစိန်)
အစိုးရ၀န်ထမ်းတွေဖြစ်ပါတယ်။ အလုပ်သမားတွေဖြစ်ပါတယ်။ အလုပ်သမားဥပဒေနဲ့ မှာ ရှိတဲ့ အားနည်းချက်တွေကို ဆွေးနွေးချင်ပါတယ်။ အလုပ်သမားအဖွဲ့အစည်းတခုဖွဲ့တဲ့အခါ။ အလုပ်သမားအဖွဲ့ အစည်း အဖွဲ့ဝင်တွေကို အလုပ်ထုတ်ပစ်တာတို့၊ အလုပ်ပြောင်းရွှေ့တာတို့ ၊ အဲဒိလိုမျိုး အလုပ်သမား အဖွဲ့အစည်းဥပဒေပါ အချက်တွေကို မလိုက်နာတဲ့ အလုပ်ရှင်တွေကို ကြီးလေးတဲ့ အပြစ်ဒဏ် ပေးရမယ်ဆိုတာကို ထောက်ခံပါတယ်။ နောက်တခုက အစိုးရ၀န်ထမ်းတွေဆိုတာက အလုပ်သမား ဥပဒေအပြင် ၀န်ထမ်းဥပဒေပါရှိနေပါတယ်။ ကျွန်တော်တို့က အလုပ်သမားအဖွဲ့အစည်းဥပဒေက ပြဌာန်း ထားတဲ့အတိုင်း အဖွဲ့အစည်းဖွဲ့တဲ့အခါ အလုပ်သမားဝန်ထမ်းဥပဒေနဲ့ ညိစွန်းတယ်ဆိုပြီး အလုပ်သမား အဖွဲ့အစည်းဥပဒေကို ဖုံးတယ်။ အလုပ်သမားအဖွဲ့အစည်းအလုပ်ကို လုပ်လို့မရဘူး။ လုပ်လို့မရတဲ့ အခါ ကျတော့ အလုပ်သမားဥပဒေနဲ့ ၀န်ထမ်းဥပဒေ ကို ကိုက်ညီမှုရှိအောင် လုပ်သင့်တယ်လို့ တင်ပြချင် ပါတယ်။ ကျွန်တော်တို့ဆီမှာ အလုပ်အမှုဆောင်တယောက်ကို နယ်ပြောင်းတာရှိပါတယ်။ အဖွဲ့အစည်း ဖွဲ့ပြီးတော့မှ နယ်ပြောင်းတယ်။ အဲဒိတော့ အလုပ်သမားဝန်ကြီးဌာနဆီကို စာတင်တယ်။ အလုပ်သမား ၀န်ကြီးဌာနက မေးတဲ့အခါမှာ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင် တွေကို နယ်မပြောင်းရွှေ့ရဘူးဆိုတဲ့ အချက်မပါဘူးလို့ ပြန်ပြောတယ်။ ၀န်ထမ်းစည်းကမ်းပါ အတိုင်း ပြောင်းရွှေ့တယ်လို့ပြောပါတယ်။ ၀န်ထမ်းတယောက်ကို ပြောင်းရွှေ့မယ် ပြောင်းချင်တိုင်းပြောင်းလို့ မရဘူး။ အကြောင်းအရာတွေ အများကြီးစဉ်းစားပြီးမှ ပြောင်းရတာဖြစ်တယ်။ အခုက အလုပ်သမား အဖွဲ့ ၀င်တွေက မပြောင်းချင်ပါဘူးဆိုနေတာတောင်မှ အတင်းပြောင်းရွှေ့နေတယ်။ ၀န်ထမ်းကျင့်ဝတ်နဲ့ ကျင့်သုံး ပြီး ဖိနှိပ်တဲ့သဘောဖြစ်နေတယ်။ ဒါကြောင့် အလုပ်သမားအဖွဲ့အစည်းဥပဒေမှာ အလုပ်သမားအဖွဲ့အစည်း ကို မည်သည့်အခြေအနတွေက အလုပ်သမားအဖွဲ့အစည်းကို ပျက်ပျယ်အောင်၊ ထိခိုက်အောင် လုပ်တယ် ဆိုတာတွေကို အတိအကျ ပြဌာန်းပေးဖို့ပြောချင်ပါတယ်။ အလုပ်သမားဥပဒေတွေကို အကောင်အထည် ဖော်မှုရှိ/မရှိ ဆိုတာကို ကော်မရှင်ဖွဲ့စစ်ဖို့ကိစ္စကို ထောက်ခံပါတယ်။ အစိုးရကိုယ်စားလှယ်-အလုပ်ရှင်- အလုပ်သမား ကိုယ်စားလှယ်များ ပေါင်းဖွဲ့ပြီး စစ်ဆေးသင့်ပါတယ်။ စစ်ဆေးတဲ့ကော်မရှင် ရှိဖို့လိုပါတယ်။ နောက်ပြီးတော့ အလုပ်သမားကိစ္စနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ အလုပ်သမားကိုယ်စားလှယ်တွေပါဝင်ဖို့လိုပါတယ်။

MICO ရုပ်ပြပန်းချီ (ဦးတင်ထွန်း)
အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းပြီးနောက်မှာ အလုပ်ရှင်က နည်းမျိုးစုံနဲ့ ဖိနှိပ်တဲ့အတွက်ကြောင့် နောက်ဆုံးမှာ ကျွန်တော်က ခုံသမာဓိဆုံးဖြတ်ချက်နဲ့ အလုပ်ထွက်ခဲ့ရပါတယ်။ အလုပ်က ထွက်ခဲ့ သော်လည်း အခြေခံအလုပ်သမားအဖွဲ့အစည်းရဲ့ အလုပ်အမှုဆောင်အဖြစ်ဆက်ရှိနေပါတယ်။ ဒါကို မြို့နယ်ရုံးကရော၊ အလုပ်ရှင်ကရော လက်မခံပါဘူး။ ဥက္ကဋ္ဌအဖြစ်လည်း အသိအမှတ်မပြုဘူး။ ဆက်ရှိခွင့် မရှိဘူးလို့ပြောပါတယ်။ အိုင်အယ်လ်အိုနဲ့ သွားဆွေးနွေးတဲ့အခါကျတော့ ဥပဒေပုဒ်မ ၅ (ခ) အရ ကျွန် တော်က ဆက်ရှိခွင့်ရှိတယ်လို့ပြောပါတယ်။ မြို့နယ်ရုံးက လုံးဝကို လက်မခံပါဘူး။ ဒီအဖွဲ့အစည်းက ထွက် ပေးရမယ်ဆိုတဲ့ သဘောမျိုးကို ပြောနေပါတယ်။နားမလည်တာသော်လည်းကောင်း၊ တိကျတဲ့ ဥပဒေ ပြဌာန်းချက်မရှိတာသော်လည်းကောင်း ဖြစ်နေတယ်။ နောက်တခုက MICO က Korea ပိုင်ကုမ္ပဏီတခု ဖြစ်ပါတယ်။ မြို့နယ်မှာ မှတ်ပုံတင်ထားတာက နိုင်ငံသားပိုင်အနေနဲ့ မှတ်ပုံတင်ထားတယ်။ အဲဒိတော့ တကယ် လုပ်ငန်းခွင်ထဲမှာ ဆက်ဆံနေရတာက ကိုရီးယားလူမျိုးဖြစ်ပြီး ပြဿနာဖြစ်လို့ သွားရှင်းရင် နားမလည်တဲ့ အမည်ခံမြန်မာအလုပ်ရှင် နဲ့ ရှင်းနေရပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းပေးဖို့ တင်ပြ ချင်ပါတယ်။

ဦးအောင်လင်း (Myanmar Hayman ရုပ်ပြပန်းချီ ဥက္ကဋ္ဌ)
အရင်းအမြစ်ကို ကြည့်တဲ့အခါ ပြည်ပရင်းနှီးမြှုပ်နှံတွေလာတဲ့အခါ မှန်မှန်ကန်ကန် လာတဲ့၊ တရားဝင်မှတ် ပုံတင်နဲ့လုပ်တဲ့ အလုပ်ရှင်တွေရှိသလို၊ ခိုင်မာတဲ့ ပိုင်ဆိုင်မှုမရှိတဲ့ ပုဂ္ဂိုလ်များကို အမည်ခံခိုင်းထားတဲ့ အလုပ်ရှင်တွေလည်းရှိပါတယ်။ အဲဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လုပ်ငန်းကို မှတ်ပုံတင်တဲ့ အခါ မှန်မှန်ကန်ကန်နဲ့ ပြည်တွင်းမှာ ခိုင်ခိုင်မာမာလုပ်တဲ့အလုပ်ရှင်လား။ သို့မဟုတ် နိုင်ငံခြားသားက ၊ ကျွန်တော်တို့ တိုင်းပြည်ထဲက တဦးဦးကို အမည်ခံခိုင်းပြီး လုပ်တဲ့ အလုပ်ရှင်လားဆိုတာကို သေချာစိစစ် ပြီးမှ မှတ်ပုံတင်ချပေးသင့်တယ်လို့ထင်ပါတယ်။ အဲဒါကတော့ အစိုးရများရဲ့သက်ဆိုင်ရာ မှတ်ပုံတင်ဌာန တွေမှာ အပြည့်အ၀တာဝန်ရှိတယ်လို့ထင်ပါတယ်။ သူတို့က ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သင့်ပါတယ်။ အဲဒိလို အပြည့်အ၀ မဆောင်ရွက်တဲ့အခါ အမည်ခံလုပ်ငန်းရှင်တွေကြောင့် အလုပ်သမားတွေ နစ်နာ ပါတယ်။ ၀န်ထမ်းတွေတောင်းတဲ့ လျော်ကြေးကို မပေးနိုင်တာတို့၊ သူတို့ရဲ့ investment အားနည်း တာကြောင့်မို့၊ သူတို့က အလုပ်သမားသမဂ္ဂဆိုရင် အရမ်းကြောက်တယ်။ အမျိုးမျိုးကို ဖိနှိပ်တော့တာပဲ။ သမဂ္ဂ တွေကို ဖြိုခွဲမယ်။ တဖြည်းဖြည်းအင်အားနည်းလာအောင်လုပ်မယ်။အလုပ်သမားသမဂ္ဂတွေကို ဖြိုခွဲတဲ့ အလုပ်ရှင်တွေကို ဥပဒေချိုးဖောက်တဲ့အတွက် အရေးယူတဲ့အခါမှာ ပြစ်ဒဏ်တွေက နည်းတယ်ဆို တာကို ဆွေးနွေးသွားကြပါတယ်။ ဟုတ်ပါတယ်။ အောက်ခြေမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးရုံးရဲ့ လုပ်ငန်း ဆောင်ရွက်ချက် အားနည်းတာတွေကို တွေ့ရပါတယ်။ ဌာနအတွင်းညှိနှိုင်းလို့မရတဲ့အခါ သက်ဆိုင်ရာ မြို့နယ်ရုံးကို သွားကြပါတယ်။ အချိန်အမျိုးမျိုးဆွဲပါတယ်။ အဲဒိအချိန်မှာအလုပ်သမားက ကော့နေပါပြီ။ ဒါကြောင့် အမှုတွဲတွေ ကြန့်ကြာမှုမရှိအောင် မြန်မြန်ဆန်ဆန်ဆောင်ရွက်သင့်ပါတယ်။ တတ်နိုင်သ၍ အရေးတယူဆောင်ရွက်သင့်တယ်လို့မြင်တယ်။ အရေးကြီးတဲ့တိုင်ချက်တွေကို သက်ဆိုင်ရာ အလုပ်သမား တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးတာမရှိပါဘူး။ အလုပ်သမားဆန္ဒပြမှုမဖြစ်ပွားအောင် ကွင်းဆင်း စစ်ဆေးတာတို့လုံးဝကို မရှိပါဘူး။ ရုပ်ပြန်ပန်းချီ ကုမ္ပဏီ ကိစ္စတွေကို ကွင်းဆင်းစစ်ဆေးခြင်းမရှိပါဘူး။ ဒါက သိသာထင်ရှားတဲ့သာဓက တွေဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ ကို တက်မလာခင်မှာ အောက်ခြေအဆင့်က အရေးကြီးဆုံးလို့ထင်ပါတယ်။ မြို့နယ်အဆင့်တွေမှာ ပိုင်ပိုင်နိုင် နိုင်နဲ့ကို ဖြေရှင်းဆောင်ရွက်သင့်ပါတယ်။ မြို့နယ်ကသာ ဖြေရှင်းဆောင်ရွက်နိုင်ရင် ခုံသမာဓိ  အဖွဲ့ကို တက်စရာအကြောင်းမရှိဘူး။ ခုံသမာဓိအဖွဲ့ကသာ ပြတ်ပြတ်သားသား မှန်မှန်ကန်ကန် နဲ့ ဆုံးဖြတ်ခဲ့မယ် ဆိုရင် ခုံသမာဓိကောင်စီကို တက်စရာအကြောင်းမရှိပါဘူး။ အလုပ်သမားဆန္ဒပြပွဲတွေ အများကြီး ဖြစ်ပေါ်နေတဲ့ ကိစ္စက အလုပ်သမားအဖွဲ့အစည်းတွေကို ကိုင်တွယ်တဲ့မှတ်ပုံတင်အရာရှိချုပ်တွေ မှာ တာဝန်ရှိပါတယ်။ ၊ နောက်တချက်က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို အလုပ်ရှင်တွေက လိုက်နာ ရမယ်။ လေးလေးစား စားနဲ့ လိုက်နာဖို့လိုပါတယ်။ ဆုံးဖြတ်ချက်တွေကို လိုက်နာရင် အလုပ်သမား ဆန္ဒပြမှုတွေနည်းသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။

ကိုသိန်းကျော်ဦး (New Way shoe factory အခြေခံအလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ)
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ဆိုတာကို အဆိုတင်သွင်းချင်ပါတယ်။ မူလရှိနေတဲ့ ဥပဒေကိုက အားနည်း ချက်ရှိတယ်။အားနည်းချက်ရှိတဲ့ ဥပဒေကို အကောင်အထည်ဖော်မှုကိုက အားနည်းနေတယ်။ နောက်တ ခုက အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်မရခင် တုန်းက  မြို့နယ်ဖြန်ဖြေရေးရုံးတွေက ညှိနှိုင်း ဖြန်ဖြေပေးတဲ့ ဖြေရှင်းချက်တွေက အခုထက်ပိုကောင်းတယ်လို့ယူဆတယ်။ အဲဒိအချိန်မှာတုန်းက ညှိနှိုင်းဖြန်ဖြေပေးလို့ရလာတဲ့ သဘောတူစာချုပ်တွေကို အလုပ်ရှင်တွေက ချိုးဖောက်တာလည်း မရှိဘူး။ ဒါပေမယ့် အလုပ်သမားအဖွဲ့အစည်းဥပဒေ ပေါ်ထွက်လာပြီးတဲ့နောက် ကျွန်တော်တို့ လွတ်လပ်ခွင့်တွေ ရလာတဲ့အချိန် ရောက်လာမှပဲ အရင်ကရထားတာတွေတောင် ကျလာတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေး ရေး ကော်မရှင်ဖွဲ့ပြီးစစ်ဆေးသင့်တယ်။ နောက်တခုက ဥပဒေမှာ ရှိနေတဲ့ အားနည်းချက်တခုကို ပြောချင်တယ်။  ကျွန်တော်တို့ အခြေခံအလုပ်သမားအဖွဲ့အစည်းဖွဲ့တယ်။ တော်တော်ကြီးကို အထမြောက်အောင် ကြိုးစား ဖွဲ့ရတယ်။ ကျွန်တော်သည် အခြေခံအလုပ်သမားအဖွဲ့အစည်းတခုရဲ့ ဥက္ကဋ္ဌ ဖြစ်ပေမယ့် ကျွန်တော်သည် အခြားသော အလုပ်သမားအဖွဲ့အစည်းတွေ ဖြစ်ပေါ်လာဖို့အတွက်လည်း ကြိုးစားတယ်။ ကျွန်တော့်စက်ရုံ မှာ အလုပ်လုပ်ရင်းနဲ့ပဲ ကျွန်တော့်ရဲ့အားလပ်တဲ့ အချိန်တွေမှာ လုပ်တယ်။ မအားလပ်ရင်လည်း အားလပ် အောင်ဖန်တီးပြီးတော့ လုပ်တယ်။ အလုပ်သမားအဖွဲ့အစည်းတွေကို ဖွဲ့ဖို့အတွက် ကြိုးစားတယ်။ ကြိုးစား တဲ့အချိန်မှာ မြို့နယ်အဖွဲ့အစည်းတခု ဖွဲ့စည်ဖို့က တော်တော်ကြီးခက်ခဲတယ်။ အခက်အခဲတွေ အများကြီး ကိုရှိတယ်။ ဒီလိုအချိန်မှာ အလုပ်သမားအဖွဲ့အစည်းဥပဒေ စာမျက်နှာ (၆) အပိုဒ် ၄ (င) မှာ တွေ့တာ က အလုပ်သမားရေးရာ အဖွဲ့ချုပ်ကြီး ဖွဲ့ဖို့ဆိုရင် အလုပ်သမားအဖွဲ့ချုပ်များ ၂၀ ရာခိုင်နှုန်း၏ ထောက်ခံ ချက်နဲ့ ဖွဲ့ရမယ်လို့ပြောတယ်။ ကျွန်တော်ကတော့ တော်တော်ကြီးကို များတယ်လို့ပြောချင်တယ်။ မြို့ နယ် အဆင့် အဖွဲ့တခုကို ဖွဲ့ဖို့တောင် အခက်အခဲအများကြီးရှိတယ်။ အချိန်အများကြီးသုံးရတယ်။ အဖွဲ့ချုပ်တွေပေါ်လာရမယ်။ ပေါ်လာတဲ့ အဖွဲ့ချုပ် ၂၀ ရာခိုင်နှုန်းထောက်ခံမှုနဲ့မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကြီး တခု ဖြစ်လာဖို့ဆိုတာက တော်တော်ကြီးကို ကြာအုံးမယ်။ ၂၀ ရာခိုင်နှုန်းဆို တာကို ပယ်ဖျက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

မလဲ့လဲ့စိုး (ဆာကူရာ အထည်ချုပ်စက်ရုံ အတွင်းရေးမှူး)
အခြေခံအလုပ်လစာ ရရှိရေးက အရမ်းအရေးကြီးတယ်။ နိုင်ငံရပ်ခြားကို ထွက်ပြီး အလုပ်လုပ်နေရတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအများကြီးရှိပါတယ်။ ဘာကြောင့်လုပ်ရလဲဆိုရင် ကိုယ့်မြန်မာနိုင်ငံမှာ က စားဝတ်နေရေးအတွက် လုံလောက်တဲ့ လုပ်ခလစာမရရှိတဲ့အတွက် တိုင်းတပါး မှာ အလုပ်သွားလုပ်ရ တယ်။ နောက်ဆက်တွဲက လူကုန်ကူးမှုတွေအများကြီးဖြစ်လာတယ်။ ဒါနဲ့သက်ဆိုင်တယ်လို့ ထင်တယ်။ သင့်တော်သော အခြေခံလုပ်ခလစာကို ရရှိမယ်ဆိုရင် မြန်မာအလုပ်သမားတွေက တိုင်းတပါး ကို အလုပ် ထွက်လုပ်မှာ မဟုတ်ဘူး။ အဲဒိအတွက် တောင်းဆိုချင်တာက မြန်မာနိုင်ငံမှ အလုပ်သမားတွေ အတွက် စားဝတ်နေရေးကို လုံလောက်စေသည့် သင့်တော်သော အခြေခံလုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို ချင်ပါသည်။


