Tuesday, January 22, 2013

ရန်ကုန်အရှေ့ပိုင်တက္ကသိုလ် ဆရာဆရာမအသင်း၏ သဘောထားခံယူချက်

-->
တက္ကသိုလ်ဆရာဆရာမအသင်းဆိုသည်မှာတက္ကသိုလ်ဆရာဆရာမများ၏အကျိုးစီးပွားအတွက်ဖွဲ့စည်းထားသောအသင်းဖြစ်ကြောင်းအသင်းအကြောင်းစိတ်ပါဝင်စားသူတိုင်းသိရှိပြီးဖြစ်ပါသည်။ အသင်း၏အင်အားသည်လည်းအားရစရာကောင်းသောအဆင့်တွင်ရှိကြောင်းတွေရသဖြင့်ဝမ်းမြောက်ကြရပါသည်။အသင်း၏ခံယူချက်နှင့်သဘောထားကို အားလုံးကိုယ်စားတင်ပြရပါလျှင် အောက်ပါအတိုင်းဖြစ်ပါသည်။
          ဆရာဆရာမတိုင်းသည် မိမိတို့၏ အခွင့်အရေးနှင့် ပညာရေး၊လူမှုရေး စသောမိမိကိုယ်တိုင်နှင့် မိမိ၏မိသားစုအတွက်အခက်အခဲများရှိကြသည့်အခါတိုင်းလူ့သဘောသဘာဝအတိုင်းစိတ်ပျက်အားငယ်မှုများနှင့် ကြုံတွေ့ကောင်းကြုံတွေ့ကြရမည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ မိမိတို့သည် ဆရာဆရာမများဖြစ်သည့် အားလျော်စွာ အဘက်ဘက်မှ အေးချမ်းစွာဘ၀ကိုဖြတ်သန်းတတ်ကြသော်လည်း ဆရာဆရာမဘ၀အပေါ် အားငယ်စရာကောင်းသည်အခြေအနေများနှင့်ကြုံတွေ့ရသည့်ကာလတွင် မိမိတို့ဆရာဆရာမအချင်းချင်း ရင်းနှီးစွာတိုင်ပင်ဆွေးနွေးကြခြင်းသဘောကို မိမိတို့အသင်းများကစတင်အခြေခံပါသည်။
          ထိုမှတစ်ဆင့်တက်ပြီး တစ်နိုင်ငံလုံးရှိတက္ကသိုလ်ဆရာဆရာမအားလုံးသည် လူကိုယ်တိုင်ဖြစ်စေ၊ နည်းပညာဆိုင်ရာ ဆက်သွယ်ရေးကိုကြားခံကာဖြစ်စေ အချင်းချင်းဆွေးနွေးတိုင်ပင်ကူညီနိုင်ကြရန်လည်း မိမိ တို့အသင်းကလိုလားပါသည်။ ထို့အတွက်ဆရာဆရာမများအာလုံးသည် အသင်းတည်တံ့ခိုင်မာပြီး ဆရာဆရာမအားလုံးအတွက်ရပ်တည်ပေးနိုင်မည့်အနေအထားသို့ရောက်ရန်အတွက်ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင် ရွက်ရန်လည်း တိုက်တွန်းလိုပါသည်။
      မြန်မာနိုင်ငံတက္ကသိုလ်များသမိုင်းတွင် ပညာရေးဆိုင်ရာပြုပြင်ပြောင်လဲမှုများဖြစ်ပေါ်တိုးတက်နေသော အချိန်ကာလမျိုးတွင် ခေတ်ကိုသတိပြုရင်း အပြောင်းအလဲတွင် ရပ်တန့်ကျန်မနေစေဘဲ မိမိတို့၏ ဘ၀ဟန်ပန် ကို ပြောင်လဲပေးခြင်းဖြင့် အနာဂတ်ကာလတွင်ကြုံတွေ့ရမည့်မိမိဘ၀ပုံစံကို မိမိစိတ်တိုင်းကျ ပုံဖော်နိုင်မည် ဟု လည်း အသင်းကယုံကြည်ပါသည်။
          ထိုသို့သောအခြေအနေများကိုအကြောင်းပြုကာ တက္ကသိုလ်ဆရာဆရာများအသင်းများ ပေါ်ပေါက် လာခဲ့ရခြင်းဖြစ်ကြောင် ဖော်ပြလိုပါသည်။ ဆရာဆရာမတိုင်းသည် မိမိတို့အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်ရပါမည်။မိမိတို့ကိုယ်တိုင်လည်းပြောင်းလဲကြရန်လိုအပ်သောအချိန်ကောင်းအခါကောင်းသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် တက္ကသိုလ်ဆရာဆရာမအသင်းများအားလုံး၏ကိုယ်စားထိုအသင်းများ၏သဘောထားအချို့ကို တင်ပြရေးသားလိုက်ရပါသည်။

No comments:

Post a Comment

Twitter Bird Gadget