Monday, February 11, 2013

တို့အားလုံးရဲ့ တက္ကသိုလ်(ဒေါက်တာစပါယ်သိန်းပေးပို့သည်)



တို့အားလုံးရဲ့ တက္ကသိုလ်…..


တို့ရဲ့ တက္ကသိုလ်မှာ….

မိုးအခါမှာ စိန်ပန်းတွေ ရဲရဲပွင့်ကြ….။

ဆောင်းအကုန် နွေအကူးမှာ

ကံ့ကော်တွေ မွှေးမွှေးမြ …

ဥသြသံ ချိုမြမြ . . .။

ချစ်တဲ့ သူငယ်ချင်းတို့ ရေ….

မြကျွန်းညိုညို ဆိုတဲ့ တေးသံကြားတိုင်း

ဂျပ်ဆင်ထိပ်က လရိပ်ပြာအလွမ်းနဲ့ ..

RC, Library, အဓိပတိလမ်းနဲ့…

ရေတမာပင်တန်းတွေကို သတိရပေးစေချင်

အင်းယားရေပြင် သတိရပေးစေချင်…

အတူတူ ကျောင်းတက်ဖူးတဲ့...

အတူတူ ပျော်ခဲ့ဘူးသလို…

ရန်တွေလည်း ဖြစ်ခဲ့….ဘူးတဲ့

သူငယ်ချင်းတွေ အားလုံးကို

သတိရပေးစေချင်ပါတယ်…။
 (တက္ကသိုလ်မှ သူငယ်ချင်းအားလုံးအတွက်)
                                                        ရှင်းသန့်လွင်


1 comment:

  1. Really I remember .............Once upon a time in the YU..

    ReplyDelete

Twitter Bird Gadget