ကိုကျော်ကျော်စိုး (88 မျိုးဆက်ကျောင်းသား မန္တလေး အလုပ်သမားရေး၊ လယ်သမားရေး ဆောင်ရွက်သူ)
ဆရာများပြောသွားသလိုပဲ မန္တလေးတက္ကသိုလ် ဆရာများအသင်းလည်း ဖိအားတွေ တအား များတော့ ကိုယ့် အသင်းရပ်တည်နိုင်ရေးတောင် အနိုင်နိုင်ဖြစ်နေတယ်။ မန္တလေးနည်းပညာတက္ကသိုလ် ကျောင်းဆရာ တယောက်က Russia ပြန်တယောက်ပါ။ တကယ်ကိုတော်ပါတယ်။ တိုင်းပြည်အတွက် နစ်နာစေတဲ့ ကိစ္စ တခုပါ။ ဖြစ်ပုံက ဌာနကင်းကွာ ၂၁ ရက်နဲ့ဝန်ထမ်းတယောက်ကို အလုပ်ထုတ်ပစ်လိုက်တယ်။ အဲဒိလို အလုပ်ထုတ်လို့ရလား။ ဌာနကင်းကွာ ၂၁ ရက်ဖြစ်ရခြင်းအကြောင်းအရင်းက ကျောင်းဆရာများမှ ရွှေ့ပြောင်းခံရတဲ့နေရာကို မသွားချင်ဘူးဆိုရင် နှစ်နှစ် ရာထူးတိုးရပ်ဆိုင်းတယ်။ အဲဒိအချိန်မှာ ဒီကျောင်း ဆရာက ရာထူးတိုးမလိုချင်ဘူး။ အဲဒိနေရာမှာပဲ နေချင်တယ်။ အဲဒိတော့ သူ့ကို ပို့တဲ့ နေရာကို မသွား တော့ ဌာနအတွင်းမှာ DE ဖွဲ့ပြီး စစ်တယ်။ စစ်တဲ့အချိန်မှာ သူက ၂၁ ရက်ဖြစ်နေပြီ။ အဲဒိတော့ ကျောင်းကို သွားတဲ့အချိန်မှာ သူ့ကို အတန်းထဲကို အ၀င်မခံဘူး။ လက်မှတ်ထိုးတာမခံဘူး။ အဲဒိတော့ဆရာက ဘာဖြစ် သလဲဆိုတော့ သူတို့ ချမှတ်ထားတဲ့ဘောင်ထဲကို ၀င်သွားတယ်။ ၂၁ ရက်ဖြစ်သွားတယ်။ အဲဒါနဲ့ပတ်သက် ပြီးတော့ သူ့ကို အလုပ်ကနေထုတ်ပစ်လိုက်တယ်။ နိုင်ငံခြားပြန်ဖြစ်တဲ့အတွက် နိုင်ငံတော်ကို ၆၅ သိန်း ပြန်လျော်ပေးရမယ်။ တကယ်က အဲဒိဆရာမှာ အပြစ်မရှိဘူး။ အဲဒါကို နိုင်ငံတော်သက်ဆိုင်ရာ တာဝန်ရှိ သူတွေကို တင်တယ်။ လိမ်လည်ပြီးတော့ ပြန်ချတယ်။ ၀န်ထမ်းတွေအတွက်နာတယ်။ အဲဒါကြောင့် ပညာရေးနဲ့ဆိုင်တဲ့ ကိုယ်စားလှယ်တွေ မပါဘဲ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စစ်ဆေးသင့်တယ်။ အလုပ် သမားအဖွဲ့အစည်း ထဲကို ၀င်တဲ့သူတွေဆိုရင် ဒီလိုမျိုးလုပ်တယ်။ အဲဒိတော့ အဖွဲ့အစည်းထဲကို ဘယ်သူက ၀င်ရဲမှာလဲ။ ဆရာ/ဆရာမတွေရဲ့ လူမှုဘ၀လုံခြုံရေးကို လုပ်ပေးစေချင်တယ်။ နိုင်ငံတော်အနေနဲ့ ပညာတတ်တွေကို မဆုံးရှုံးစေချင်ဘူး။ အဖြစ်မှန်ကို သိအောင် ဖော်ထုတ်စစ်ဆေးသင့်ပါတယ်။

ကိုမျိုးကိုကို (East Growth အထည်ချုပ်စက်ရုံ)
          ကျွန်တော်ကတော့ အလုပ်သမားများ၏ အနိမ့်ဆုံးလစာရေးဆွဲတဲ့နေရာမှာ ကိုယ်စားပြုနိုင်သော အလုပ်သမားကိုယ်စားလှယ်ရွေးချယ်နိုင်ဖို့၊ ပြီးတော့ လုပ်ခလစာနည်းတဲ့အတွက် အလုပ်သမားတွေက အချိန်ပိုမဆင်းချင်ပေမယ့် အချိန်ပိုဆင်းနေရတယ်။  အချိန်မတော်ကြမှအိမ်ပြန်ရတယ်။ အထည်ချုပ် ထဲမှာဆိုရင် မိန်းကလေးကများတယ်။ ဒါ့ကြောင့်အန္တရာယ်များပါတယ်။ အဲဒီအတွက် အချိန်ပိုကို အစိုးရက သတ်မှတ်ထားတဲ့အတိုင်း တပါတ်မှာ (၁၆) နာရီရှိတယ် အဲဒီ (၁၆) နာရီအတိုင်း ပိုပြီးမခေါ်ဖို့ အစိုးရ အနေနဲ့ တင်းကျပ်စွာ လုပ်ဆောင်စေချင်ပါတယ်။

ကိုရဲဝင်းထွန်း (Japan Carton Box မှော်ဘီ)
          အလုပ်သမားဥပဒေ တည်ဆဲဥပဒေအပေါ်မှာ ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာနဲ့ အလုပ် ရှင်-အလုပ်သမားကြားမှာ ပြေလည်အောင်ဆွေးနွေးပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။ ဥပဒေက အလုပ် ရုံ၊ စက်ရုံတွေမှာ အလုပ်သမားအဖွဲ့အစည်းတွေ ရှိစဉ်ကာလနဲ့ မရှိစဉ်ကာလမှာရော မှတ်ပုံတင်ကျပြီး ကာလတွေမှာရော ညှိနှိုင်းတိုင်ပင်မှုမရှိပါဘူး။ တကယ်လို့ရှိလာခဲ့ရင်လည်း စက်ရုံက အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေကိုလည်းခေါ်ယူညှိနှိုင်းခြင်းမရှိပါဘူး။ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပြဌာန်းပေး တယ် အတည်ပြုပေးတယ်ဆိုတာက သတ်မှတ်လာတဲ့ ဥပဒေအပေါ်မှာ အားလုံးရဲ့ ဖွံဖြိုးတိုးတက်စေချင် တဲ့ရည်ရွယ်ချက်နဲ့ တာဝန်ကိုရေးဆွဲထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ပြဌာန်းထားတဲ့ဥပဒေ အပေါ် မှာ ကျွန်တော်တို့အလုပ်သမားတွေအနေနဲ့ ဘောင်ဝင်အောင် ကိုယ့်ရဲ့ရပ်တည်မှုထဲက ကိုယ်ပိုင် အချိန်ထဲ ကနေပြီး အလုပ်တစ်ဖက်နဲ့ ကြိုးစားပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ သက်ဆိုင်ရာအနေနဲ့ သူတို့ရဲ့ ဥပဒေကို သူတို့အစိုးရကနေပြီးတော့ ထုတ်ပြန်ပြဌာန်းပေးထားတဲ့ ဥပဒေတွေကို ထိထိရောက် ရောက်အကောင်အထည်ဖော်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ စာအုပ်တွေရှိတယ်။ ဥပဒေတွေ ရှိတယ်။ အလုပ်သမားအဖွဲ့အစည်းဥပဒေမှာက ဒီအလုပ်သမားအဖွဲ့အစည်းလုပ်တဲ့အတွက်ကြောင့် On Duty အဖြစ် (၁) လကို အမှုဆောင်တွေက ခံစားခွင့်ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက ကျွန်တော်တို့ အလုပ်မပြုတ်အောင်ဆင်ခြင်ပြီးတော့ နေနေရတယ်။ အလုပ်ရှင်တွေကလဲ ကျွန်တော်တို့ကို နည်းမျိုးစုံနဲ့ ပြိုခွဲနေကြတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းရှင်တွေကလဲ ငွေကြေးတွေ ရှိကြတယ်။ အဖွဲ့ချုပ်ရဲ့စာရင်း ဇယားအရဆိုရင် အလုပ်သမားပေါင်း (၁) သိန်းရှိတယ်ဆိုရင် အလုပ်သမားအဖွဲ့အစည်းပေါင်းက (၅) သောင်းရှိတယ်။ တဖြည်းဖြည်းပြတ်နေတယ်ဆိုတာက တကယ်သာ ဒီဥပဒေအတိုင်းသာ လုပ်ဆောင် မယ်ဆိုရင် အခြေခံသမဂ္ဂတွေက ထက်ဝက်လောက်ကို ဖြတ်သိမ်းခံရမှာကျိန်းသေတယ်။ ဒါဘာဖြစ်လို့လဲ ဆိုတာကို အပြန်အလှန်သုံးသပ်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ တပြန်တလှန်သွားကြမှာပါ။ ဒါကြောင့် အခြေခံအလုပ်သမားတွေရဲ့ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးဖို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် အလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်။ ၀န်ကြီးဌာနတွေ အမှန်တကယ်အလုပ်လုပ်မှ ဖြစ်မှာပါ။ အမှန်တကယ်လဲအလုပ်လုပ်စေချင်ပါတယ်။ ဥပဒေပေါ်မှာ ရပ်တည်စေချင်ပါတယ်။ အလုပ် သမားတွေက မှားခဲ့တယ်ဆိုရင်လဲ အလုပ်သမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကိုလဲ အပြစ် ရှိရင် ခွင့်လွှတ်စရာမလိုပါဘူး။ ဥပဒေမှာတော့ ဒီလိုရှိတယ်ဆိုတာကို ကျွန်တော်တို့ကို ခေါ်ယူပါ၊ ဆွေးနွေးပေးပါ။ လိုအပ်တဲ့အသိပညာတွေကိုလဲ သင်တန်းပေးပေးပါ။ ဘာဖြစ်ဖြစ်ဆိုင်ရာဆိုင်ရာ ဌာန အလိုက် တပြေးတည်း အစိုးရတာဝန်ရှိ လူကြီးမင်းများက အောက်ခြေကို ပြည်သူ့ဝန်ထမ်းများသာလျှင် ဥပဒေအတိုင်းပဲ ဥပဒေအပေါ်မှာပဲ ရပ်တည်စေချင်ပါတယ်။

ဒေါက်တာစိုင်းခိုင်မျိုးထွန်း (တက္ကသိုလ်ဆရာများအသင်း-ရန်ကုန်တက္ကသိုလ်)
ဒီနေ့ ဘာတွေ ဆွေးနွေးမယ်ဆိုတာကို မသိခဲ့ဘူး။ အခုနားထောင်ကြည့်တော့ Legal Issue နဲ့ ကိုယ့်ရဲ့ assistance situation ဆိုပြီးသိတယ်။ (၁) ချက်ကတော့ အသင်းအပင်းဖွဲ့တဲ့နေရာမှာ အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့်ဆိုပြီးရှိတယ်။ ရုတ်တရပ်ကြည့်လိုက်ရင် အခြေခံအဆင့်သွားတဲ့နေရာမှာ လွယ် သလိုရှိပါတယ်။ လူဦးရေ (၃၀) ရှိရင် ဖွဲ့စည်းလို့ရတယ်။ ဒါပေမယ့် မြို့နယ်အဆင့် တက်ရောက်လာတဲ့ အခါမှာ တက္ကသိုလ် ဆရာများအသင်းဆိုတာ သူတို့ဘက်က အသင်းတစ်သင်းဖွဲ့ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ အဲဒီတော့ ဒီ Legal Issue မှာ မြို့နယ်အသင်းဖွဲ့တာနဲ့ တိုင်းအသင်းဖွဲ့တာနဲ့ အသင်းချုပ် တွေဖွဲ့တဲ့နေရာမှာ အခက်အခဲလေးတွေရှိပါတယ်။ ဥပဒေအရ barrier လေးတွေရှိနေတာကို တင်ပြတာပါ။ နောက်တစ်ချက်က အလုပ်ရှင်နဲ့ အလုပ်သမား အပြန်အလှန် အသိအမှတ်ပြုမှုကိုပြောရမှာပဲ။ ကျန်တဲ့ ပုဂ္ဂလိက ၀န်ထမ်းတွေအနေနဲ့တော့ အလုပ်ရှင်သည် သူရဲ့ သူဌေးပေါ့နော်။ ကျွန်တော်တို့ ၀န်ထမ်းတွေရဲ့ အလုပ်ရှင်သည် အစိုးရဖြစ်နေတာကို တွေ့ရတယ်။ အစိုးရဖြစ်နေတာတောင်မှ တနည်းအားဖြင့်  အနီးစပ်ဆုံး ပြောရရင် တက္ကသိုလ်အာဏာပိုင် တက္ကသိုလ်အာဏာပိုင်တွေရဲ့ အသိအမှတ်ပြုဖို့က လိုအပ်နေပါတယ်။ အသိအမှတ်ပြုမှုကလဲ နှစ်ပိုင်းရှိတယ်။ တပိုင်းကတော့ Recognition အသိအမှတ်ပြုပါတယ်။ နောက်တခုကတော့ legitimacy တရားဝင်အသိအမှတ်ပြုဖို့လိုတာ၊ ကျွန်တော်တို့ တက္ကသိုလ်ဆရာများအသင်း ခံစားနေရာတာက ကိုယ့်ကို တရားဝင်အသိအမှတ်ပြုမခံရသလိုပဲ။ မင်းတို့ ရှိတာမင်းတို့လုပ်ဆိုတဲ့ အဓိပ္ပါယ်မျိုးရောက်နေတယ်။ ကျွန်တော်တို့ ရုံးခန်းမရှိပါဘူး၊ ကြုံတဲ့ လက်ဖက်ရည် ဆိုင်ထိုင်ပြီး အစည်းအဝေးလုပ်ရတယ်။ အဲဒိတော့ ဒီအချက်နဲ့ပတ်သက်ရင် သဘောက သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက နေပြီးတော့ တက္ကသိုလ်ကျောင်းတွေဖြစ်ဖြစ်၊ ကျန်တဲ့ အလုပ်သမားအဖွဲ့ အစည်းတွေကို အားတော့နာတယ်။ လောလောဆယ် တက္ကသိုလ်ဆရာအသင်းအနေနဲ့ပြောချင်တယ်။ တက္ကသိုလ်တွေကို အာဏာပိုင်အဖွဲ့အစည်းတွေက တရားဝင် ဆရာအသင်းတွေ ဖိတ်ပါတယ်ဆိုတဲ့ ဟာမျိုးလေး။ နောက်တစ်ခုက အပေါ်ကနေဖိတ်မှရတာပါ။ တက္ကသိုလ်အာဏာပိုင်က ဖိတ်မှမဟုတ်ပါဘူး၊ ပြဿနာက အစိုးရ၀န်ထမ်းမှာ ကျင့်ဝတ်ဆိုတာရှိပါတယ်။ တနည်းအားဖြင့် ဒါလဲ ဥပဒေပါဘဲ။ အလုပ်သမား ဥပဒေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြန်ပြီးတော့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပါတယ်။ ၀န်ထမ်း ကျင့်ဝတ်ဆိုတာက (၂၀၀၄) ခုနှစ် လောက်က နောက်ဆုံး ထွက်ထားတဲ့ စာအုပ်လေးပါ။ အဲဒိထဲမှာ clash ဖြစ်တောတွေအများကြီးရှိတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပါ။ အလုပ်သမား အဖွဲ့အစည်း ဥပဒေ အရဆိုရင် ၀န်ထမ်းတွေအနေနဲ့ ကိုယ့်အသင်းရဲ့ အရေးကို ဆောင်ရွက်မယ်ဆိုရင် တရားဝင်ခွင့်ပြုရက် (၂) ရက် ရပါတယ်။ ၀န်ထမ်းစည်းမျဉ်းစည်းကမ်း၊ အလုပ်သမား စည်းမျဉ်းစည်း ဥပဒေတွေမှာ conflicts တွေ ရှိနေတာပါ။


ရဲကျော်သူ (မြန်မာနိုင်ငံစက်မှုဇုန်အလုပ်သမားများသမဂ္ဂ)
          အလုပ်သမားအဖွဲ့အစည်းဥပဒေ ပုဒ်မ (၄၉) မှာပါတဲ့ အလုပ်သမားအဖွဲ့အစည်းတွင်ပါဝင်စေရန် (သို့) မပါဝင်စေရန် အတင်းအကြပ်ပြုခြင်း ခြိမ်းခြောက်ခြင်း (သို့မဟုတ်) မသမာသောနည်းဖြင့် ရွှေးကောက်တင်မြှောက် ထားခြင်းမပြုရဆိုတာကို ပြဌာန်းထားတာကို တွေ့ရတယ်။ လက်ရှိကြုံတွေ့ နေရတာက ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ မြို့နယ်မှတ်ပုံတင်အရာရှိချုပ်က အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းတယ် မြို့နယ်ကို မှတ်ပုံတင်သွားတင်တယ် အလုပ်သမားအဖွဲ့အစည်းဥပဒေအရ လျှောက်ထား တယ်။ လျှောက်ထားတဲ့အခါမှာ စက်ရုံကို လာရောက်ပြီးတော့ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ စက်ရုံက အကြီးအကဲက အလုပ်သမားတွေကို မင်းတို့တွေ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းတာလား အပိုပါပဲကွာ တဲ့ အလုပ်သမားအဖွဲ့အစည်းမဖွဲ့ပဲနဲ့လည်း ရပါတယ်တဲ့ ဆိုတော့ အဲဒီလိုမျိုး မှတ်ပုံတင်အရာရှိတွေ တိုင်းနဲ့ ပြည်နယ်မှာ ဘယ်နှစ်ယောက်များရှိနေပြီလဲ။ ကျွန်တော်တို့က အပြောင်းအလဲတစ်ခုမှာ အလုပ် သမားတွေ လယ်သမားတွေ လူတန်းစားအသီးသီးက ပုဂ္ဂိုလ်တွေ အားလုံးပါဝင်ပြီး ဆောင်ရွက်လာတာ အခြေပြုပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် တကယ်ကိုလဲ လိုအပ်လို့ ကျွန်တော်တို့က လိုက်ပါပြီး ဆောင်ရွက်ခဲ့တယ်။ ဒီလိုမျိုး မှတ်ပုံတင်အရာရှိချုပ်က ပြောသွားတဲ့ကိစ္စမျိုး သုံးလေးခုလောက် ကြုံတွေ့ခဲ့ရပါတယ်။ မကြာခင်အချိန်မှာပဲ ဖွဲ့စည်းပြီးသား အဖွဲ့အစည်းတွေက ပျက်ဆီးသွားတယ်။ ဒီကိစ္စ တွေကို ကျွန်တော်တို့ ဘယ်သူ့ကို တိုင်ကြားမလဲ။ နောက်တစ်ချက်က ရက်ပိုင်းအတွင်းမှာပဲ မြို့နယ်ကို တောင်သူလယ်သမားအဖွဲ့အစည်း ဖွဲ့စည်းဖို့ကို သွားလျှောက်တယ်။ ဒါကို လက်မှတ်ထိုးခိုင်းတယ်။ တခြားမြို့နယ်တွေမှာ ဒါမျိုးလက်မှတ်ထိုးခိုင်းတာတွေမရှိဘူး။ လယ်သမားအဖွဲ့အစည်း (၄) ဖွဲ့သွား လျှောက်တဲ့အခါမှာ မြို့နယ်မှတ်ပုံတင်အရာရှိချုပ်က အဖွဲ့အစည်းမှာပါတဲ့သူတွေကို အလုပ်အမှုဆောင်(၇) ဦးကို အလုပ်သမားအဖွဲ့အစည်းသည် နိုင်ငံတော်က ပြဌာန်းထားသည့်အတိုင်း အလုပ်သမား အဖွဲ့အစည်း ဥပဒေ အလုပ်သမားပြဿာနာဖြေရှင်းရေးဥပဒေနဲ့ အခြားဥပဒေများကို လိုက်နာရပါမည်။ ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းတယ်။ တခြားတိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ အလုပ်အမှုဆောင် တွေကိုရော လက်မှတ်ရေးထိုးခိုင်းသလားဆိုတာကို သိချင်ပါတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိပါဘူး နိုင်ငံတော်မှာရှိတဲ့ တာဝန်ရှိသူတွေက ပြောနေကြပေမယ့် ဒီလိုမျိုး ဥပဒေကို လက်တလုံးကြားလုပ်နေတာ။ ဥပဒေကို အကောင်အထည်ဖော်ဖို့လုပ်နေတာတွေကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ်ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ဆွေးနွေးချင်ပါတယ်။ အကောင်အထည်ဖော်မှုရှိ/မရှိ၊ လိုက်နာမှုရှိ/ မရှိကို ကော်မရှင် တရပ်ဖွဲ့စည်းတဲ့နေရာမှာလဲ အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ် တွေက အပြည်ပြည်ဆိုင်ရာအလုပ်သမားစံနှုန်းတွေနဲ့အညီ စုံစမ်းစစ်ဆေးစေချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ နိုငံမှာ အလုပ်သမားအဖွဲ့အစည်းတွေ များပြားလာမှာဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီး ဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ အလုပ်သမားအဖွဲ့အစည်းက (၄၀၀) ကျော်ရှိပြီ၊ ဒီအထဲမှာမှ မြို့နယ်အဆင့်တက်တဲ့ အဖွဲ့အစည်းက (၄) ဖွဲ့ပဲရှိတယ်၊ ဥပဒေတွေကန့်သတ်မှုတွေရှိနေတဲ့အခါမှာ  တိုင်းအဆင့်တွေတက်ဖို့ အဖွဲ့ချုပ်အဆင့်တွေတက်ဖို့ နိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ်အဆင့်တွေ ဘယ်လို တက်လှမ်းနိုင်မလဲ။ အလုပ်သမားတွေအနေဲ့ အခက်အခဲအများကြီးရှိပါတယ်။

ခိုင်ခိုင်နွယ် (တိုင်ရီဖိနပ်စက်ရုံ)
          ဖွဲ့စည်းပုံဥပဒေထဲမှာ လိုအပ်ချက်လေးတွေ ပြင်ဆင်သင့်တယ်။ အဖွဲ့အစည်းဥပဒေထဲမှာ အသက် (၁၈) နှစ်ပြည့်မှသာလျှင် အလုပ်သမားအဖွဲ့အစည်းထဲကို ၀င်ရောက်နိုင်မယ်ဆိုတာ လုပ်ငန်းခွင်ထဲမှာဆိုရင် အသက်(၁၈) နှစ်မပြည့်ပဲနဲ့ မိသားစုစားဝတ်နေရေးကြောင့် အလုပ်လုပ်နေရတဲ့သူတွေရှိပါတယ်။ သူတို့တွေက အသက် (၁၈) နှစ် မပြည့်သည့်အတွက် အလုပ်သမားအဖွဲ့အစည်းထဲကို ၀င်ခွင့်မရှိဘူး။ သူတို့ကအမှန်တကယ်ဝင်ချင်ကြပါတယ်။ ဒါဆိုရင် သူတို့အတွက် အဖွဲ့အစည်းဆိုတဲ့ အာမခံချက်က အထောက်အကူမပြုနိုင်တော့ဘူးဖြစ်နေပါတယ်။ ဒါ့ကြောင့် ဒီဥပဒေထဲမှာ အသက် (၁၈) နှစ်ပြည့်မှ ၀င်ခွင့်ရမယ်ဆိုတဲ့ ဥပဒေတွေကို ပြင်ဆင်သင့်ပါတယ်။ အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းသည့် အလုပ်သမားတွေကို ခွဲခြားဆက်ဆံခြင်းမပြုရဘူးဆိုထားပါတယ်။ ဒါပေမယ့် ခွဲခြားဆက်ဆံခြင်း မပြုရဘူး ဆိုတာ စာထဲမှာပဲရှိပါတယ်။ ခွဲခြားဆက်ဆံခြင်းမပြုရဘူးဆိုတာဘာပါလဲ ဆိုတာပြောထားတာမရှိဘူး။ ခွဲခြားဆက်ဆံခြင်းမပြုရဘူးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလဲ တိတိကျကျနဲ့ ပွင့်ပွင့်လင်းလင်းဖြစ်အောင်လို့ ဖွင့်ဆိုပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ရှင်တွေက ခွဲခြားဆက်ဆံခြင်းမပြုရဘူးဆိုတာကို အလုပ်သမားတွေကို အလုပ်သမားအချင်းချင်း သာတူညီမျှမှုအခွင့်အရေး ပေးရုံလောက်ပဲ သိထား ကြပါတယ်။ အလုပ်သမားအဖွဲ့အစည်းဖွဲ့ရင် အလုပ်ထုတ်ခံရတာ၊ ဌာနတွေ ပြောင်းလဲတာ တွေရှိပါတယ်။ ဒါတွေကလဲ အလုပ်သမားတွေရဲ့ အခွင့်အရေးကိုချိုးဖောက်ပြီးတော့ ခွဲခြားဆက်ဆံတာဖြစ်ပါတယ်။ ဒါကြောင့် ခွဲခြားဆက်ဆံခြင်းကို တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ဥပဒေထဲမှာ ပြဌာန်းပေးစေချင်ပါတယ်။


တင်မိုးခိုင် (ဆာကူရာ အထည်ချုပ်စက်ရုံ)
          သမ္မတကြီးချမှတ်ထားတဲ့ဥပဒေအရ အလုပ်သမားတွေဘက်က အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းတယ်၊ ဒါပေမယ့် အလုပ်သမားအဖွဲ့အစည်းတွေဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ပိုပြီးတော့ပြဿနာတွေ ထွက်ပေါ်လာပါတယ်။ ဥပမာ- လှိုင်သာယာတော်ဝင်ဇာပန်းထိုးစက်ရုံမှာ မန်နေဂျာက အလုပ်သမား ကိုယ်စားလှယ် (၇) ဦးကို အလုပ်ဖြုတ်ခဲ့ပါတယ်။ နောက်မြို့နယ် ဖြန်ဖျေရေးမှာလဲ ဖြန်ဖျေပေးလို့ မရခဲ့ပါဘူး၊ ခုံသမာဓိမှာ ဆက်ပြီးတော့ တင်ထားတယ်။ ဒီကိစ္စကို အလုပ်ရှင်တွေက စောင့်ကြည့်နေပါတယ်။ အလုပ်ရှင်တွေဘက်က ပြဿနာကို ဖြေရှင်းမပေးနိုင်ခဲ့ဘူးဆိုရင်၊ အစိုးရဘက်က ဖြေရှင်းမပေးနိုင်ခဲ့ ဘူးဆိုရင် နောက်ထပ်အခြေခံအလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်တွေကို ဒီလိုပဲ အလုပ်ထုတ် နေဦး မှာပါ။ ဒါ့ကြောင့် ဒီလိုသမ္မတကြီးက ချမှတ်ထားတဲ့ဥပဒေတွေကို မလိုက်နာနိုင်တဲ့အစိုးရနဲ့ အလုပ်ရှင် တွေကို ထိရောက်စွာအရေးယူပေးနိုင်ခြင်းမရှိကြဘူးလားလို့ သိချင်ပါတယ်။ ထိရောက်စွာ အရေးယူပေးပြီး ပြီ ဆိုရင်လဲ သတင်းတွေ၊ ဂျာနယ်တွေမှတဆင့် တနိုင်ငံလုံးသိရှိအောင် ဆောင်ရွက်ပေးစေချင်ပါတယ် ဒါမှနောက်ထပ်မြို့နယ်တွေမှာရှိတဲ့ အခြားသော အစိုးရနဲ့ မန်နေဂျာကြီးတွေကလဲ လုပ်ဆောင်ရဲမှာ မဟုတ်ပါဘူး။ အလုပ်သမားတွေက ဥပဒေကို လေးစားလိုက်နာပေမယ့် အလုပ်ရှင်တွေဘက်က ချိုးဖောက် နေတယ်။ လုပ်ငန်းခွင်အတွင်းမှာလဲ အပြစ်မရှိဘဲနဲ့ အလုပ်ထုတ်ခံရတာတွေရှိနေပါတယ်။ အလုပ်ထုတ်ခံ ရလျှင်လဲ သင့်တင့်တဲ့ လျှော်ကြေးတွေခံစားခွင့်တွေကို ပေးစေချင်ပါတယ်။ အသက်မပြည့်သေးသော် ၀န်ထမ်းတွေကိုလဲ သင့်တင့်မျှတတဲ့ လုပ်အားခ၊ အလုပ်ချိန်တွေကို သတ်မှတ်ပေးစေချင်ပါတယ်။


ချောစုလှိုင် (တော်ဝင်မြန်မာဇာပန်းထိုး)
          ကျွန်မတို့ဟာ ကိုယ်စားလှယ်(၇) ယောက်စလုံးကို အလုပ်ထုတ်ခံထားရခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခွဲခြားဆက်ဆံခြင်းကစတာပါ။ အလုပ်သမားတွေမှာ အခြေခံအလုပ်သမားအဖွဲ့ အစည်းကို ခက်ခက်ခဲခဲနဲ့ ဖွဲ့စည်းခဲ့ရတာဖြစ်ပါတယ်။ အဖွဲ့အစည်းတွေဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ဟိုအရင်က မရှိခဲ့တဲ့ပြစ်မှုတွေ အပြစ်မရှိ အပြစ်ရှာတဲ့ကိစ္စရပ်တွေကြောင့် ကိုယ်စားလှယ်(၇)ဦး အလုပ် ထုတ်ခံရတာဖြစ်ပါတယ်။ ဒီလိုသာ အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်တွေကို အလုပ်ထုတ်နေမယ် ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံအလုပ်သမားအဖွဲ့အစည်းတွေဟာ ကြောက်လန့်ကုန်ကြပါ လိမ့်မယ်။ အခြေခံအလုပ်သမားအဖွဲ့အစည်း မဖွဲ့စည်းနိုင်ရင် မြို့နယ်အဆင့်မပြောနဲ့ တိုင်းအဆင့်ဆိုတာ ဘယ်နား နေမှန်းမသိပါဘူး။ ဒီတော့ ကျွန်မတို့ ကိုယ်စားလှယ် (၇) ယောက်အလားတူပဲ ကျန်ကိုယ်စား လှယ်တွေကို အလုပ်ထုတ်ခံရမှာကို စိုးရိမ်ပါတယ်။ ကိုယ်စားလှယ်တွေကို ဖြိုခွဲနေတဲ့ အခြေခံအလုပ်သမားအဖွဲ့အစည်း တွေကို ဖြိုခွဲနေတဲ့ အလုပ်ရှင်တွေ စာချုပ်ကို ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေ မန်နေဂျာတွေကို ထိရောက် စွာ ဥပဒေအတိုင်းချမှတ်ထားတဲ့အတိုင်း ထိထိရောက်ရောက် အပြစ်ဆိုလဲအပြစ် ဒဏ်ကြေးဆိုလဲ ဒဏ်ကြေး ဆောင်ရွက်ပေးဖို့ အကြံပေးချင်ပါတယ်။


ဇော်လင်းအောင် (ဒက္ခိဏ တောင်သူလယ်သမားအရေးဆောင်ရွက်သူ)
          ပြည်ထောင်စုဝန်ကြီးက ပြည်သူတွေက မထီမဲ့မြင် မျက်ကွယ်ပြုနေတဲ့ကိစ္စကို တင်ပြချင်ပါတယ်၊ ကျွန်တော်တို့နယ်မြေမှာရှိတဲ့ ကျွန်တော်တို့ကပဲ ပြည်သူသာလျှင်အမိ ပြည်သူသာလျှင် အဖ သူမဲရ အောင် ဆိုပြီး သူစည်းရုံးတဲ့အချိန်မှာ မဲတွေထည့်ပေးကြတယ်။ မဲရပြီးတဲ့အချိန်မှာ လယ်ယာမြေတွေကို အတင်း အဓမ္မသိမ်းခြင်း၊ လယ်သမားတွေကို တရားစွဲခြင်းတွေလုပ်ခိုင်းပါတယ်၊ စွဲခြင်းကလဲ သစ်တော (၄၀-က)နဲ့ တရားစွဲခိုင်းတယ်။ (၆) လပိုင်း (၁၂) ရက်နေ့က တရားစွဲခဲ့ပါတယ်။ (၈) ပိုင်း (၆) ရက်နေ့မှာပဲ အမှုကို အပြီးအပိုင် ရုပ်သိမ်းခဲ့ပါတယ်။ ရုပ်သိမ်းစာတွေလဲ ကျွန်တော်တို့ လက်ထဲမှာရှိခဲ့ပါတယ်။ (၉) လပိုင်း (၁၃) ရက်နေ့မှာ ရုံးတော်ကို ခေါ်ဆောင်ပြီးတော့ ဒီအမှုနဲ့ပဲ ဒီပုဒ်မနဲ့ပဲ ပြန်ပြီး တရားစွဲခဲ့တယ်။ ဘာကြောင့်တရားစွဲလဲမေးတော့ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်က တရားစွဲခိုင်းလို့ စွဲရတာဖြစ်တယ်။ အခုလဲ ပြည်သူသာလျှင်အမိ ပြည်သူသာလျှင်အဖ ပြည်သူရဲ့ဆန်ကိုစားပြီး ကြီးပွားနေတဲ့ သူတွေက ပြည်သူကိုစော်ကားတဲ့ စကားလုံးကြီးတစ်လုံးက ယနေ့အချိန်အထိလုပ်မပေးနိုင်တဲ့ မုဆိုးမကအစ  ငါ့သားရေ ထမင်းမ၀လို့ ထမင်းတစ်နပ်လျှော့စားပါလို့ ကမ္ဘာဦးအစကတည်းက ယနေ့ အချိန်အထိ ပြောသံမကြားခဲ့ပါဘူး။ အခုဆိုရင် နေပြည်တော်မှာ ဖြစ်ပေါ်နေတာက စည်ပင်နဲ့ သစ်တော သည် အိမ်ရှင် ကုမ္ပဏီသည် ဧည့်သည်ဖြစ်တဲ့အတွက်ကြောင့် လယ်ယာမြေတွေကို အတင်းအဓမ္မ သိမ်းယူပြီး မပြောင်းပေးရင် စည်ပင် (၂၆) နဲ့ တရားစွဲရင် ထောင်ဒဏ် (၁)လ၊ ဒီတောင်သူတွေဟာ ဘိုးဘွားပိုင်လက်ထက်ထဲက လုပ်ကိုင်စားသောက်လာတာဖြစ်တဲ့အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပေါ်လာပြီ ဆိုတည်းက ရပ်ရွာ အုပ်ချုပ်ရေးမှူးမှာလဲ ပွင့်လင်းမြင်သာအောင် မြို့နယ်တွေက အသိအပေးထားခြင်းလဲမရှိပါဘူး။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို ဥပဒေအရ မင်းတို့ ဒရမ်(၆) ရမယ်ဆိုရင် ကျွန်တော်တို့လဲ (၆) ရမယ်။ လူ့အခွင့်ရေးကြေညာစာတမ်းအပိုဒ်(၇) အရ လူတိုင်းသည် တရာဥပဒေ၏ရှေ့မှောက်တွင် လူသားအဖြစ်ရှိရမည်။ ကျွန်တော်တို့က စည်ပင်ကို ပြန်ပြီး တရာစွဲမယ် ဆိုရင် ရုံးတွေက လက်မခံဘူး။ သမ္မတကြီးဦးသိန်းစိန်ကလဲ စားပွဲပေါ်မှာထိုင်ပြီး ဆင်းရဲမွဲတေမှု လျှော့ချရေးကိုပြောခဲ့ပါတယ်။ ကြားရတဲ့အချိန်မှာ ၀မ်းသာခဲ့ပါတယ်။ အခုရက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ ဂျာနယ်လေးမှာ တမဦးချ တောင်သူများကို အခစားအနေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းမှာပဲ အသနားခံ အနေနဲ့ ပေးစားရမယ်ဆိုတဲ့ စကားတွေက စားပွဲပေါ်မှာပဲ ပျောက်ကွယ်နေပါတယ်။


မြမြစိုး (The Myth Apparel)
          လုပ်ငန်းခွင်ဘေးအန္တရာယ်နဲ့ ကျန်းမာရေးပါ။ တချို့စက်ရုံတွေဆိုရင် ဖူလုံးရေးကဒ်မရရှိသေးပါဘူး။ တကယ်နေမကောင်းဖြစ်တော့မှ သွားတောင်းရင် ဖူလုံရေးအတွက် နံမည်စာရင်းတင်ထားတယ်။ တင်ထား လို့ ကျတဲ့လူကိုမှ ဖူလုံရေးကဒ်ပေးတာပါလို့ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရင်လည်း ဆေးခန်း သွားပြရင် ပြီးပြက်အောင် ဆောင်ရွက်မပေးဘူး။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျန်းမာရေး ဆေးခွင့်နဲ့ မီးဖွားခွင့်တွေ ပေးစေချင်တယ်။ အလုပ်သမားတွေအနေနဲ့ ရှောင်တခင်ခွင့်ယူရင်လည်း (၂) လကိုမှ (၁) ရက်ပဲပေးတယ်။ ကြားရက်ထဲမှာယူရင်လည်း လစာဖြတ်တယ်။ 


မလဲ့လဲ့စိုး (ဆာကူရာအထည်ချုပ်စက်ရုံ)
          ကျွန်မတို့မြန်မာနိုင်ငံက အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်လို့ရင် ပညာရေးက အရမ်းနိမ့်ပါးလွန်းပါ တယ်။ စားဝတ်နေရေးမပြေလည်တဲ့အတွက် ပညာရေးဘက်ကိုလျှော့ပြီးတော့ စားဝတ်နေရေး ဘက်ကို လုံးပန်းနေရနတဲ့အလုပ်သမားအများစုထဲမှာ ပညာရေးကို ကြိုးစားချင်စိတ်ရှိတယ်။ နောက်ပြီးတော့ ခက်ခက်ခဲခဲကြားက ပညာရေးအတွက် ဥပဒေတရပ်လောက်ပေါ်ထွက်စေချင်တယ်။ ဘာကြောင့် လဲဆိုရင် စက်ရုံတွေမှာက အလုပ်သမားတွေအတွက် ထုတ်ပေးထားတဲ့ ဥပဒေတရပ်မရှိသေးပါဘူး ဒီ ကျောင်းသား တစ်ယောက်က အဝေးသင်နဲ့ကျောင်းကို တတ်ရတယ်။ ကျောင်းတတ်တဲ့အခါမှာ စက်ရုံမှ အလုပ်လုပ်တာ (၂) နှစ်လောက်ရှိပြီ (၂) နှစ်ရှိတဲ့အခါမှာ စားမေးပွဲဖြေဖို့ ခွင့်ယူကြမယ်။ ခွင့်ယူတဲ့အခါမှာ အလုပ်ဝင်တဲ့ နေ့က အသစ်ပြန်ဖြစ်သွားတယ်။ သူရဲ့ ခံစားခွင့်ရှိတဲ့အတွက် ခွင့်ရရှိရေးအတွက် ဥပဒေသစ်တရပ်အနေနဲ့ ထုတ်ပေးစေချင်တယ်။ ဒါမှလည်း မြန်မာနိုင်ငံမှာ ကျောင်းသားတွေအတွက် ပညာရေးအခွင့်အလန်းတွေ ရရှိမှာဖြစ်ပါတယ်။ အဲဒီလို ဥပဒေမရှိတဲ့အတွက် မြန်မာနိုင်ငံဟာ သူများနိုင်ငံနှင့် ယှဉ်ရင် အမြဲတမ်း ပညာရေးနိမ့်နေမှာဖြစ်တယ်လို့ ထင်ပါတယ်။ ဒီအတွက် သမ္မတကြီးအနေနဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ဥပဒေတရပ်ဖြစ်ဖို့ ထုတ်ပြန်ဖို့ တောင်းဆိုချင်ပါတယ်။


ကိုဇော်စိုင်းမင်း (MWDC)
          အလုပ်သမားသမဂ္ဂတွေမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ပြေလည်စေချင်ပါတယ်။ သူတို့မရရှိတဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့ စက်ရုံမှာ ရပါတယ်။ ဒါပေမယ့် ရတဲ့အခွင့်အရေးတွေက ဘာတွေလဲဆို ရင် သူတို့မှာ လုံးဝမရရှိပါဘူးဆိုတဲ့အခွင့်အရေးတွေကို ရပါတယ်။ ဒါပေမယ့် သေသေချာချာ စစ်စစ်ပေါက် ပေါက်ကြည့် လိုက်တဲ့အခါမှာ လက်တလုံးကြားလေးထဲမှာရှိတယ်။  ပြဿနာတစ်ခုဖြစ်တယ်ဆိုရင် အရေး အကြောင်းဆို ဘယ်လိုလုပ်ပေးရမလဲ။ ဆေးရုံပို့ပေးရတယ်။ သွားလာစရိတ်ကိုတော့ ကိုယ့်ဘာသာ ခံရတယ်။ ကားစီစဉ်မပေးနိုင်ဘူး။ ရုံးသုံးဆိုင်ကယ်ရှိတဲ့အတွက် ရုံးဆိုင်ကယ်ပေးသုံးတယ်။ ကျွန်တော် ကိုယ်တိုင်ကလဲ လုပ်ငန်းခွင်ထဲမှာ မျက်စိခိုက်မိ ထားပါတယ်။ ဒါ့ကြောင့်ခွင့်ယူထားတယ်။ ခိုက်မိတယ် ဆိုတာ ကျွန်တော်တို့အလုပ်သမားတွေက ငွေကြေးမရှိတော့ ပညာပေါ့ ပညာရှိမတော့ ကာယပေါ့ ပညာ လည်းမရှိဘူး၊ ငွေကြေးလည်းမရှိတဲ့အတွက် ကာယလုပ်အားနဲ့ လုပ်ကိုင်ကြရတယ်။ ဒါကြောင့် အသိဥာဏ် မကြွယ်ဝပါဘူး။ အဲဒီတော့ ဘာဖြစ်ရင် ဘယ်ကိုသွားရမယ်ဆိုတာကို မသိဘူး။ ကိုယ်ဖြစ်တဲ့အတွက် ကိုယ့်ဘာသာပျေက်ချင်တဲ့အတွက် ကိုယ့်ဘာသာသွားရတယ်။ ဒါကို အလုပ်မလာနဲ့ ဆိုရင် ပြဿနာ ဖြစ်တယ်၊ ဒါကြောင့် ဖူလုံရေးရုံးကို ရောက်သွားတယ်။ ဖူလုံရေးရုံးက ဘာလုပ်ပေးလဲဆိုရင် တရားစွဲရမယ့် ကိစ္စဖြစ်တယ် အမှုဖွင့်ရမှာဖြစ်တယ်။ သက်သေဘယ်သူရှိလဲ မေးတယ်။ ခွင့်ကို (၂၈) ရက်လောက် ယူရတယ်။ ဒါကို ဆေးခွင့်ပေးတယ်။ နောက်တစ်ယောက်က လျှော်လဲပြီးတော့ ခိုက်မိတာပါ။ ဒါလဲ အလုပ် မလုပ်နိုင်ဘူး။ လူမှုဖူလုံရေးအရ ခွင့်ပေးတယ်။ ကျွန်တော်က သူတို့မရရှိတဲ့အခွင့်အရေးတွေကို ရရှိတယ်။ ဘာတွေရရှိလဲဆိုတာတွေကို ပြောပြတာပါ။ အခုသူတို့တွေမှာ ဒါတွေမရှိဘူး ကျွန်တော်တို့မှာ ဒါတွေကို အပြည့်အစုံရှိတယ်။ ဒါပေမယ့် လုပ်ငန်းမှာ လစာမကောင်းဘူး။ လစာမလုံလောက်ဘူး။ ဒါကြောင့် အချိန်ပိုတွေဆင်းရတယ်။ အချိန်ပိုဆင်းတဲ့အခါမှာ (၃) မျိုးဖြစ်နေတယ်။ (၁) Public Holiday အများပြည်သူနားရက်၊ (၂) ကိုယ်ပိုင်နားရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ ကိုယ်ပိုင်ဆင်းနေတဲ့အချိန်ကို (၄) နာရီပုံမှန်ပေးနေရတယ်။ (၄) နာရီပေးတဲ့ အချိန်ပိုက ကျွန်တော်တို့ လစာအလိုက်ပေးတယ်၊ ကျွန်တော် ဆိုရင် တရက်ကို ၃၅၀ ရတယ်။ အဲဒါက ပုံမှန်ဆင်းနေတဲ့ အချိန်ပိုကြေးပါ။ နောက်တခါ နားရက်မှာ ဆင်းတဲ့အချိန်ပိုကြေးကိုတော့ ၁၉၉ ကျပ်ပဲရတယ်။ အများပြည်သူရုံးပိတ်ရက်မှာ ဆင်းရင် (၂) ဆရတယ်။ (၂)ဆပေးတဲ့ အချိန်ပိုကြေးက ရုံးပိတ်ရက်မှာ အချိန်ပိုဆင်းတဲ့လူက (၁၀၀၀) ရရင် (၂၀၀၀) ရရမယ်၊ အဲဒီတော့ (၂၀၀၀)ကို အချိန်ပိုကြေးထဲမှာပါရမလား ၊ လစာထဲမှာပါရမလာ။ အချိန်ပိုကြေးမှာ (၁၀၀၀) ပါသွားတယ်၊ နောက်(၁၀၀၀) ကလစာထဲမှာပါသွားတယ်။ ကျွန်တော်တို့ အချိန်ပိုမဆင်းပဲနဲ့နေမယ်ဆိုရင် (၁၀၀၀)က လစာထဲမှာ ရှိပြီးသားပါ။ ဆင်းလိုက်တဲ့အတွက် (၂၀၀၀) က ဥပဒေအတိုင်း စာရွက်စာတမ်း တွေမှာလဲ အကုန်လုံးအခွင့်အရေးတွေ ရရှိပါတယ်။ တကယ်ပေးလိုက်တဲ့အခါမှာ အမြဲတမ်း (၁၀၀၀)က (၁၀၀၀) ပဲရတယ်။ အချိန်ပို အနေကုန်ဆင်းတာ (၁၀၀၀) ပဲရတယ်။ ကျန်တဲ့ (၁၀၀၀) ကဘယ်မှာလဲဆိုရင် လစာထဲမှာ။ မဆင်းလဲ ဒီ (၁၀၀၀) ကရပြီးသားပါ။ အဲဒီလို ဥပဒေတွေမှာ ထည့်ထားလားလို့လေ။ အဲလိုမလုပ်သင့်အောင် ဒီသမဂ္ဂအဖွဲ့ဝင်တဲ့အတွက် နေရာလေးတွေ ကျဉ်းမြောင်းသွားတယ်။ ကျွန်တော်က ဥက္ကဌဖြစ်တယ်။ ကျွန်တော်လို ကျွမ်းကျင်တဲ့အလုပ်သမားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တစ်ယောက်တည်းပဲ ဒီဌာနကနေပြီး Solution တွေလုပ်တော့မယ်ဆိုရင် ကျွန်တော့်ကို အခြားဌာနမှာ ကျွမ်းကျင်ပါတယ်ဆိုပြီးပြောင်းခိုင်းတယ်။ အရက်ချက်ကျွမ်းကျင်တဲ့အတွက် အရက်ချက်ဌာန ကိုပို့လိုက်တယ်။ အရက်ချက်ရလားဆိုရင်မချက်ရပါဘူး ကျွန်တော်ဟာ အရက်ချက်လုပ်သားတွေနဲ့ တန်းတူလုပ်ဆောင်နေရတယ်။ အလုပ်ရှင်တွေက လှည့်စားပြီးတော့ ဟိုနေရာပို့ ဒီနေရာပို့နဲ့ လုပ်ဆောင် နေတာပါ။ ဒါလေးတွေကို ဝေမျှပေးတာပါ။




ကိုသက်နိုင်ထွန်း (မန္တလေး)
          သီရိမင်္ဂလာကားဝန်းအတွက် လယ်မြေသိမ်းခံရတဲ့ တောင်သူတစ်ဦးကို မြေတဧကလျှင် ၄၀၊ ၆၀ ပေးပါမယ်ဆိုပြီး ဒီနေ့အချိန်အထိ ဘယ်ဌာန တိုင်ရမလဲမသိပါဘူး။ လွှတ်တော်လဲတင်တယ်။ ဌာနဆိုင်ရ အကြီးအကဲတွေကိုလည်း တင်ပါတယ်။ တောင်သူတွေဟာဘာမှ နစ်နာမှုကို ခံစားရတာမရှိပါဘူး။ ပိုလျှံနေတဲ့ လယ်မြေတွေကိုလဲ ဌာနဆိုင်ရာတွေက ပိုရှင်ရှိသည် မကျူးကျော်ရဆိုပြီးတော့ ၀န်းခတ်ထား တယ်။ ဒီကိစ္စကို တောင်သူတွေကိုယ်စားတင်ပြပေးပါလို့ တောင်းဆိုချင်ပါတယ်။


ကိုစိုင်း (မင်္ဂလာဒုံ ဆောက်လုပ်ရေး)
          လက်ရှိတည်ဆဲဥပဒေကို ကြည့်တဲ့မူကို မူမကောင်းတာကိုတွေ့တယ်။ အလုပ်သမားတွေ အတွက်ကို ဥပဒေ(၂) ရပ် ဖွဲ့စည်းခြင်းဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းရေးဥပဒေပါ၊ ဒီမူကို ဘယ်သူက ရေးဆွဲလဲဆိုတာကို သိချင်ပါတယ်။ အလုပ်သမားတွေကိုယ်တိုင်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အလုပ်သမားတွေက ရေးဆွဲလို့ မရဘူးလား၊ ပါဝင်ရေးဆွဲခွင့်မရှိဘူးလားဆိုတာသိချင်ပါတယ်။ အလုပ် သမားတွေကပဲ ရေးဆွဲတဲ့ စည်းမျဉ်းစည်းကမ်းမူ ဥပဒေကို လိုက်ပါပြီးအကောင်အထည်ဖော်ကြတဲ့ အလုပ်သမားတွေ အကောင်အထည်ဖော်တဲ့ အချိန်မှာ သူတို့ရေးတဲ့မူကိုလဲ လေးစားလိုက်နာမှုမရှိဘူး၊ သူတို့ရေးတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလဲ လိုက်နာမှုမရှိ ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ကိုလဲ ဒါကို လိုက်နာပါဆိုပြီး အကောင်အထည်ဖော်ခိုင်းတယ်။ လူမကောင်းမှုကိုသွားမြင်တယ်။ ဘာလို့လဲဆိုရင် အလုပ်သမားဝန်ကြီးဌာန ရောက်လာတယ်။ အလုပ်သမားအရေး ဌာနကို ရောက်လာတယ်။ ဘာသွား တွေ့လဲဆိုရင် ဦးစီးမှူးဟာ စစ်တပ်ဘက်က အငြိမ်းစား ယူထားတဲ့ လူတွေဖြစ်တယ်။ ပြီးတော့ ညွန်မှူး၊ ညွန်ချုပ်ဟာ စစ်တပ်မှ အသွင်ပြောင်းလာတဲ့သူတွေဖြစ်တယ်။ မူနဲ့ လူနဲ့ကြားမှာ လူငယ်မျိုးဆက်တွေက လည်ထွက်နေတယ်။ လူငယ်မျိုးဆက်တွေ ဘာစဉ်းစားနေရလဲဆိုရင် ဒီမူအတိုင်း ဆက်သွားနေရင် ငါတို့ မျိုးဆက်ကို မုန့်လုံးစက္ကူကပ်ရတော့မလိုဖြစ်နေတယ်။ ဒါကြောင့် ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကို ရည်ရွယ်ချက်တွေကို အလုပ်သမားတွေရော ပါဝင်ရေးဆွဲလို့မရဘူးလား။ အလုပ်သမားတွေလိုက်နာရမယ့် ဥပဒေတွေကို အလုပ်သမားတွေကလဲ ပါဝင်ခွင့်မရဘူး ဘယ်သူရေးဆွဲလိုက်မှန်း မသိဘူး။ မသိလိုက်ပဲနဲ့ လိုက်ပြီးကျင့်သုံးနေရတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ပါဝင်ရေးဆွဲခွင့်မရဘူး လားဆိုတာကို မေးချင် ပါတယ်။


ဦးမောင်မောင် (FTUB)
          မတ်လကနေပြီးတော့ အလုပ်သမားအဖွဲ့အစည်းတွေဖွဲ့စည်းထားတာ (၄၀၀) ကျော်ရှိပါပြီ။ ဒါပေမယ့် (၃) သိန်း လောက်ရှိတဲ့ အလုပ်သမားတွေက အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းထားတာ (၅) သောင်းလောက်ပဲရှိပါတယ်။ (၅) သောင်းလောက်ကိုမှ အခြေခံအဆင့်၊ မြို့နယ်အဆင့်တွေမှာပဲရှိတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာပြီဆိုရင် အလုပ်သမားတွေအခက်အခဲတွေ့မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်ဆိုရင် နိုင်ငံခြားကုမ္ပဏီတွေပါ ၀င်လာပါလိမ့်မယ်။ နိုင်ငံခြားကုမ္ပဏီတွေက သူတို့ ကျင့်နည်းကျင့်စဉ်တွေနဲ့ လာမယ်ဆိုရင် လိုအပ်ချက်က Cooperation တိုင်းသည် CSR လို့ခေါ်တဲ့ Coorporate Social  Responsibility တိုင်းကျင့်သုံးရမယ့် အခြေခံ အချက်အလက်တွေရှိပါတယ်။ ဒီလိုပဲ မြန်မာ့အမျိုးသမီးရေးရာအဖွဲ့ချုပ်က အသိ အမှတ်ပြုထားတဲ့ ကိစ္စတွေလဲရှိပါတယ်။ အလုပ်သမားသမဂ္ဂတွေရှိရေးဆိုသည်မှာလဲ အချက်အလက်လိုတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်လာမယ်ဆိုရင် ဒီကုမ္ပဏီတွေရဲ့ Human Resources ပေါ့ လူသားအရင်းအမြစ်ဘက်က ကြည့်မှသာလျှင် ဒီနိုင်ငံမှာ အခြေခံအလုပ်သမားသမဂ္ဂတွေရှိတယ် အလုပ်သမားသမဂ္ဂအခြေခံ အခွင့် အရေးတွေကို လိုက်နာရဲ့လားဆိုတာကို သတိပြုမိမယ်။ ကျွန်တော်တို့ဆီမှာက ၀ိုင်းလုပ်သည့်တိုင်အောင် အဖွဲ့ပေါင်း (၄၀၀) ကျော်ပဲ ရှိတယ် အများစုကလဲ စက်မှုလက်မှုဇုန်တွေထဲမှာရှိသေးတဲ့ လယ်ယာတွေထဲမှာ ရှိသေးတယ်ဆိုရင် ကျွန်တော်တို့က FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၀င်လာသည်ဆိုသည်တိုင်အောင်မှ နိုင်ငံရဲ့ အခြေခံကို ကြည့်မယ်ဆိုရင် အတော်လေး အခက်အခဲကို တွေ့နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ ကိုယ့်ဘာသာ လက်ထဲညှစ်နေတဲ့ဥပဒေကို ပြန်ပြီးတော့ပြင်ဖို့သင့်တယ်လို့ ကျွန်တော်အကြံပြုချင်တယ်။ နောက်ထပ်အခက်အခဲက ဘာလဲဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်လာရင် Collective Bargaining စုပေါင်းတောင်းဆိုမှုကတဆင့် စုပေါင်းသဘောတူညီမှု ကုမ္ပဏီအလိုက် လုပ်ငန်းအလိုက်ရှိရမယ့် စုပေါင်းဆိုမှုဆိုတဲ့ကိစ္စက ဒီကနေတဆင့် စုပေါင်းသဘောတူညီမှုဆိုတာက အခက်အခဲဖြစ်လာတယ်။ အခြေခံလစာကိုလိုချင်တယ်ဆိုရင် လုပ်ငန်းအလိုက် သက်ဆိုင်ရာအလိုက် သတ်မှတ်ချက်တွေ သဘော တူညီမှု လှိုင်သာယာမြို့နယ်မှာ ရှိတဲ့ အထည်ချုပ်လုပ်ငန်းရော ဒဂုံမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းရော မန္တလေးမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းရော အားလုံးရဲ့ တူညီတဲ့ လစာနှုန်းထားကို တူညီတဲ့ကုမ္ပဏီတစ်ခုမှာ တူညီတဲ့ သဘောတူညီချက်ထိုးဖို့ဆိုတာကတော့ အခြေခံကနေ မြို့နယ်အဆင့် တိုင်းအဆင့်သွားမယ့် သမဂ္ဂတွေရှိဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဖြစ်နိုင်တဲ့အခက်အခဲကို ကျော်လွှားဖို့အတွက်က သမဂ္ဂဖွဲ့စည်းမှုကို ချုပ်ထားတဲ့ ဥပဒေအချို့ကို ပြင်ဆင်ပေးဖို့ သင့်တယ်လို့ ကျွန်တော်တင်ပြချင်ပါတယ်။ နောက်တစ်ခုကတော Regulation ပါ ကျွန်တော်တို့ Social Partner  တွေအနေနဲ့က အလုပ်သမားဆိုတာက ကာယအားစိုက်ပြီးတော့ ပါဝင်ရတဲ့ မဟာမိတ်တစ်ခုမှာ တစ်ဖက်ကတော့ ငွေကြေးနဲ့ ရင်းပြီးတော့ထားတာမှန်တယ် တစ်ဖက်ကလဲ ကိုယ့်ရဲ့ ကာယအားနဲ့ ရင်းနှီးထားတာ အဲဒီနှစ်ခုပေါင်းပြီးတော့မှ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းဆိုတာဖြစ်လာတာ။ အလုပ်ရှင်က ငွေကြည့်ပဲ ပုံထားလို့မဖြစ်ဘူး၊ အလုပ်သမားကြည့်ပဲ အလုပ်လုပ်နေလို့မဖြစ်ဘူး။ အလုပ်ရှင်ရဲ့ ငွေလဲပါသလို အလုပ်သမားရဲ့ လုပ်အားလည်းပါရပါတယ်။ တီထွင်ကြံဆမှုလည်းပါရပါတယ်။ သမဂ္ဂတွေကို ဖွဲ့လာပြီ အစိုးရကလဲ မူချထားပေးတယ် အဲဒီမူအတိုင်း သမဂ္ဂနေပြီးတော့ Jules Regulation ဖွဲ့ပြီးပြီဆိုရင် ဖွဲ့ပြီးတာနဲ့ မပြီးသေးဘူး အသိအမှတ်ပြုဖို့ Regulation ဆိုတာလိုပါတယ်။ ILO မှာလဲ သတ်မှတ်ထားတာရှိပါတယ်။ အလုပ်သမားသမဂ္ဂသည် အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂဆိုတာ အစိုးရမှာ Social Dialog အလုပ်ရှင်သည် ဖွဲ့ထားပြီးသားသမဂ္ဂ ကို  တန်းတူဆက်ဆံရေး ရှိဖို့ဆိုတဲ့ အနေအထား ပြောင်းလာဖို့ကတော့ ကျွန်တော်ထင်တယ် အဲဒါကိုလဲ အစိုးရဘက်ကနေပြီးဝိုင်းပြီးတော့ ကူညီပေးဖို့ လိုပါလိမ့်မယ်။ သမဂ္ဂတွေကလဲ ကိုယ့်အနေအထားကို ကိုယ်လုပ်ဆောင်ရမယ်။ သို့သော် ဥပဒေအရကို သွားပြီးတော့စည်းရုံးတဲ့နေရာမှာ ဥပဒေအကြောင်းအရာအရ ချိုးဖောက်တယ်ဆိုရင် စည်းရုံးရေးမှူးတွေက အခက်အခဲတွေ့မယ်။ ဒါကြောင့် ကျွန်တော်တင်ပြချင်တာက ဒီတွေ့ဆုံပွဲမျိုးကို မကြာခဏလုပ်ပေးပါ။ ဒါမှ အောက်ခြေက စကားသံတွေကို ကြားရမှာဖြစ်တယ်။ ဥပဒေဆိုင်ရာကိစ္စတွေကို ပြင်ဆင်ဖို့လိုတယ်။ ဥပဒေကို သုံးသပ်မှုတွေ အကြံပေးမှုတွေရှိလာမယ်ဆိုရင် ပြဌာန်းထားပြီးသားဥပဒေကို ဘယ်လောက်အထိ လိုက်နာမလဲဆိုတဲ့ကိစ္စ တစ်ယောက်နဲ့တစ်ယောက် မတူအောင်ကျင့်သုံးနေတဲ့ကိစ္စ  အခြေခံမှာ ဒဂုံမြို့ နယ်မှာ ကတိခံဝန်ချက်ထိုးခိုင်းတယ်ဆိုတဲ့ကိစ္စ တွေက စာအုပ်ထဲမှာမပါပါဘူး။ ဒါဟာ ခြောက်လှန့်မှု တစ်ခုဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ လှိုင်သာယာမှာ ကတိခံဝန်ချက်မထိုးခိုင်းဘူး ဘာဖြစ်လို့ ဒဂုံမှာရှိတဲ့ မှတ်ပုံတင်အရာရှိချုပ်က ထိုးခိုင်းတယ်ဆိုတဲ့ကိစ္စကို သိဖို့လိုမယ်လို့ တင်ပြချင်ပါ တယ်။


မစုမာ (ပွင့်လင်း)
          ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်တွေကတော့ အရပ်ဖက်မှာရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ပွင့်လင်းမြင်သာမှုရှိအောင် မသိတာတွေကိုသိအောင် နားလည်မှုလွှဲတာတွေ ပြေလည်သွား အောင် ကျွန်မတို့ ဆောင်ရွက်နေတယ်။ အဲဒီအထဲမှာ ကျွန်မ အဓိက ဆောင်ရွက်တာက အလုပ်သမား အရေးနဲ့ လယ်သမားအရေးဖြစ်ပါတယ်။ အလုပ်သမားသမဂ္ဂဖွဲ့စည်းတယ် လယ်သမားသမဂ္ဂဖွဲ့စည်းတယ် ဆိုတာက အရမ်းကို ပင်ပန်းတယ်။ စိတ်ရောကိုယ်ရောနှစ်ပြီးတော့ လိုက်ပါဆောင်ရွက်ရတယ်။ လယ်သမား အရေးရော အလုပ်သမားအရောမှာ ဥပဒေကြောင်းအရကို နားမလည်တာတွေအရမ်းများတယ်။ ဥပဒေ အကြောင်းကိုလဲ နားမလည်ဘူး နည်းဥပဒေအကြောင်းကိုလဲ နားမလည်ဘူး သူတို့ကို နားလည်အောင် နားဝင်အောင်ဘယ်လိုပြောပြရမလဲဆိုတာကို ကျွန်မတို့ ရဲ့ စိတ်ကူးစိတ်တမ်းတွေနဲ့ တီထွင်ကြံဆပြီးတော့ ပြောပြပေးရတယ်။ အဖွဲ့အစည်းအောင်မြင်သွားပြီး စုစည်းမှုဖြစ်လာပြီဆိုရင် မကျေနပ်ချက်က အလုပ်ရှင် တွေဘက်က မကျေနပ်ဘူး။ ဒါ့ကြောင့် အလုပ်သမားတွေအပေါ် အငြိုးအတေးတွေထားကြတယ်။ အထည်ချုပ်မှာ သမဂ္ဂဖွဲ့စည်းတယ် ဖွဲ့စည်းတဲ့အတွက် လုပ်သက်မပြည့်လို့ဆိုပြီး ဖယ်လိုက်တယ်။ ဒါဟာ ဖွဲ့စည်းရေးကို နောက်ကြစေတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေက ဒီမူကအလုပ်သမားတွေအတွက်မူလား အလုပ်ရှင်တွေအတွက်မူလားဆိုတာကို သိရတော့မယ်။ မူပြောင်းတယ်ဆိုတာ လူပြောင်းလို့ မူပြောင်းတာ ဖြစ်တယ်။ ဒီမူက အလုပ်ရှင်ဘက်ကမူပဲဆိုရင် သူတို့ပေးထားတဲ့ ဥပဒေတွေနည်းဥပဒေတွေက အလုပ် သမားတွေအတွက်မပါဘူးပေါ့။ ချမှတ်ထားတဲ့ နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကို စုံစမ်းစစ်ဆေး ရေး ကော်မရှင်ရှိဖို့လိုတယ်လို့ ထင်တယ်။ So Go မီးခလုတ်ဆိုရင် အလုပ်ဝင်တာနဲ့ အလုပ်သမား သမဂ္ဂလို့ သုံးတာကို သူတို့မကြိုက်ဘူး အသင်းအဖွဲ့အဖွဲ့အစည်းမ၀င်ပါဘူးဆိုတဲ့ နှစ်ဦးသဘောတူ ခံဝန်ကတိထိုးရတယ်။ အလုပ်သမားတစ်ယောက်က သူ့ဝမ်းရေးအတွက် အလုပ်လုပ်ချင်တယ်ဆိုပြီး သမဂ္ဂမှာပါဝင်လှုရှားနေသူကို အကူအညီတောင်းခံလိုက်ရင် အဲဒီအလုပ်သမားအလုပ်မရဘူး ဘာလို့လဲ ဆိုတော့ သမဂ္ဂနဲ့ ချိတ်ဆက်မိမှာဆိုးလို့တဲ့။ ဒါကို ပြန်လည်တောင်းဆိုရမှာက ဇုန်အလိုက်ဇုန်အလိုက်မှာ အခြေခံစည်းမျဉ်းဥပဒေတော့ ထုတ်ပေးဖို့လိုတယ်။ ထုတ်ပေးတဲ့ အခြေခံစည်းမျဉ်းဥပဒေတွေကလဲ ဇုန်အလိုက်တူညီနေရမယ်။ လုပ်ငန်းမတူညီတာကို လက်ခံနိုင်တယ်၊ အထည်ချုပ်နဲ့ ဆံပင်တုနဲ့ မတူသလို ဖိနပ်နဲ့ အထည်ချုပ်နဲ့လည်းမတူညီဘူး။ ဒါပေမယ့် အခြေခံကတော့တူညီပေးနေရမယ်။ အလုပ်ရှင် အလုပ် သမားပြဿနာဖြစ်ရရင် နောက်ဆုံးခုံသမာဓိရောက်သွားရင် အမြင့်ဆုံးဆောင်လိုက်ရတဲ့ဒဏ်ငွေက (၁)သိန်းကြာတဲ့အချိန်ကာလာက (၂)လ (၃)လ (၄)လ ဘယ်လောက်ကြာမှာလဲ သူတို့အတွက်ကတော့ ထိခိုက်သွားတာမဟုတ်ဘူး ကျွန်မတို့အလုပ်သမားတွေဘက်က ထိခိုက်တာက အလုပ်ပြုတ်တဲ့အပြင်ကို ဒီအမှုအခင်းကို ရင်ဆိုင်နေရတဲ့အချိန်မှာ သွားဖို့လာဖို့စရိတ် ဘယ်သူ့ကို ကြည့်ရမှာလဲ ဘယ်သူ့ကို ပြောရမှာလဲ ရှင်းပြီးဆိုတာနဲ့ ရုံးချိန်းသွားရပြီ သွားရရင် အလုပ်သမားတွေက ပိုက်ဆံ (၁၀၀၀) (၂၀၀၀) (၃၀၀၀) (၄၀၀၀) ထောင်ယူသွားဖို့အတွက်မရှိဘူး ထဘီသော်လည်းကောင်း၊ ပုဆိုးသော်လည်း ကောင်းပေါင်ရမှာပဲ။ မရှိရင် (၂၀)တိုးနဲ့ ချေးငှားရမှာပဲ။  မရရင် ကျပ်တိုး၊ မတ်တိုး ဒီမှာ မုန့်လုံးစက္ကူကပ်ပြီး ဆင်းရဲမှုပပျောက်ရေးဆိုတာအလကားပဲ ဒါဟာ အလုပ်သမားတွေ လယ်သမားတွေ ခံစားနေရတဲ့ အဓိက အချက်အလက်ပဲ။ အလုပ်ရှင်အနေနဲ့ကတော့ (၃)လ ကြာလဲ (၁) သိန်းပဲ (၆) လကြာလဲ(၁)သိန်းပဲ။ အဲဒီမှာ ဒီအမှုကို ရင်ဆိုင်နေရတဲ့အချိန်မှာ အခြားအလုပ်က ခွင့်ပေးမှာမဟုတ်ဘူး။ အမှုရင်ဆိုင်နေရတဲ့ အတွက် ခရီးစရိတ်ကို ချေးငှားပြီး သွားရမှာပဲ၊ အလုပ်သမားက ခံရပါများတော့လဲ ဆက်ခံဦး ဒီအတိုင်း လေးပဲခံရတာကောင်းပါတယ်ဆိုပြီးတော့ အလုပ်သမားတွေက ရှေ့ကိုတက်မလာရဲတာ နောက်တော့ ထမင်းနပ်မှန်ဖို့အတွက် အလုပ်ရှင်ကို လျှော့နေရတာပဲ။ အလုပ်သမားတွေအနေနဲ့ သမဂ္ဂထဲကိုဝင်တယ် ဆိုတာ စုစည်းမှုအင်အားတွေဖြစ်တယ်။ အလုပ်သမားဘ၀ကို အလုပ်သမားတွေ အချင်းချင်းပဲ နားလည် တယ်။ ဒါ့ကြောင့်အစုအဖွဲ့ကို ဖွဲ့စည်းကြတယ်။ ကိုယ့်အသံကို ကြားရအောင် စုဖွဲ့မှုက လိုအပ်တယ်။ စုဖွဲ့မှုရှိမှ ကိုယ်စားပြုမှုဆိုတဲ့ စကားသံတွေထွက်လာမှာဖြစ်တယ်။ ဒါမှ ကိုယ်စားပြုနိုင်မယ့် အဖွဲ့အစည်း တွေ က ဒီအသံထွက်လာအောင်လုပ်ပေးနိုင်မှာလဲ သူများလုပ်ပေးတာကိုပဲ ကျွန်မတို့က နာခံမှာလား မဟုတ်ရင် အလုပ်သမားထုတွေကိုယ်တိုင်ကိုက တောင်းဆိုမှရမှာလား တောင်းဆိုပိုင်ခွင့်တွေရောရှိရဲ့ လားလို့ ပြန်လည်စမ်းစစ်ရမယ်လို့ ကျွန်မထင်တယ်။


ကိုကျော်ကျော်စိုး (၈၈-မန္တလေး)
          အလုပ်သမားတွေက အလုပ်ရရှိဖို့အတွက်ဆိုရင် အလုပ်ခွင်ကိုဝင်ကြတယ်။ အလုပ်ရှင်က ဘာလုပ်လဲဆိုရင် ဖိအားပေးတယ်။ ဒီအပေါ်မှာလက်မှတ်ထိုးရမယ်။ လိုက်နာချင်တယ်ဖြစ်စေ မလိုက်နာ ချင်တယ်ဖြစ်စေ လတ်တလောဝမ်းရေးကို ဖြေရှင်းဖို့အတွက် လက်မှတ်ထိုးတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ အဖြစ် ပြဿနာတွေဖြစ်လာတော့တာပဲ။ အလုပ်သမားဝန်ကြီးဌာနကသော်လည်းကောင်း သက်ဆိုင်ရာက သော်လည်းကောင်း စည်းမျဉ်းတရပ် ချမှတ်ပေးပေးသင့်တယ်လို့ တောင်းဆိုချင်ပါတယ်။ လုပ်ငန်းခွင် တိုင်းမှာ အကာအကွယ်ပစ္စည်းတွေရရှိဖို့ လိုအပ်ပါတယ်။ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အကာအကွယ်တွေ ရှိသင့်ပါတယ်၊ ရသင့်ပါတယ်။ တချိုစက်ရုံတွေမှာ နှာခေါင်းစည်းက ပါးပါးလေးပေးပြီးရင် တာဝန်ကျေပြီလို့ အလုပ်ရှင်တွေသတ်မှတ်ကြတယ်။ လုပ်ငန်းဆိုင်ရာမှာ အကာအကွယ်ပစ္စည်းများနဲ့ ပတ်သက်ပြီးတော့ ဥပဒေတရပ်ပြဌာန်းသင့်ပါတယ်။ တကယ်ကိုတိတိကျကျနဲ့ အလုပ်သမားက တကယ်ပဲဖြစ်သလား မဖြစ်ဘူးလားဆိုတဲ့အနေအထားမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖြစ်သင့်တယ်။ ကော်မရှင်သာ ရှိခဲ့မယ်ဆိုရင် အလကားမဖြစ်ဘူး တကယ်လဲပြောလို့ရမှာပါ။  ကော်မရှင်အဖွဲ့မှာ အလုပ်သမားထုက ပါဝင်သလို လူမှုအဖွဲ့အစည်းတွေလဲ ပါဝင်သင့်ပါတယ်။ အဝေးမှကြည့်ရင် ဘယ်သူမှားတယ် ဘယ်သူမှန် တယ်ဆိုတာကို မသိဘူး။ ပြဌာန်းထားတဲ့ဥပဒေကတော့ရှိတယ် ဒါပေမယ့် လိုက်နာရမယ်၊ လိုက်နာတယ်၊ ဒါပေမယ့် အခွင့်အရေးမရဘူး။ အလုပ်သမားထုသည် ကိုယ်ရဲ့ အခွင့်အရေးကို တိတိကျကျမသိနိုင်သေးတဲ့ အခြေခအနေဖြစ်နေတယ်။ ဒါကိုလဲ အလုပ်သမားအခွင့်အရေးကို အလုပ်သမားတဦးချင်းသိဖို့အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ကိစ္စမျိုးကို သက်ဆိုင်ရာကနေပြီး အလုပ်သမားအခွင့်အရေးဆိုတဲ့ မူဘောင် တစ်ခုပေါ်မှာ အလုပ်သမားတွေသိထားနိုင်အောင် လက်ကမ်းစာစောင်ဖြန့်ဝေနိုင်မလား၊ ဥပဒေတရပ်နဲ့ပဲ စာအုပ်ထုတ်မလား။ ဒါတွေမှမဟုတ်ဘူး ဆွေးနွေးပွဲတွေ သင်တန်းတွေပြုလုပ်ပြီးတော့ တဦးချင်းကို မြှင့်တင်ပေးမလားဆိုတာပါ။ မကြာခင်မှာ ကျွန်တော်တို့ရင်ဆိုင်ရတော့မယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုရင် ကျွန်တော်တို့ဟာ အဆင်သင့်ဖြစ်နေဖို့လိုအပ်တယ်။ ကိုယ်မရှိနိုင်တဲ့အခွင့်အရေးကို သွားတောင်းမယ်ဆိုရင် အလကားဖြစ်သွားမယ်။ အဲဒီလိုပဲရှိနိုင်တဲ့အခွင့်အရေးကို တောင်းတယ်၊ လိုက်နာရမယ့်အခွင့်အရေးကို လိုက်နာမယ်ဆိုရင် ဒီလို အငြင်းပွားမှုတို့ ပဋိပက္ခတို့ ဖြစ်လာမယ် မထင်ပါဘူး။ နောက်ခုံသမာဓိအဖွဲ့မှာလဲ တကယ့်လုပ်ငန်းခွင်က အလုပ်သမားတွေ ပါသင့်တယ်လို့ ကျွန်တော်ပြောချင်တယ်။ အလုပ်သမားအရေးလယ်သမားအရေးဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းထဲမှာ တကယ့်လုပ်မယ့်သူတွေပါဝင်သင့်တယ်။ လုပ်ခလစာအပိုင်းမှာ နိုင်ငံတော်အပိုင်းက နေပြီးတော့ ဘာလုပ်သင့်လဲဆိုရင် ကျွမ်းကျင်ဆုံးအဖြစ်သတ်မှတ်သင့်တယ်။ သင်တန်းတွေပို့ချ ပေးသင့်တယ်။ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကို Certificate တွေပေးရမယ်။ အဆင့်(၁)ဆိုရင် အဆင့်(၁) နဲ့ ထိုက်တန်တဲ့ လုပ်အားခကိုပေးရသင့်တယ်။ အဆင့်(၂) ဆိုရင် အဆင့်(၂)နဲ့ ထိုက်တန်တဲ့ လုပ်အားခကို ရသင့်တယ်။ အဲဒီလိုသတ်မှတ်ပေးမယ်ဆိုရင် အလုပ်သမားထုတရပ်လုံးက တော်တော်လေးကို ကောင်းမွန်တဲ့ အဆင့်ကို ရောက်လာမယ်လို့ တင်ပြချင်ပါတယ်။


ဒေါက်တာစိုင်းခိုင်မျိုးထွန်း (တက္ကသိုလ်ဆရာများအသင်း)
          ရွှေ့ပြောင်းအလုပ်သမားကိစ္စပါ၊ (၂) ရှိပါတယ် (၁) ခုကပြည်တွင်းရွှေ့ပြောင်းအလုပ်သမား၊ (၂) ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမား။ ပြည်တွင်းအလုပ်သမားကတော့ ဖြေရှင်းစရာတွေ အများကြီးရှိပါ တယ်။ အစိုးရက ထိထိရောက်ရောက်ပိုပြီး လုပ်ပေးနိုင်တာကတော့ ပြည်ပရောက်အလုပ်သမားတွေပါ၊ တရားဝင်သွားတာဖြစ်ဖြစ် စီးပွားရေးအရသွားတာပဲဖြစ်ဖြစ် ဟိုနေ့ကဆိုရင် ကရင်မလေးတယောက်ကို ယိုးဒယားအလုပ်ရှင်က နှိပ်စက်တဲ့ကိစ္စ မျိုးတွေအများကြီး ရှိပါတယ်။ အဲဒီမှာ ဘာတွေ့လဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ သံရုံးတွေကအလုပ်လုပ်မှု၊ တနည်းအားဖြင့်သမ္မတကြီးရဲ့ လမ်းညွှန်မှုလည်းရတယ်၊ သမ္မတကြီး လုပ်ပိုင်ခွင့်လည်း အများကြီးရှိတဲ့အပိုင်းမှာတွေ့တယ်။ ဒီအချိန်မှာ ပြည်ပမှာရှိနေတဲ့ အလုပ် သမားရေးရာ ဖြေရှင်းနိုင်မယ့် အချက်အလက်မျိုးပေါ့ ဥပမာ- အလုပ်သမားအဖွဲ့တွေရှိပြီးသားဖြစ်မှာပါ။ ယိုးဒယားမှာဆိုရင် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရှိတယ်လို့ကြားဖူးတယ်။ အဲဒီလိုအဖွဲ့အစည်းမျိုးတွေနဲ့ သံရုံးတွေနဲ့ ပိုပြီးတော့ ဆက်စပ်လုပ်ဆောင်ပြီး ဒီလိုအဖွဲ့အစည်းမျိုးပိုပြီးတော့ ဖွဲ့စည်းနိုင်ရေးတွေကို သမ္မတကြီးကို အကြံပေးဖို့ရှိပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ပိုပြီး ကာကွယ်ပေးနိုင်မယ်။ နောက်တစ်ခုက ပညာပေးခြင်းကိစ္စပါ၊ ပြည်တွင်းမှာမှ ပညာပေးလို့ရတာမဟုတ်ပါဘူး။ ပြည်ပမှာလည်း ပညာပေးလို့ရပါတယ်။ ပြည်ပကိုရောက်သွားတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် အသိပညာရှိဖို့အတွက် သံရုံး တွေမှာ ပိုပြီးတော့ တာဝန်ရှိပါတယ်။ အစိုးရ၊ NGO ဆိုင်ရာတွေက ပူးပေါင်းဆောင်ရွက်ဖို့ အရေး ကြီးပါ တယ်။ ပြည်တွင်းမှာလဲပဲ အစိုးရက ပစ်ထားလို့မရသလို အရပ်ဖက်အဖွဲ့အစည်းတွေကို ပစ်ပယ်လို့ မရပါဘူးဒါလေးကို ပြောပြချင်တာပါ။

ကိုအောင်နိုင်ဦး (MPC)
          ကျွန်တော်သိသလောက်ဆိုရင် အစိုးရဘက်ကလဲ အခုကိစ္စမှာ Labour Section တွေခန့်ထားပါတယ်။ နောက်ထပ်ခန့်ထားဖို့လဲ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလဲ သံရုံးကိုသွားနေတဲ့ကာလမှာ အလိမ်ခံရတဲ့အလုပ်သမားတွေကို ကူညီတာဖြစ်ဖြစ်လုပ်ဆောင်ပေးပါတယ်။ ပထမဦးဆုံးအကြိမ် မနှစ်က ကြုံခဲ့ရတာတော်တော်များများမှာရှိပါတယ်။ အခုတော့လဲတော်တော်လေးကို ရောင်ခြည်ဦးရော တခြားဖူးခတ်မှာ ရှိတဲ့ အလုပ်သမားအဖွဲ့တွေရော တော်တော်လေးကို နီးနီးကပ်ကပ် ဆောင်ရွက်နေတာတွေ့ပါတယ်။ ဒါ့အပြင် ထက်ပြီးတော့ Honorary ပေါ့ ဂုဏ်ထူးဆောင်ပေါ့ဗျာ။ နောက်ထပ်လဲ ခန့်ဖို့လဲ အစိုးရစဉ်းစားနေပါတယ်။


ဦးအောင်လင်း (မြန်မာ့ဟေမာန်ရုပ်ပြပန်းချီ)
          လူမှုဖူလုံရေးဥပဒေက ၁၉၅၁ ခုနှစ် ဥပဒေအရ ပြန်ပြီးတော့ ၂၀၁၁ ကို ကူးပြောင်းလာတယ် ကူးပြောင်းလာတဲ့အထဲမှာလဲ ဥပဒေပညာရှင်တွေရှိလာတဲ့အတွက် သူတို့နဲ့ ဆွေးနွေးစေချင်တာပါ။ ကျွန်တော်တို့က ဥပဒေပညာရှင် မဟုတ်သည့်အတွက် သိပ်ပြီးတော့ နားမလည်ပါဘူး။ ၂၀၁၂မှာ ၁၉၅၁ အခြေခံဥပဒေကို အခြေခံပြီးတော့ ရေးဆွဲထားတာကို တွေ့ရပါတယ်။ ဖူလုံရေးအခွန်ပေးသွင်းရန် ပျက်ကွက်ပါက တရားဥပဒေအရ အရေးယူမယ်ဆိုတာကိုတွေ့ရပါတယ်။ တကယ်တမ်း ကျွန်တော်တို့ တွေ့ကြုံရတာက ၀န်ထမ်းတွေကို ဖူလုံရေးခံစားခွင့် မပေးဖို့ ဖူလုံရေးကဒ်မပးဖို့ ပြောနေကြတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုရင် ဖူလုံရေးအခွန်ကို ရှောင်ချင်လို့ပါ။ ဖူလုံရေးအခွန်ကိုရှောင်တဲ့အတွက် ပိုပြီးတော့ နစ်နာတယ်။ အခွန်ပေးသွင်းတဲ့အခါမှာ ၀န်ထမ်းဦးရေတွေကို လျှော့ချတယ်။ ၀န်ထမ်းကို တရားဝင်အသိ အမှတ်မပြုခြင်းဆိုတဲ့ အချက်ကိုတွေ့တယ်။ နောက်တစ်ချက်က နိုင်ငံတော်ဖူလုံရေး အခွန်ပေးသွင်းတဲ့ အခါမှာ ပျက်ကွက်တာတွေ့တယ်။ အလုပ်သမားသမဂ္ဂတော်တော်များများမှာ တွေ့ကြုံရတဲ့ပြဿနာက ဖူလုံရေးကဒ်လုပ်မပေးနိုင်ဘူးဆိုရင် မြို့နယ်ဖြန်ဖျေရေးတွေက ဘာပြောလဲဆိုရင် လက်မှတ်ရေးထိုး ပေးလိုက်ပါဆိုပြီး အမိန့်ချတယ်။ မြို့နယ်ဖြန်ဖျေရေးက သူ့နည်းအတိုင်း ဆောင်ရွက်တာ ဖြစ်ပြီးတော့ အာဏာပိုင်အဖွဲ့အစည်းက ခုံသမာဓိအဖွဲ့နဲ့ ခုံသမာဓိကောင်စီမှာ တည်ရှိပါတယ်။ ဒါဆိုရင် ပုဒ်မ (၁၅)အရ (၇) နှစ်သက်တမ်းရှိတယ်ဆိုကြပါဆို့ ဖူလုံရေးခွန်ကို နိုင်ငံတော်က ဘယ်လောက် နစ်နာမလဲ ဆိုတာကို တွက်ချက်ကြည့်နိုင်ပါတယ်။ တကယ်လို့ မြို့နယ်ဖြန်ဖျေရေးက အရေးမယူ ပေးနိုင်ဘူးဆိုရင် အရေးယူရမယ့် အကြောင်းအရာတစ်ခုကို သူ့မှာ အရေးယူပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခွင့် အာဏာရှိတယ်လို့ တင်ပြပေးစေချင်ပါတယ်။ ဒါမှလဲ တိုင်းပြည်ရဲ့ အခွန်နစ်နာမှုတွေကို ဖြည့်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုရင် ဖူလုံရေးက ရရှိတဲ့အခွန်တွေနဲ့ပဲ ပြဿာနတွေအကုန်လုံးကို အစိုးရ ပြန်လည်သုံးစွဲရတာ ဖြစ်တဲ့ အတွက် ဒီလိုလိမ်လည်မှုမျိုးကို ဖူလုံရေးကဒ်ထုတ်ပေးလိုက်စေဆိုတဲ့ အမိန့်တစ်ခုနဲ့ ဖြေရှင်းလိုက်ခြင်း အားဖြင့် တိုင်းပြည်အတွက်လဲ နစ်နာသလို၊ ဖူလုံရေးခံစားခွင့် ဆုံးရှုံးခဲ့ရတဲ့ ၀န်ထမ်းတွေအတွက်လဲ နစ်နာပါတယ်။ ဒီပြဿနာတွေက မြို့နယ်ဖြန်ဖျေရေးတွေမှာဖြစ်နေတယ်။ ဒါတွေကို သမ္မတကြီးကိုယ်တိုင် သိသင့်တယ်လို့ ထင်ပါတယ်။ တိုင်းပြည်ကောင်းဖို့အတွက်ဆိုရင် အောက်ခြေကစပြီးတော့ ပြုပြင်ရမှာပါ။ တရားဥပဒေစိုးမိုးရေး အသက်ဝင်ချင်တယ်ဆိုရင် အောက်ခြေက စပြီးတော့ပြုပြင်ရမှာပါ။ ဒါကိုတင်ပြချင် တာပါ။

ရှေ့နေကိုဖိုးဖြူ
ကျွန်တော် ခုနက မေးခွန်းလေးကို ပြန်ဖြေပေးပါ့မယ်။ အစိုးရဘက်ပိုင်းကိုလဲ ပြန်လည်တင်ပြတာ မေတ္တာ ရပ်ခံတာ ဖြစ်သင့်ဖြစ်ထိုက်တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာတွေရှိပါတယ်။ ဒီမေးခွန်းလေးက အလွန်ပဲသဘောကျစရာ နှစ်ခြိုက်စရာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကြံပြုတာ ဆွေးနွေးတာ တင်ပြတာတွေက အဓိကလိုက်ပြီး ပြဿနာတွေကိုအားလုံးပေါင်းချုပ်ပြီး တင်ပြတဲ့ကိစ္စတွေက ဘယ်လို ဖြစ်သင့်ပါတယ်။ ဘာတွေကတော့ ပြဌာန်းချက်မှာ ဘယ်လိုလုပ်သင့်ပါတယ်။ ညာလိုလုပ်သင့်ပါ တယ်ဆိုပြီးပါပါတယ်။ ဘယ်လိုလုပ်မှ တရားမှာ ညာလိုလုပ်မှ တရားမှာနဲ့  တကယ်လို့ မလုပ်ဘူးဆိုရင် ရော ဘာလုပ်မလဲဆိုတဲ့မေးခွန်းပါ။ လူမှုဖူလုံရေးကဒ်မရဘူး မရဘူးဆိုတဲ့ကိစ္စသည် ဘယ်လိုလုပ်မှ တရားမလဲ၊ ဟိုလိုလူနဲ့ဒီလိုလူနဲ့ ဟိုလိုပြဌာန်းမှ ဒီလိုပြဌာန်းမှ အစိုးရကမလုပ်ဘူးဆိုရင် တို့ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်းကို စိန်ခေါ်လိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီကိစ္စကို ကျွန်တော်နှစ်ပိုင်းမြင်ပါတယ်။ Enforcement လုပ်လို့မရတဲ့ အပိုင်းနဲ့ Enforcement လုပ်လို့ရတဲ့အပိုင်းနဲ့ပါ။ ဥပဒေကို အာဏာ သက်ဝင်အောင်လုပ်လို့ရတဲ့ကိစ္စနဲ့ အာဏာသက်မ၀င်အောင်လုပ်လို့ရတဲ့ကိစ္စဆိုပြီး နှစ်ပိုင်းရှိပါတယ်။  ကျွန်တော်တို့အခုဆွေးနွေးနေကြတဲ့ကိစ္စက အားနည်းတဲ့ဥပဒေကို ဆွေးနွေးနေတာမဟုတ်ပါဘူး ကျွန်တော်တို့ဆွေးနွေးနေတာကိုက Enforcement လုပ်လို့ရတဲ့ ပြည်တွင်းဥပဒေ အာဏာအသက်ဝင်တဲ့ ဥပဒေကို ကျွန်တော်တို့ ဆွေးနွေးနေတာဖြစ်ပါတယ်။ အာဏာသက်ဝင်အောင်လုပ်လို့ရတဲ့ဥပဒေကို ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့တွေက အကြံပြုတယ် ဘယ်လိုဖြစ်သင့်ပါတယ်။ ဒါတွေကို မလုပ်သင့်ပါဘူး ဒီဥပဒေက အားနည်းနေပါတယ်။ ဥပဒေရှိရဲ့သားနဲ့ မကျင့်သုံးနေပါဘူးလို့ ပြောနေတဲ့သူတွေကို ကျွန်တော်တို့ အာဏာသက်ဝင် အောင်မလုပ်နိုင်ရမှာလဲဆိုတဲ့မေးခွန်းကိုပါ ကျွန်တော်တို့ စိန်ခေါ်ရပါလိမ့်မယ်။ ပြန်ဖြေပါမယ်။ လူမှုဖူလုံရေးဥပဒေရှိပါတယ်။ လူမှုဖူလုံရေးကဒ်ကိုလဲ လုပ်ပေးရမယ်လို့လဲ လူမှုဖူလုံရေးနဲ့ပတ်သက်တဲ့ပြဌာန်းချက်မှာပါပါတယ်။ ဒါကိုမလုပ်ပေးဘူးဆိုရင် အစိုးရ ၀န်ထမ်းမှာလဲတာဝန်ရှိသလို၊ အလုပ်သမားဦးစီးဌာနမှာလဲ တာဝန်ရှိသလို နောက် အလုပ်ရှင်မှာလဲ ပူးတွဲပြီးတော့ တာဝန်ရှိပါတယ်။ ဥပဒေကို အကောင်ထည်ဖော်မည့် Implementations of the Enforcement က အားနည်းနေမယ်ဆိုရင် စုပေါင်းပြီးတော့အရေးဆိုနေရတယ်။ စုပေါင်းပြီးတော့ တောင်းဆိုနေရတယ်။ စုပေါင်းပြီးတော့ ဆွေးနွေးနေရတဲ့ လုပ်ငန်းစဉ်တွေအဖြစ် Statement တွေထုတ် ပြန်ပြီး အကြံပြုချက် လုပ်ငန်းစဉ်တွေအပြင် တရားမကျင့်သုံးမှုဥပဒေပုဒ်မ (၈၀) အရ ပြည်သူ့ ၀န်ထမ်း ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို (၂) လ အတောအတွင်းဆောင်ရွက်ပေးဖို့အတွက် ကြိုတင် Notice ထုတ်ဝေရပါတယ်။ ကျွန်တော်တို့ အကြောင်းကြားစာထုတ်လိုက်တယ်။ မလုပ်သေးဘူးလား။ မလုပ်သေးရင် သီးခြားသက်သာခွင့် ဥပဒေ (၁၈၇၇) Specific Relief Act ရဲ့ Section (၄၅) အရ ပြည်သူ့ဝန်ထမ်းရဲ့ တစ်ဘ၀လုံးကို အဲဒီအလုပ်ရှင်က ဒီဥပဒေအရ မင်းတို့ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေရှိသေးတယ်။ အဲဒါတွေကို လုပ်ပေးဖို့အတွက် တရားရုံးမှာ ကြေညာခိုင်းလို့ရတယ်။ ဒါတွေကို ဆောင်ရွက်ပေးဖို့အတွက်  Enforcement လုပ်လို့ရတယ်။ သို့သော် ဒီဘက်က ကိုစိုင်း ပြောသွားတဲ့ legitimacy ပြဿနာကို ပြန်ပြီးဆွေးနွေးရမယ်၊ အဲဒီသမဂ္ဂတွေကိုယ်တိုင်ကိုက သမ္မတကြီးစကားပြောချင်တဲ့အခါ ခေါ်ပြီးတော့ ဆွေးနွေးချင်တဲ့အခါ ကင်မရာရှေ့ မီဒီယာရှေ့ ဓါတ်ပုံရိုက်ခံချင်တဲ့အခါ ကျွန်တော်တို့က Recognition ရသွားရော။ တကယ့်လုပ်ငန်းခွင် ဘ၀မှာ၊ တကယ့်လုပ်ငန်းထဲမှာ  Not Recognition အသိအမှတ်ပြုတာခံရတာမဟုတ်ဘူး၊ legitimacy လုံးဝကို မရှိဘူး။  ဥပဒေမှာ ပြဌာန်းဖို့ လိုကိုလိုအပ်နေတဲ့ကိစ္စက သမဂ္ဂတွေက ကိုယ်စားဖြေရှင်းခွင့် အခုချိန် အထိမရှိဘူး။

ကိုယ့်လုပ်ငန်းခွင်ထဲမှာရှိတဲ့ ကိုယ်သမဂ္ဂ၀င်တွေကို အဖွဲ့အစည်းဝင်ဖို့ကို ကိုယ်စားဖြေရှင်းခွင့်မရှိဘူးဆိုရင် သူရဲ့ legitimacy ကဘာလဲ တရားစွဲဆိုခွင့်နဲ့ တရားစွဲဆိုခံပိုင်ခွင့်ရှိရတယ်။ right to sue /right to be sued ရှိရမယ်။ သမဂ္ဂက ကိုယ်စား ကိုယ့်ရဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို တရားစွဲဆိုခွင့်လဲရှိသလို အဲဒီသမဂ္ဂရဲ့ အဖွဲ့ဝင်ကိုယ်စား တရားစွဲဆိုခံပိုင်ခွင့်လဲ ရှိရမယ်။ ဒါမှသာလျှင် လုပ်ငန်းခွင် မပျက်ဆီးဘဲ ကိုယ့်သမဂ္ဂအဖွဲ့ဝင်တွေက လုပ်ငန်းထဲမှာ အလုပ်လုပ်နိုင်မယ်။ ကိုယ်က ရုံးမြေကနား ကိုယ်စား တက်ရောက်ပြီးတော့ အမှုရင်ဆိုင်ရမယ့်လုပ်ငန်းစဉ်တွေ ဥပဒေအရ တောင်းဆိုတဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့လုပ်နိုင်မယ်။ ဖြစ်နေကျတဲ့ပြဿနာရပ်တွေအားလုံးကို ကြည့်မယ်ဆိုရင် legitimacy အဲဒီ right to sue /right to be sued တရားစွဲဆိုခွင့်နဲ့ တရားစွဲဆိုခံပိုင်ခွင့်လို့ခေါ်တဲ့ အသိအမှတ်ပြုခံရုံလေးသာရှိတယ်။ တရားဝင်အခွင့်အရေးမရှိခြင်းဆိုသော တရားစွဲဆိုခြင်း နှင့် တရားစွဲဆိုခံခြင်းကို ဥပဒေမှာ လုံးဝ မပြဌာန်းထားတဲ့အတွက် ကိုယ်စားလှယ်ဆိုသောသူ သမဂ္ဂ ခေါင်းဆောင်ဆိုသော လူက ရှေ့ကြည့်ရမလို၊ နောက်ကြည့်ရမလို တကယ့်ဘ၀လုံခြုံမှု၊ လူမှုလုံခြုံမှု၊ လုပ်ငန်းခွင်လုံခြုံမှု မရှိတဲ့ဘ၀ကို ရောက်နေရတယ်။ ဒါပေမယ့် ကျွန်တော် (၂) ပိုင်းမြင်ပါတယ်။ အစိုးရက ဘာတွေပြဌာန်းရမယ်။ ဘယ်လိုတွေပြဌာန်းသင့်တယ်ဆိုတဲ့အပိုင်းကို အခုလိုဆွေးနွေးပြီးတော့ တင်ပြ အကြံပေးရမှာဖြစ်သလို မလုပ်ခဲ့ဘူးဆိုရင်လဲ ကျွန်တော်တို့ဘက်က Contour Action နဲ့ Contour Plan တော့ရှိရမယ်။ ကျုပ်တို့ဘက်ကဘာလုပ်မယ် ကျုပ်တို့က ဘာတွေကို ပြင်ဆင်ထားရမယ်ဆိုတာကို ရှိနေရမယ်။ အဲဒါကလဲ ဥပဒေအတိုင်းဖြစ်တယ်။ နိုင်ငံရေးစကားမပြောဘူး။ ဟိုလိုတွေကြွေးကြော်မယ်။ ဒီလိုတွေ ကြွေးကြော်မယ်မပြောဘူး။ ခင်ဗျားတို့ကို ဥပဒေဘောင်အတွင်းကနေ လုပ်ပြီဆိုတဲ့ နည်းလမ်း တော့ရှိရလိမ့်မယ်။

ဟိုအရေး၊ဒီအရေးဆောင်ရွက်သူများ။ လယ်သမားအရေးဆောင်ရွက်သူများကို ကျွန်တော်တို့ဘက်က မေတ္တာရပ်ခံ ရမယ်။ အသံထုတ်ရုံပဲလားဆိုတာကို။ သူတို့ကိုယ်စား အသံထုတ်ပြတာသက်သက်ပဲလား။ တခါ သမဂ္ဂတွေကိုယ် တိုင်နဲ့ အလုပ်သမားတွေကိုယ်တိုင်ကရော ငိုပြရုံသက်သက်ပဲလား။ ကျွန်တော်တို့ ဆီမှာ အရပ်ရပ်က ပညာရှင် တွေနဲ့ သမဂ္ဂအဖွဲ့အစည်းတွေအပါအ၀င် အလုပ်သမားအရေး လယ်သမား အရေး ဆောင်ရွက်ကြတဲ့သူတွေ ပူးပေါင်း ဆောင်ရွက်တဲ့ယဉ်ကျေးမှု အလေ့အထက ကျွန်တော်တို့ဆီမှာ အားနည်းနေတယ်လို့ မြင်တယ်။

ဒီပြဿနာတွေက အရင်ကတည်းက ကြားနေရတဲ့ကိစ္စတွေပါ။ သမဂ္ဂမှတ်ပုံတင်ပြီဆိုကတည်းက ကြားနေရတဲ့ကိစ္စပါ။  သမဂ္ဂဖွဲ့စည်းလို့ မရတာဟာ ခွဲခြားဆက်ဆံခြင်းနဲ့ဆိုင်ပါတယ်။ ဒါကို ယနေ့ အချိန်အထိ ဥပဒေထဲမှာ ရှိထားပြီးသား ဒါပေမယ့် ဘာလို့ မပြေလည်သေးတာလဲ။ ကြေညာချက် ထုတ်တာတွေ၊ အကြံပြုစာထုတ်တာတွေကို သတင်းမီဒီယာ ရှေ့ မိုက်ကရိုဖုန်းရှေ့မှာ အော်တာဟစ်တာ သက်သက်ပဲဖြစ်နေပါတယ်။ ဒီလိုပဲမြင်တယ်။ ဒါဟာ မိသားစုသဖွယ် ဆွေးနွေးပွဲဖြစ်နေတာကြောင့် ဒီအချက်ကို ကျွန်တော်ချပြခြင်းဖြစ်တယ်။ 

ပေါ်လစီအပိုင်းနဲ့ဆိုင်တဲ့ အပိုင်းကို ပြောပါမယ်။ တပိုင်းက self movement ကျွန်တော်တို့ကိုယ်တိုင် လှုပ်ရှားရမယ့် အပိုင်းဖြစ်ပါတယ်။ အစိုးရကို မင်းဒါလုပ်လို့ မပြောခင် ကျွန်တော်တို့ကိုယ်တိုင်လဲ လုပ်ရမယ့် လုပ်ငန်းစဉ်တွေရှိ ရမယ်။ ပထမအချက်အနေနဲ့ အလုပ်သမားအခွင့်အရေး ဥပဒေပြဌာန်းဖို့ လိုပါတယ်။ မတ်လတုန်းက နိုင်ငံတော် ပြန်တမ်းကိုထုတ်ပြန်လိုက်တယ်။ ၁၉၆၄ ခုနှစ် အလုပ်သမား အခြေခံရပိုင်ခွင့်ကို ပြဌာန်းသော ဥပဒေကို ဖျတ်သိမ်းလိုက်တယ်။ အလုပ်သမားအခွင့်အရေး ဥပဒေ အသစ်ကိုမပြဌာန်းဘဲနဲ့ ရှိပြီးသားဥပဒေအဟောင်းကို ဘာလို့ဖျတ်သိမ်းလိုက်တာလဲ၊ ခင်ဗျားတို့ရဲ့ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဥာဏ်ကြီးရှင်တွေက အဲဒီလုပ်ကောင်းသလား။  အဲဒီကျွန်တော်တို့ရဲ့ အလုပ်သမားအခွင့်အရေးဥပဒေမပြဌာန်းဘဲနဲ့ ခုံသမာဓိအဖွဲ့တွေနဲ့ ဖြန်ဖျေရေးအဖွဲ့ တွေက ဘယ်အလုပ်သမားအခွင့်အရေး ဘယ်အခြေခံပြဌာန်းချက်ကို ကိုင်တွယ်ပြီးသူတို့က ဆုံးဖြတ်မှာလဲ။

ဒါ့ကြောင် အလုပ်သမားအခွင့်အရေး ဥပဒေပြဌာန်းပေးဖို့လိုအပ်ပါတယ်။ ဖြန်ဖြေရေးအဖွဲ့တွေနဲ့ ခုံသမာဓိ အဖွဲ့တွေအနေနဲ့ စစ်ဆေးကြားနာမှု လုပ်ထုံးလုပ်နည်းတွေပြဌာန်းဖို့လိုအပ်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က စစ်ဆေးပါတယ် ကြားနာတယ်ဆိုတာ တစ်ယောက်တစ်မျိုး နှစ်ဘက်စလုံးကို နားထောင်တာဖြစ်တယ်။ သက်သေခံတွေဖော်ထုတ်တာ နှစ်ဘက်ကြားနာတာဖြစ်တယ်။ အဲဒီလုပ်ထုံး လုပ်နည်းမရှိဘဲနဲ့ ဘယ်သူတွေက ဘယ်အချက်တွေကို ဖော်ထုတ်ကြမှာလဲ။ ဘာတွေကို ကြားနာကြမှာလဲ အဲဒီမှတ်တမ်းတွေကို ဘာဖြစ်လို့ အခွန်တံဆိပ်ကောက်ကပ်ပြီး ကူးယူးခွင့်မရှိတာလဲ။ ဖြန့်ချီခွင့် ဒီနေ့ အချိန်အထိ မရတာလဲ အဲဒီမှတ်တမ်းတွေက အဲဒီခုံသမာဓိကိစ္စကို ဆောင်ရွက်ကြတဲ့သူတွေရဲ့ လက်ထဲမှာ ရှိနေပြီလား။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက၊ အချက်အလက်တွေက အများပြည်သူသိနေရမယ့် အချက် အလက်တွေဖြစ်ရမယ်။ Public Document ဖြစ်ရမယ်။ အများပြည်သူတွေသိရမယ်။ အများပြည်သူ တွေက ကိုးကားနိုင်ရမယ်။ အမှုကိစ္စတခုချင်းစီကို ကျွန်တော်တို့ လေပေါ်မှာပဲ ပြောနိုင်ခဲ့ကြတယ်။ နှုတ်နဲ့ပဲပြော နိုင်ခဲ့ကြတယ်။ အသံပဲ ထုတ်နိုင်ခဲ့ကြတယ်။ အသရေဖျက်မှုပါလို့ တရားစွဲရင်တောင် ကိုယ်ကခံရ အုံးမယ်။

ဖြန်ဖြေရေးနှင့်ခုံသမာဓိ စစ်ဆေးမှုတွေကို ကြားနာဖို့လိုအပ်ပါတယ်။ နောက်တချက်က အစည်းအဝေး တက်ရောက် လာသူများပြောကြာတယ်။ ဥပဒေကျင့်သုံးတာ အားနည်းတဲ့အတွက်ကြောင့်  ကော်မရှင်ဖွဲ့ စစ်ဖို့ ပြောတယ်။ ဘယ်ဟာကို ကော်မရှင်ဖွဲ့စစ်စေချင်တာလဲ။ ခင်ဗျားတို့ကျွန်တော်တို့ အားလုံး ပူးပေါင်း ပြီးတော့ ကောမရှင်ဖွဲ့စေချင်တာကိုပြောတာလား ဒါ့မှမဟုတ် လွှတ်တော်က ကော်မရှင်ဖွဲ့ပြီး စစ်ဆေး စေချင်တာလား။ (၂) ပိုင်းပါ။

ကျွန်တော်တို့ဘာသာ ကော်မရှင်ဖွဲ့စစ်တယ်ဆိုရင် အခုလိုပဲ အသံထုတ်မယ်။ အကြံပြုစာတွေနဲ့ တင်သွင်း တယ်။ မေတ္တာရပ်ခံစာတွေကို အကြောင်းကြားမယ်။ ဒီလောက်ပဲဖြစ်မယ်။

လွှတ်တော်က ကော်မရှင်ဖွဲ့စစ်မယ်ဆိုရင်လည်း ကျွန်တော်တို့မှာ နမူနာကောင်းတွေရှိပြီးသား လယ်ယာ မြေနဲ့ အခြားမြေသိမ်းဆည်းရေးကော်မရှင်က တိုင်စာတွေတင်လိုက်တယ်။ လာစစ်တယ်၊ တိုင်စာတင် တယ်။ လာမစစ်ဘူးဆိုတဲ့ကိစ္စတွေ။ စစ်တယ်။ သို့သော် တိုင်စာတွေက ဘယ်ဥပဒေနဲ့ညီတယ်။ မညီဘူးမသိဘူး။ တရားမျှတတယ်၊ တရားမမျှတာဘူးဆိုတဲ့ အစီရင်ခံစာတွေထွက်ပြီလားဆိုတာကို ပြန်စဉ်းစားရပါမယ်။ နမူနာကိုပြောတာပါ။ သူတို့ကိုယ်တိုင်ကော်မရှင်ထပ်ဖွဲ့မယ်ဆိုရင် ထပ်တောင်းမယ် ဆိုရင် ကျွန်တော်တို့ ရှေ့မှာရှိတဲ့ နမူနာတွေကို ပိုပြီးလေ့လာရမယ်။ (၁) အချက် ဥပဒေနဲ့ညီတယ်မညီဘူး။ (၂) ဥပဒေနဲ့ ညီသည့်တိုင်အောင် တရားမျှတတယ်။ တရားမမျှတဘူးဆိုတာမရှိဘူး ။  တကယ် လုပ်သင့်ပြီ ဆိုရင်လဲ ပြဿနာကို ဖြေရှင်းမှုက ဘာပါ။ စီမံခန့်ခွဲရေးဆိုင်ရာဆုံးဖြတ်ချက်ကဘာပါ။ လွှတ်တော်မှာ လုပ်ပိုင်ခွင့်ရှိရဲ့လား။ ချမှတ်ပြီလား။ ဒါဆိုရင် အဲဒီလိုမပြေလည်တဲ့ပြဿနာရပ်တွေကို ဘယ်လိုနည်းနဲ့မှ တရားမျှတစွာ ဖြေရှင်းနိုင်ပါ့မယ်ဆိုပြီးတော့ ဖြေရှင်းရေးဆိုင်ရာဥပဒေတွေရော ပြဌာန်းပြီလား။ ယနေ့ အချိန်အထိ မပြဌာန်းသေးဘူး။ အလုပ်သမားဥပဒေတွေ အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး စုံးစမ်း မယ့် ကော်မရှင်ပေါ်ပေါက်လာမယ်ဆိုရင်ရော ဒီလိုလွှတ်တော် အစွန်းချွတ်သံတရာထဲကို ကျရောက်သွား မနိုင်ဘူးလား။ ဒါဆိုရင် ကျွန်တော်တို့ ဘက်က မေတ္တာရပ်ခံချင်တာက ကျွန်တော်တို့ရဲ့ ဖြေရှင်းချက် တွေနဲ့မက ကော်မရှင်တွေလုပ်နိုင်မယ့် ကိစ္စတွေကို ဘယ်လောက်အတိုင်းအတာအထိ ဘယ်လို ဆုံးဖြတ်ချက် တွေကို ချမှတ်တဲ့အဆင့်ကိုရောက်အောင် တကယ်လို့ ရရှိရတဲ့ရလာဒ်တွေကို စီမံခန့်ခွဲရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေချတဲ့အဆင့်ထိရောက်အောင်ဘယ်လိုလုပ်ဆောင်မလဲ။ ခုနက ပြောတဲ့ လူမှုဖူလုံ ရေး ကဒ်တွေမရဘူး။ ကော်မရှင်က သိပါပြီ။ အစီရင်ခံပါပြီ။ ကဒ်တွေကို ဘယ်နေ့ ဘယ်ရက်ထားပြီး လုပ်တော့ဆိုတဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ဆုံးဖြတ်ချက်မကျဘဲနဲ့ ကျွန်တော်တို့က မျှော်လင့်နေတာ သက် သက်ပဲဖြစ်မယ်။

ကျွန်တော်တို့ သမဂ္ဂတွေရဲ့ legitimacy  (right to sue/right to be sued) ကို ရရှိရန်အတွက် ဥပဒေပြဌာန်းပေးဖို့ ကို ကြိုးစားကြရမယ်။ 

အစိုးရ၀န်ထမ်းတွေအတွက် ပြောပါမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ မပြဌာန်းရသေးတဲ့ အတည်မပြုရ သေးတဲ့ ကိစ္စရှိပါတယ်။ Labour Relation Services Convention ဆိုတာ ရှိပါတယ်။  လုပ်သား ဆက်ဆံရေး ပြည်သူ့ဝန်ဆောင်မှုနဲ့ ဆိုင်သော အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ရှိပါတယ်။ ILO Convention ပါ။  ဒါကို ကျွန်တော်တို့ သမဂ္ဂတွေနဲ့ ပြည်သူ့ဝန်ထမ်းအရေးကို စိတ်ဝင်စားတဲ့သူတွေနဲ့ တကွ သမ္မတကြီးနဲ့ တကွ လွှတ်တော်ကို ဒီဥပဒေကိုတော့  အတည်ပြုပေးဖို့ အကြံပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဥပဒေကို အတည်ပြုလိုက်တဲ့အခါမှာ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ရမယ် ဘယ်လိုအခွင့်အရေးပေးရမယ်ဆိုတာတွေကို နည်းပညာတွေကို ဘဘ ဦးမောင်တို့နဲ့ တဆင့် ဒီနည်းပညာတွေရနိုင်စရာတွေအများကြီး ရှိပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ အတွေ့အကြုံတွေအများကြီးရှိလို့ပါ။ နိုင်ငံတကာအတွေ့အကြုံတွေကို FTUB လို အဖွဲ့အစည်းတွေက ရှိထားပြီးသားဖြစ်ပါတယ်။ နည်းပညာတွေရနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးကို ဒီနေရာကနေ အကြံပြုလိုတာ ဆွေးနွေးလိုတာ တင်ပြလိုတာကတော့ Labour Relation Services လို့ခေါ်တဲ့ ILO Convention  လုပ်သားဆက်ဆံရေး ပြည်သူ့ဝန်ဆောင်မှုနဲ့ ဆိုင်သော ဥပဒေကို အတည်ပြုပေးမှသာလျှင် အဲဒါနဲ့ ဆိုင်သော ၊ compliance ဖြစ်သော  ပြည်တွင်းဥပဒေကို ပြဌာန်းလို့ရပါမယ်။ အကောင် အထည်ဖော်လို့ရပါမယ်။ ဒါပြဌာန်းချက် အမှတ်ကို ratify လုပ်ရပါမယ်။ ပြီးမှ ဒီဥပဒေနှင့်ကိုက်ညီသော ဥပဒေကို ပြဌာန်းပေးရမယ်။ ဒါမှာသာလျှင် အာဏာ သက်ဝင်မှုရှိပါမယ်။ အာဏာသက်ဝင်မယ့် နည်းလမ်း တွေဆီကို ရောက်အောင် ကျွန်တော်တို့ မိသားစုတွေ ဆောင်ရွက် ကြပါလို့ မေတ္တာရပ်ခံပါတယ်။

စက်က္ကူစက်ရုံခွဲ (ဒေါ်ခင်မမဦး)
စက်ရုံမှာ အဆိုင်းဆင်းဝန်ထမ်းနဲ့ ရုံးဝန်ထမ်းဆိုပြီး ၂ မျိုးရှိပါတယ်။ ရုံးဝန်ထမ်းတွေကျတော့ စနေ၊ တနင်္ဂနွေ ပိတ်ရက် ခံစားခွင့်ရှိတယ်။ အများပြည်သူအလုပ်ပိတ်ရက်တွေကို ခံစားခွင့်ရှိတယ်။ အဆိုင်း ၀န်ထမ်း ဖတွေကျတော့ တပတ်မှာ ၆ ရက်ဆင်းရတယ်။ တရပ်ပိတ်တယ်။ အများပြည်သူ အလုပ်ပိတ်ရက်ကျတော့ ခံစားခွင့်မရှိဘူး။ အလုပ်သမားချင်း အတူတူ အကျိုးခံစားခွင့်ခြင်း တူမယ်လို့ ထင်ပါတယ်။ ၀န်ကြီးဌာနချင်းလည်းအတူတူပဲ။ စက်မှုဝန်ထမ်းချင်းလည်း အတူတူပဲ။ ရပိုင်ခွင့်က ၂ ခုကွဲပြားနေပါတယ်။ ဒါမဖြစ်သင့်ဘူးလို့လည်း ထင်ပါတယ်။ ၀န်ထမ်းတွေ ရပိုင်ခွင့် အတူတူ ဖြစ်သင့်တယ်။ စက်ရုံအတူတူ၊ လုပ်ရတဲ့လုပ်ငန်းတူရင် ရပိုင်ခွင့်က တူသင့်တယ်လို့ ထင်ပါတယ်။ စက်ရုံမှာက ရပိုင်ခွင့်က မတူညီဘူးဖြစ်နေတယ်။ ပြောရမယ်ဆိုရင်တော့ စက်ရုံမှာ ရုံးဝန်ထမ်းတွေဆိုရင် အချိန်ပိုဆင်းရရင် အချိန်ပို ကြေးရတယ်။ အဆိုင်းဝန်ထမ်းတွေကျတော့ သူတို့ရုံးပိတ်ရက်မှာ အချိန်ပိုဆင်းရတယ်။ အချိန်ပိုကြေး မရဘူး။ အချိန်ပို ကြေး မပေးရင်လည်း အဲဒိအတွက်ကို အနားယူရက် ပြန်အစားပေးပါ ဆိုတော့လည်း မပေးဘူး။ ဒီလိုမျိုးတွေရှိနေပါ တယ်။ ဒီကိစ္စတွေကို တင်ပြပေးပါ။ အလုပ်သမားဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ဒါပေမယ့် ဆောင်ရွက်ပေးခြင်းမရှိပါဘူး။ အကြောင်းပြန်ကြား ချင်းလည်းမရှိပါဘူး။

ဦးဇော်မျိုးလှိုင် ( ဒဂုံတက္ကသိုလ်ဆရာ/ဆရာမများအသင်း)
အလုပ်သမားဥပဒေရဲ့ အပိုင်ဒ် (၂) ကမှာ အလုပ်သမားဆိုသည်မှာ ထဲမှာ အစိုးရ၀န်ထမ်းတွေ လည်းပါတယ်။ တခြား သော လုပ်ငန်းကဏ္ဍက လူတွေက အလုပ်ရှင်တိတိကျကျရှိပါတယ်။ ကျွန်တော်တို့ မှာ မရှိသလိုပါ။ အခက်အခဲ တခုခု ဖြစ်လာတဲ့အခါ၊ ပြဿနာတခု ကြုံလာတဲ့အခါ ဘယ်သူ့ကို တိုင်ရမလဲ မသိဘူးဖြစ်နေတယ်။ အပိုဒ် (၂) ခ မှာ ဖော်ပြထားတဲ့ အလုပ်ရှင်ဆိုသည်မှာ အထဲမှာ အစိုးရ၀န်ထမ်းတွေ အားလုံးမှာ အလုပ်ရှင်-အလုပ်သမား ပြဿနာရှိတဲ့ အခါ ဘယ်သူ့ကို တိုင်ကြားရမှာလဲ။ အဓိပ္ပါယ်ဖွင့်ဆို ချက်က ကျွန်တော်တို့အတွက် တိတိကျကျ မရှိဘူးဖြစ်နေတယ်။
ထပ်မံဖြည့်စွက် သင့်တယ်။ ၀န်ထမ်းတွေရဲ့ နစ်နာချက်တွေ၊ အဝေးသင်ကိစ္စနှင့် ပတ်သတ်ပြီး တောင်းဆို ချက်တွေ၊ အချိန်ပိုကြေးမရတာတွေကို ဘယ်သူ့ကို တိုင်ကြားရမှာလဲ။ ဘယ်သူ့ကို တောင်းဆိုရမှာလဲ။ ၀န်ကြီးကိုလည်းလှမ်းပြောတယ်။ ပါချုပ်ကိုလည်းပြောတယ်။ ဘာမှ ဖြစ်မလာဘူး။ အလုပ်ရှင်ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ အစိုးရ၀န်ထမ်းတွေအတွက် ထပ်ဖြည့်ပေးသင့်တယ်လို့ထင်ပါတယ်။



ကိုသိန်းကျော်ဦး (New Way ဖိနပ်စက်ရုံ လှိုင်သာယာ)
ခုနက ဥပဒေပညာရှင်ပြောသွားတာကောင်းပါတယ်။ ကျွန်တော်တို့က အလုပ်သမားတွေဆိုတော့ ဥပဒေအမြင်တော့မရှိဘူး။ ကိုယ်ထမ်းနိုင်သလောက်ထမ်းနေရတာဖြစ်တယ်။ အလုပ်သမားတွေကိုလည်း အဲဒိလိုသင်တန်းမျိုးတွေကို ပေးသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်တင်ပြချင်တာက ကလေးအလုပ် သမားကိစ္စပါ။ မီဒီယာကို ပြောချင်ပါတယ်။ သတင်းထဲကို ထည့်မရေးဖို့ပါ။ စက်ရုံတွေမှာ ကလေးအလုပ် သမားတွေရှိနေတယ်။ ကလေးအလုပ်သမားတွေကို အလုပ်ထုတ်ပစ်မှာစိုးလို့ပါ။ အပြင်လုပ်ငန်းတွေမှာ။ စက်ရုံတွေမှာ ကလေးအလုပ်သမားတွေတကယ်ကို ရှိနေပါတယ်။ အခု အလုပ်သမားအဖွဲ့အစည်း နည်း ဥပဒေအရ အလုပ်သမားအဖွဲ့အစည်းထဲကို အသက် (၁၈) နှစ်ပြည့်တဲ့သူမှ ၀င်လို့ ရတယ်ဆိုတာမျိုးဖြစ် နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာက ကလေးအလုပ်သမားက အမှန်တကယ်ကို ရှိနေတယ်။ ဒီလို ကလေး အလုပ်သမားတွေအတွက် အကာအကွယ်ပေးနိုင်တဲ့ အလုပ်သမားအဖွဲ့အစည်းလည်းရှိသင့်ပါတယ်။ ကလေး အလုပ်သမားတွေက အများကြီးကို ရှိနေပါတယ်။ အနီးဆုံးပြောရရင် လက်ဘက်ရည်ဆိုင်တွေ မှာ လုပ်နေကြတယ်။ ကလေးတွေအတွက်လည်း အလုပ်သမားအဖွဲ့အစည်းရှိသင့်ပါတယ်။ ဒါမှ သူတို့ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ်။ သူတို့ ပညာဆက်လက်သင်ကြားခွင့်ရအောင် တောင်းဆိုပေး နိုင်မယ်။ နိုင်ငံတော်ကြီးကို တိုးတက်ကောင်းမွန်စေဖို့အတွက် ပညာရေးကဏ္ဍကို မြှင့်တင်နေချိန်မှာ ကလေးအလုပ်သမားတွေအတွက်လည်း ဘ၀နောင်ရေးကောင်းမွန်စေဖို့ ၊ ဒီကလေးတွေအတွက် ပညာရေး ကဏ္ဍကို ထည့်သွင်းစဉ်းစားပေးဖို့တောင်းဆိုချင်ပါတယ်။ အပြင်မှာ ကျောင်းမတတ်နိုင်တဲ့ ကလေးတွေ အများကြီးရှိတယ်။ ကလေးမြောက်များစွာ အလုပ်လုပ်နေကြတယ်။ ကလေးတွေရဲ့ ဘ၀ လုံခြုံဖို့၊ အလုပ်ချိန်တွေလုံခြုံဖို့အတွက်ကို ကျွန်တော်တို့က လုပ်သင့်ပါတယ်။

ဦးအောင်ကျော်စိုး (အနောက်ပိုင်းတက္ကသိုလ် ဆရာ/ဆရာမများအသင်း)
လုပ်ငန်းခွင်အခြေအနေမှာတော့ ထိခိုက်တာမရှိဘူး။ တက္ကသိုလ်ကျောင်း တည်ရှိရာနေရများသည်  အရမ်းဝေးကွာလွန်းသည့်အတွက် သွားလာရ အဆင်မပြေပါ။ သယ်ယူပို့ဆောင်ရေး ကြို/ပို့ စီစဉ်ပေးထား သည်။ သို့သော် ဆရာ/ဆရာမတွေကလည်း ကျောင်းသားတွေနဲ့အတူ ကားတွေကို အပြိုင်တိုးစီးရ ပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ တက္ကသိုလ် ဆရာ/ဆရာမတွေကို ထိုက်သင့်တဲ့ ခံစားခွင့်၊ facility ပေးသင့်ပါတယ်။

MWDC အရက်ချက်စက်ရုံ
မန္တလေးမှာလည်း ဆွေးနွေးပွဲတွေကို လုပ်ပေးစေချင်တယ်။ မန္တလေးမှာလည်း အလုပ်သမား အများကြီး ရှိတယ်။ သူတို့တွေကို အလုပ်သမားသမဂ္ဂကိစ္စတွေနားလည်လာအောင် ၊ အသိပညာတွေ တိုးတက် လာ အောင် ဒီလိုဆွေးနွေးပွဲမျိုးတွေကို လုပ်ပေးစေချင်ပါတယ်။

ကိုအောင်ဆန်းဝင်း (မှော်ဘီ MGS အချိုရည်စက်ရုံ)
Chemical ပစ္စည်းတွေကို ကိုင်တွယ်ရတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့၊ ရေရှည်မှာ ရောဂါတွေ ဖြစ်လာကြတယ်။ တီဘီရောဂါ အဖြစ်များတယ်။ ပေးထားတဲ့ဆေးခွင့်က ၁ လ ဖြစ်ပါတယ်။ တီဘီ ရောဂါ ဆိုတာက ၆ လ အနည်းဆုံးကုသရပါတယ်။ အဲဒိအခါမှာ ရောဂါခံစားရတဲ့သူက ၁ လပဲ ခွင့်ရတော့ အလုပ် ပြန်ဆင်းတဲ့အခါမှာ အရှင်း ပျောက်သွားတာမျိုး မရှိတော့ဘူး။ မပျောက်သေးဘဲ အလုပ်ပြန်ဆင်းရတော့ စက်ရုံမှာကလည်း ဒီ ဓာတုပစ္စည်းတွေကို ပြန်ကိုင်တွယ်နေရတော့ မပျောက်ဘူးဖြစ်တယ်။ ဒါကြောင့် ဓာတု စက်ရုံတွေမှာလုပ်တဲ့သူတွေကို ဆေးခွင့် အလုံအလောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ကိုပြည့်ဖြိုးအောင် (East Growth)
အလုပ်အကိုင် အာမခံချက် ရရှိအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ အဖွဲ့အစည်းဖွဲ့တဲ့အခါ၊ သို့မဟုတ် အလုပ်ရှင်က မနှစ်သက်တဲ့အခါမှာ အလုပ်သမားတွေက အလုပ်ထုတ်ခံရပါတယ်။ အဲဒိလိုမျိုး မဖြစ်အောင် အလုပ်သမားတွေအတွက် အလုပ်အာမခံချက် ပေးဖို့လိုအပ်ပါတယ်။ လစာနှင့်ပတ်သက်၍လည်း လစာပေး သည့် စနစ်ကို ပြန်လည်ပြင်ဆင်ပေးရန် လိုအပ်ပါသည်။ အခြေခံလစာ၊ ရှားပါးစရိတ်၊ ရက်မှန်ကြေး၊ အချိန် ပိုကြေး အစရှိသဖြင့် အခြေခံမဟုတ်သည့် လစားများကို ပေးထားပါသည်။ အလုပ်သမားများအတွက် နစ်နာမှု ရှိပါသည်။ အချိန်ပိုကြေး၊ လျော်ကြေးငွေများသည် အခြေခံလစာပေါ်မူတည်၍ တွက်ချက်ခြင်း ဖြစ်ပါသည်။ အလုပ်ထွက်ရပါက နစ်နာကြေးကို တွက်ချက်သည့်အခါတွင် နစ်နာမှုများ ရှိပါသည်။ ထို့ကြောင့် အလုပ်ရှင်များမှ အခြေခံလစာများကို အနည်းငယ်သာပေးထားပြီး အချိန် မရွေး ဖြတ်တောက်နိုင်သည့် လစာပေးစနစ်ကို ကျင့်သုံးထားပါသည်။ လစာနှုန်းထားများကို အတိအကျ ဖော်ပြ ထားခြင်းမရှိပါ။ လစာပေးသည့်စလစ်ကို မြန်မာဘာသာဖြင့် ရေးစေလိုပါသည်။ အလုပ်သမားများ နားလည် သိရှိစေရန် ဖြစ်ပါသည်။

တော်ဝင်မြန်မာဇာပန်းထိုးစက်ရုံ (ချောစုလှိုင်)
ရေရှည်ဆိုးကျိုးကို ဆွေးနွေးချင်ပါသည်။ လုပ်ရသည့်အလုပ်မှာ အာရုံတအားစိုက်၍ လုပ်ရပါသည်။ ဘောကျယ်သေးသေးလေးများကို အပ်နှင့်ထိုးရသည့်အတွက် အာရုံ အလွန်စိုက်ရပါသည်။ ရေရှည်တွင် အာရုံကျောနှင့်ပတ်သက်သည့် ကျန်းမာရေထိခိုက်မှုများဖြစ်လာနိုင်ပါသည်။ ဟိုင်မို ဆံပင်တုစက်ရုံတွင် လည်း ထိုနည်းတူဖြစ်ပါသည်။ အာရုံစိုက်၍ လုပ်ရသည့် အလုပ်သမားများအနေဖြင့် တပတ်ကို တရက် အပြည့်အ၀ အနားယူသင့်ပါသည်။ ထို့ကြောင့် တပတ်ကို အလုပ်ပိရက် ၁ ရက်ပေးရန် တောင်းဆိုချင် ပါသည်။ အများပြည်သူ အလုပ်ပိတ်ရက်များနှင့် တပတ်ကို တရက်နှုန်း အလုပ်ပိတ်ရက် ပေးသင့်ပါသည်။

ကိုကျော်ကျော်လွင် (အလုပ်သမားအရေးဆောင်ရွက်သူ)
နိုင်ငံတော်သမ္မတကြီးအနေဖြင့် နိုင်ငံတော်အကြီးအကဲဆိုတာထက် ပြည်သူလူထုရဲ့ တာဝန်ခံအဖြစ် ဆောင်ရွက်ပေးသူဆိုတာကို ထည့်စဉ်းစားစေချင်ပါတယ်။ သမ္မတကို သိစေချင်ပါသည်။ အုပ်ချုပ်ရေး ခေါင်းဆောင်တယောက်ဖြစ်သလို ပြည်သူလူထုရဲ့ တာဝန်ခံဖြစ်ပါသည်။ မည်သည့် သမ္မတဖြစ်ဖြစ် အုပ်ချုပ် ရေးအကြီးအကဲ တယောက်ဆိုတာထက် ပြည်သူလူထုရဲ့ တာဝန်ခံ ဖြစ်စေချင်ပါသည်။

မန္တလေးတိုင်း (FNI) မှ ကိုယ်စားလှယ်တဦး
သမ္မတကြီးနားမလေးဘူးဆိုရင် provimin စက်ရုံက သိမ်းထားတဲ့ လယ်ဧကတွေကို ပြန်ပေးဖို့ ၊ နစ်နာတဲ့ သူတွေကို ခေတ်နှင့်လျော်ညီသော လျော်ကြေးငွေပေးဖို့ပါ။ နစ်နာသူ လယ်သမားတွေက ဘယ်ကို တောင်း ရမှန်းမသိဘူးဖြစ်နေတယ်။ သမ္မတကြီးက ဆောင်ရွက်ပေးဖို့ ဒီနေရာကနေ ပြောချင်ပါတယ်။

မသန္တာစိုး (FNI)
ပွဲတွေလုပ်တိုင်း ဆုံးဖြတ်ချက်ချစေချင်ပါတယ်။ အားလုံးရဲ့ ဆန္ဒနှင့်အညီ ဆုံးဖြတ်ချက်တွေချစေချင်တယ်။ ဆွေးနွေးချက်တွေက လေထဲမှာ ပျောက်သွားတာမျိုးမဖြစ်စေချင်ဘူး။

မသိမ့်မြတ်ချယ် ( Hi-Mo ဆံပင်တုစက်ရုံ)
လုပ်ရတဲ့အလုပ်က အရမ်းအာရုံစိုက်ရတယ်။ အဲဒါကြောင့် တပတ်ကို အလုပ်ပိတ်ရက် ၁ ရက် ပေးစေချင် တယ်။ ဓာတုဗေဒ ပစ္စည်းတွေကို ကိုင်တွယ်ရတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကိုယ်ဝန်ဆောင် တွေ ကလေးပျက်ကျတာမျိုး၊ ကလေးမရနိုင်တာမျိုးတွေပါ ဖြစ်ပါတယ်။ အလုပ်ရှင်တွေဘက် က အကာအကွယ် ပေးမှုက နည်းတယ်။ အလုပ်ရှင်အနေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ကို အပြည့် အ၀ဆောင်ရွက်ပေးဖို့ ။ ရောဂါ ဖြစ်လာရင်လည်း ဆေးကုသခွင့်ပေးဖို့ ကို တောင်းဆိုချင်ပါတယ်။

East Growth အထည်ချုပ်စက်ရုံမှ ကိုယ်စားလှယ်တဦး
လုပ်ငန်းခွင် အန္တရယ်က  နှစ်မျိုးရှိတယ်။ လျှပ်တပြတ်ဖြစ်သွားတာရယ်။ တဖြည်းဖြည်းနဲ့ ဖြစ်တာရ ရှိပါ တယ်။ အလုပ်ရှင်တွေက လုပ်ငန်းခွင် ထိခိုက်မှုတွေအတွက် တာဝန်ယူပေးဖို့ ပြောချင်ပါတယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေး ကို အလုပ်ရှင်မှ တာဝန်ယူပေးစေချင်တယ်။ ကျန်းမာရေး မကောင်းတဲ့အခါ ဆေးကုပေးဖို့နှင့် ပြန်ကောင်းလာရင် လုပ်ငန်းခွင်ထဲကို မူလနေရာအတိုင်း ပြန်ခန့် အပ်ပေးဖို့ ပြောချင်ပါတယ်။

ကိုဖိုးဖြူ
ဖြစ်နေတဲ့ ပြဿနာတွေကို ပြောသွားတယ်။ ဥပဒေပြဌာန်းတဲ့အထိ မစောင့်နေဘဲ ကိုယ်ကိုတိုင် လုပ်လို့ ရ တဲ့ နည်းလမ်းတွေရှိပါတယ်။ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းဥပဒေရှိသလို၊ ၀န်ထမ်းဥပဒေလည်း ရှိတယ်။ ပြန်ကြည့်လိုက်မယ်ဆိုရင် အလုပ်ရှင်ဆိုသည်မှာ သူ့ဌာနဆိုင်ရာရဲ့ အကြီးအကဲတွေကို အလုပ်ရှင်အဖြစ်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုထားတာရှိပါတယ်။ တက္ကသိုလ်ဆရာများအနေနဲ့ လုပ်နိုင်တာကတော့ အသင်းရဲ့ letter head နဲ့ စာခေါင်းစီးတံဆိပ်နဲ့ ဌာနအတွင်းကော်မတီကို သို့တပ်ပြီး တိုင်လို့ရပါတယ်။ တက္ကသိုလ် ဌာနအတွင်း ညှိနှိုင်းရေးကော်မတီကို သို့တပ်ပြီး တိုင်လို့ရပါတယ်။ တင်လိုက်လို့ သူက အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ် မဖွဲ့ထားဘူးဆိုရင် နောက်တဆင့်သွားလို့ရတယ်။ ဌာန အတွင်းညှိနှိုင်းရေးကော်မတီရဲ့ due date က တပတ်အတွင်းဖြေရှင်းပေးပါဆိုတာ ရှိတဲ့အတွက်ကြောင့် ကိုယ့်ပြဿနာက ဖြေရှင်းလို့ မပြီးသေးဘူးဆိုရင် တက္ကသိုလ်တည်ရှိရာ မြို့နယ် အလုပ်သမားရုံးကို သွား ရောက်တိုင်ကြားလို့ရပါတယ်။ တဦးချင်း လျှောက်ထားချက်မျိုးမဟုတ်ဘဲ သမဂ္ဂရဲ့ လျှောက်ထားချက်နဲ့ ဆိုရင် collective bargaining သဘောမျိုးရှိတဲ့ အတွက် တဦးချင်းအပေါ်မှာ ခွဲခြားဆက်ဆံတာမျိုး တွေ မရှိတော့ပဲ ဖြစ်သွားမယ်။ တဦးချင်း individual complaint , individual agreement တွေမလုပ်ဘဲနဲ့ collective bargaining agreement ပုံစံမျိုးရအောင် သမဂ္ဂက ဆောင်ရွက်ပေးလို့ရပါတယ်။ ခွဲခြား ဆက်ဆံဖို့လည်း တော်တော်ကြီးခက်ခဲသွားမယ်။ သူတို့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ဖို့ကိုလည်း တရားရုံးမှာ လျှောက်ထားပိုင်ခွင့်၊ တရားရုံးကို လွှဲပြောင်းခွင့်လည်း ရှိနေရမယ်။ သမဂ္ဂအနေနဲ့ တရားစွဲလို့ရပါတယ်။ အခွင့်အရေးတွေကို တဖြည်းဖြည်းချင်းရအောင် ဆောင်ရွက်သွားလို့ ရပါတယ်။

ဒေါက်မင်းဇော်ဦး (MPC)
အခုလိုတက်တက်ကြွကြွ ၀ိုင်းဝန်းဆွေးနွေးကြတဲ့အတွက် ပြဿနာတွေကို ပိုပြီးသိလာတယ်။ အရင်တုန်းက ဒီလိုကိစ္စမျိုးတွေကို ဖတ်ဖူး၊ မှတ်ဖူးတဲ့ကိစ္စလောက်ပဲရှိပါတယ်။ အခုကတော့ ဒီပြဿနာတွေကို ကိုယ်တိုင် တွေ့ကြုံခံစားနေရတဲ့သူတွေကနေပြီးတော့ လုပ်ငန်းခွင်ထဲမှာရှိတဲ့အခက်အခဲတွေ၊ ဖြတ်သန်းရတဲ့ အတွေ့ အကြုံတွေကို ပြောပြတော့ ပိုပြီးတော့ နားလည်ရပါတယ်။

အဓိက ဆွေးနွေးချင်တာက ကျွန်တော်က အလုပ်သမားရေးရာ ကျွမ်းကျင်သူမဟုတ်ဘူး။ သို့သော် ကျွန်တော်နားလည်တဲ့ transition အသွင်ကူးပြောင်းရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ အခုက ကျွန်တော်တို့ တိုင်းပြည်မှာ ခုနက တင်ပြသွားတဲ့အခက်အခဲတွေက အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်ကတည်းက ရှိခဲ့တာပါ။ အခုအချိန်မှာ နိုင်ငံရေးပြောင်းလဲတဲ့အချိန် ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် ရောင်နီသန်းလာတဲ့အတွက် ကျွန်တော်တို့အားလုံးက ရလာတဲ့အခွင့်အရေး ပေါ်မှာ တက်တက်ကြွကြွနဲ့ ၀ိုင်းလုပ်ကြတာဖြစ်ပါတယ်။ အဲဒိတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ အလုပ်သမားအရေး၊ လယ်သမားအရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်ဖို့ အတွက် ပိုပြီးတော့ အခွင့်အရေးတွေရလာဖို့ပဲဖြစ်ဖြစ်၊ freedom of expression (လွတ်လပ်စွာ ဖော်ထုတ်ခွင့်) ဒါတွေအားလုံးကို ကြည့်မယ်ဆိုရင်၊ အားလုံးဆုံချက်ရှိမယ့်နေရာက အသွင်းကူးပြောင်းရေးဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်လုပ်ခဲ့တဲ့ research တွေ၊ အသက်မွေးဝမ်းကျောင်းပြုခဲ့တာက အသွင်ကူးပြောင်း ရေးဘယ်လိုဖြစ်လဲဆိုတာပါ။ ဘယ်လိုကောင်းအောင်လုပ်မလဲ။ ဘယ်လောက်အောင်မြင်နိုင်မလဲဆိုတာ တွေကို တွက်ချက်ပြီးတော့ လုပ်လာတဲ့ သင်ကြားမှုအရ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်မလာခင်မှာ လုပ်ခဲ့တဲ့အလုပ်က တိုင်းပြည်တခု အသွင်ကူးပြောင်းရင် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင် ကူးပြောင်းလာတဲ့အခါ ဘယ်လောက် အောင်မြင်နိုင်မယ်ဆိုတာကို ၀ိုင်းဝန်းတွက်ချက်တဲ့ အသက်မွေး ၀မ်း ကျောင်းပြုမှုကို လုပ်ခဲ့တယ်။ ယနေ့ ကျွန်တော်တို့ တိုင်းပြည်ပြောင်းလဲမှု အနေအထား ဘယ်လောက် ထိ ရှိလဲဆိုတာကို တိုင်းကြည့်တဲ့အခါမှာ တော်တော်ကို ခြောက်ခြားစရာ ကောင်းပါတယ်။ ဆိုလိုတာက အသွင်ကူးပြောင်းရေး မအောင်မြင်နိုင်တဲ့အကြောင်းအရင်းအားလုံး က ကျွန်တော်တို့ ဆီမှာရှိနေတယ်။ နိုင်ငံရေးအသွင်ပြောင်းတာချင်းတူတာတောင်မှ စစ်တပ်ကနေ ဒီမိုကရေစီအသွင်ပြောင်းရင် အောင်မြင် နိုင်တာက ၅၀ ရာခိုင်နှုန်းပဲရှိတယ်။ စီးပွားရေးကောင်းတဲ့ နိုင်ငံက အသွင်းကူးပြောင်းမှုနဲ့ ချွတ်ခြုံကျတဲ့ နိုင်ငံက အသွင်းပြောင်းမှုမှာ ချွတ်ခြုံကျတဲ့ နိုင်ငံက အသွင်ကူးပြောင်းမှုက ပိုပြီး မအောင်မြင်တာ များတယ်။ နောက်ပြီးတော့ ကျွန်တော်တို့တိုင်းပြည်မှာက လက်နက်ကိုင် တိုင်းရင်းသား ၁၈ ဖွဲ့ရှိတယ်။ အင်အား အနေနဲ့ ၁ သိန်းကျော်ရှိတယ်။ အင်အား ၁ သိန်းလောက်က နေရာတော်တော်များများမှာရှိတယ်။ ချုပ်ပြီး ပြောရရင် ကျွန်တော်တို့တိုင်းပြည်မှာ ပြဿနာတွေ တော်တော်များတယ်။ ဒီပြဿာနေတွေကို ကြည့်ပြီး တော့ အသွင်ကူးပြောင်းရေး ဘယ်လောက်အောင်မြင်မလဲမေးရင် အော်မြင်ဖို့ ရာခိုင်နှုန်း တော်တော်ကို နည်းပါတယ်။ အဲဒိတော့ စဉ်းစာရမှာက အသွင်ကူးပြောင်းရေးကို ဆက်သွားမလား။ ဆက်မသွားဘူးလား စဉ်းစားစရာဖြစ်နေတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ စဉ်းစားရမှာက ကျွန်တော်တို့ တိုင်းပြည် ဖြစ်တဲ့ အတွက်ကြောင့်၊ ကျွန်တော်တို့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ၁၀ ရာခိုင်နှုန်းပဲရှိတယ်ဆိုရင်လည်း အဲဒိ ရာခိုင် နှုန်းနဲ့ ဖြစ်အောင် လုပ်ရမယ်။ ၁၀ ရာခိုင်နှုန်းကို ၂၀ ၊ ၃၀ ပွားအောင် လုပ်ရမယ်။ ဘယ်လောက်ပဲ ရာခိုင် နှုန်းနည်းနည်း ကျွန်တော်တို့တိုင်းပြည်ဖြစ်တဲ့အတွက် ဖြစ်အောင်ကို လုပ်ရမယ်။ အောင်မြင်အောင် လုပ်ရမယ်။ အခုဖြစ်နေတဲ့ ပြဿနာတွေက ပဋိပက္ခတွေဖြစ်တယ်။ သမိုင်းကို ပြန်ကြည့်ရင် ပဋိပက္ခရှိတဲ့ လူမှု အဖွဲ့အစည်းတွေက တိုးတက်တာပဲ။ ပဋိပက္ခက ကောင်းတာမဟုတ်ဘူး။ ဒါပေမယ့် ပဋိပက္ခကို ကျွန်တော်တို့က အပြုသဘောဆောင်တဲ့ဘက်ကို ရောက်အောင်လုပ်ဖို့လိုတယ်။ အပြုသဘောဆောင် တဲ့ ဘက်ကို မလုပ်ဘဲ ထိပ်တိုက်ရင်ဆိုင်မှုတွေလုပ်ပြီး အပျက်သဘောဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်အောင် လုပ် မယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာ မဟုတ်ဘူး။ ပိုပြီးတော့ နောက်ပြန်ဆုတ်တဲ့ ဟာ တွေဖြစ်လာမယ်။ ရိုးရိုးသားသားနဲ့ အကြံပြုချင်တာက ဒီနေ့ ဖြစ်နေတဲ့ ပြဿနာတွေကို အားလုံးက အပြု သဘောဆောင်ပြီး ဖြေရှင်းကြရမယ်။ ဒါတွေကို ဘယ်လိုလုပ်ရမလဲမေးရင် ကျွန်တော့်မှာလည်း အဖြေမရှိ ဘူး။ အဓိကအဖြေကို ကျွန်တော်တို့ ၀ိုင်းပြီး အဖြေရှာရမယ်။ ဒီနေ့ MPC ရဲ့ အခန်းကဏ္ဍက ဒီလို ပြဿနာ တွေကို အပြုသဘောဆောင်တဲ့ ဘက်က ၀ိုင်းရှာနိုင်အောင် ကျွန်တော်တို့က ပေါင်းကူးသဖွယ် ၀ိုင်းပြီးတော့ ကြိုးစားပေးတာပါ။ ကျွန်တော်တို့ အစိုးရမှာ အပြောင်းအလဲ လုပ်လာတယ်ဆိုပေမယ့် သူတို့မှာလည်း အခက်အခဲတွေအများကြီးရှိနေတယ်။ ပထမအခက်အခဲက ယန္တရားအဟောင်းကြီးနဲ့ ပြောင်းလဲနေရတယ်။ ဥပဒေတွေထုတ်တယ်။ ယန္တရားအဟောင်းကြီးနဲ့ အကောင်အထည်ဖော်တဲ့အခါ အောက်ခြေမှာ အခက်အခဲ တွေအများကြီးရှိတယ်။ ပေါ်လစီကို အောက်ခြေမှာ အကောင်အထည်ဖော်တဲ့အခါ အခက်အခဲအများကြီး ရှိတယ်။ ဒီလိုအကန့်အသတ်တွေကို ကျော်လွန်ပြီးတော့ ကျွန်တော်တို့က အပြောင်းအလဲ ရအောင် လုပ်ရမယ်။ လက်ရှိ ဆွေးနွေးတဲ့အခါ တော်တော်များများက မေးတယ်။ အခုလို ဆွေးနွေးပွဲ လုပ်ရုံနဲ့ ပြီးသွား မှာလား။ မေးကြတယ်။ FTUB တို့လို သေချာပြုစုထားတဲ့သူတွေ၊ ကိုဖိုးဖြူတို့လို အသေအချာ ပြုစုထားတဲ့သူတွေ ၊ ဆွေးနွေးပွဲမှာ တက်ရောက်တဲ့သူတွေရဲ့ ဆွေးနွေးချက်တွေကို ယူထားပြီးတော့ သမ္မတကြီးနှင့် ၀န်ကြီးဌာနတွေကို တင်ပြပါမယ်။ပြီးတော့ သမ္မတကြီးနဲ့ တွေ့တဲ့အခါမှာလည်း ခင်ဗျားတို့ နဲ့ တွေ့တဲ့ကိစ္စတွေကို ပြောပြပြီးတော့ နောက်ပိုင်း မှာ ဆက်လုပ်နိုင်အောင်လည်း လုပ်ပေးပါမယ်။ ကျွန်တော်တို့ facilitate လုပ်ပေးပါမယ်။ သမ္မတကြီးနဲ့ တွေ့ရုံနဲ့ မပြီးဘူးဆိုတာလည်း ကျွန်တော်တို့ နားလည်ပါတယ်။ တွေ့ပြီးတော့ follow up လုပ်နိုင်တဲ့ mechanism တွေ ပေါ်လာအောင် ကျွန်တော်တို့ က ပေါင်းကူးလုပ်ပေးပါမယ်။ ကျွန်တော်တို့ နားလည်ရမှာက ဒီ process ကလည်း အတိုင်းအတာတခု အထိ ကြာပါလိမ့်မယ်။ ဘယ်လောက်အောင်မြင်မယ်ဆိုတာတော့ အာမခံလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့အခန်းကဏ္ဍကတော့ ပေါ်လစီလုပ်နေတဲ့သူတွေနဲ့ လက်ရှိ အောက်ခြေမှာ ခံစားနေရတဲ့ သူတွေ ရဲ့ အခက်အခဲကို ဖြေရှင်းနိုင်အောင် Mechanism တခု ပေါ်ထွက်လာအောင် လုပ်ပေး ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ အခန်းကဏ္ဍကို ပြောတာပါ။ နိဂုံးချုပ်အနေနဲ့ ပြောရရင် MPC က လက်နက်ကိုင်တိုင်းရင်းသားကိစ္စတွေမဟုတ်ပါဘူး။ တခြားလုပ်နိုင်တဲ့ကိစ္စတွေကိုလည်း လုပ်ပေး နေတဲ့ ပေါင်းကူးဖြစ်ပါတယ်။ ခင်ဗျားတို့မှာ နောက်ထပ်တင်ပြစရာ၊ ဆွေးနွေးစရာများရှိရင်လည်း ၀င်ရောက် ပြီးတော့ကူညီနိုင်တဲ့ဟာရှိရင်လည်း လမ်းဖွင့်ထားတယ်ဆိုတာကို ပြောချင်ပါတယ်။

*********************************










No comments:

Post a Comment

Twitter Bird Gadget