MSDict_Oxford_Dictionary_of_the_Bible_1.5_2.apk
Credit By 1 Mobile
အမိုက်စားလေးပါ
သုံးကြည့်ကြပါ
http://www.4shared.com/android/l5833PuS/MSDict_Oxford_Dictionary_of_th.html
Monday, February 4, 2013
Sunday, February 3, 2013
Oxford Dictionary of English.apk
Oxford Dictionary of English.apk
Credit By 1 Mobilehttp://www.4shared.com/android/7N7S95XT/Oxford_Dictionary_of_English.html
အသုံးဝင်မယ်ထင်လို့share လိုက်ပါတယ်
Credit By 1 Mobilehttp://www.4shared.com/android/7N7S95XT/Oxford_Dictionary_of_English.html
အသုံးဝင်မယ်ထင်လို့share လိုက်ပါတယ်
Saturday, February 2, 2013
နေရာလပ်မရှိတဲ့ကမ္ဘာ(အေးသဏ်းမင်း )
အေးသဏ်းမင်း
နေရာလပ်မရှိတဲ့ကမ္ဘာ
· ကျွန်တော်ကို
နေရာတစ်နေရာပေးပါ…..
ခြေဖမိုးပေါ်မှာ
ခြေရာတွေအထပ်ထပ်နဲ့
လှုပ်ရွေ့ခွင့်ပင်မရခဲ့လို့၊
· ကျွန်တော်ကို
နေရာတစ်နေရာပေးပါ…..
ရှေ့တူရှုမှာ
လေတိုးခွင့်မရလောက်အောင်
လက်ချင်းယှက်ကာဆီးထားလို့၊
· ကျွန်တော်ကို
နေရာတစ်နေရာပေးပါ…..
သေလွန်သွားသည့်တိုင်အောင်
ဂုဏ်ပုဒ်တွေ တသီတတန်းကြီးနဲ့
ဆန့်ဆန့်ကြီး ပိတ်ကာထားလို့၊
· ကျွန်တော်ကို
နေရာတစ်နေရာပေးပါ…..
ချိတ်ပိတ်ခံထားရတဲ့
နှစ်ချို့စကားလုံးခါးတွေကြောင့်
ရင်ဘတ်ကြီး ယောင်ကိုင်းနေလို့။
· ကျွန်တော်ကို
………………………………………..
2001 Sep 17
Friday, February 1, 2013
အသင်း၏ရုံးခန်းနှင့်အစည်းအဝေများကျင်းပရန်ခန်းမများတောင်းဆိုခဲ့ခြင်း
သို့
ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန
စာအမှတ် ။တဆအ(ထက်/အောက်)/တောင်းဆို(ရုံး/
အစည်းအဝေး)/၀န်ကြီး/(၁)၂၀၁၂
နေ့စွဲ ။၂၀၁၂
ခုနှစ်၊ ဒီဇင်္ဘာလ ( ၁၀ ) ရက်နေ့
အကြောင်းအရာ။ ။တက္ကသိုလ်ဆရာ/ဆရာမအသင်းများ၏ရုံးခန်းနှင့်အစည်းအဝေးခန်းမများတက္ကသိုလ်အသီး
သီးတွင်စီစဉ်ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း
၁။ အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၂၀၁၁)နှင့် အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေများနှင့်အညီဖွဲ့စည်းခဲ့သော အထက်မြန်မာပြည်နှင့်
အောက်မြန်မာပြည်တက္ကသိုလ်များရှိ တက္ကသိုလ်ဆရာ/ဆရာမ အသင်းများသည် မြန်မာနိုင်ငံ၏ပညာရေးအဆင့်အတန်းနိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရေး၊
ကျောင်းသူ၊ကျောင်းသားများ၏ ပညာရေးအဆင့်အတန်းများလက်တွေ့ကျကျမြှင့်တင်ရေး၊ ကျောင်းသားကျောင်းသူများ၏
အခက်အခဲများကိုမိမိတို့ တတ်စွမ်း သည့်ဖက်မှ ကူညီဖြေရှင်းပေးရေး၊ တက္ကသိုလ်ဆရာ၊ဆရာမများ၏
လူမှုဘ၀များမြှင့်တင်ပေးရေး စသည့်မွန်မြတ်သောရည်ရွယ် ချက်များကိုအခြေခံပြီဖွဲ့စည်းခဲ့ရာ
၂၀၁၂ ခုနှစ်၊ စက်တင်္ဘာလ (၂၄) ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ တရားဝင်အသင်းအဖွဲ့ များအဖြစ်
အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများအား
နိုင်ငံတော် မှတရားဝင်အသင်းအဖွဲ့များအဖြစ် အသိအမှတ်ပြုခဲ့ပြီဖြစ်ကြောင်းကို တက္ကသိုလ်အသီးသီးရှိ
ပါမောက္ခချုပ်များထံသို့ တရားဝင် အကြောင်းကြားစာများပေးပို့ခဲ့ပြီးဖြစ်ပါသည်။
စစ်တွေတက္ကသိုလ်ရှိဆရာ/ဆရာမများအား လစာမဲ့ခွင့်ခံစားခွင့်ပြုလိုက်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သည့်မေတ္တာရပ်ခံလွှာ
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
(ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်၊
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်)
(၂၀၁၁-၂၀၁၂) ပညာသင်နှစ်
စစ်တွေတက္ကသိုလ်ရှိဆရာ/ဆရာမများအား လစာမဲ့ခွင့်ခံစားခွင့်ပြုလိုက်ခြင်းနှင့်ပတ်သက်၍
ထုတ်ပြန်သည့်မေတ္တာရပ်ခံလွှာ
စစ်တွေ တက္ကသိုလ်တွင်
လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိသော တက္ကသိုလ် ဆရာ၊ ဆရာမ (၈၂)ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများက
ဝန်ထမ်းစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်အညီ ၂၀၁၂ ဇူလိုင်လအတွက် လစာများအပေါ် လစာမဲ့ခွင့်အဖြစ်
သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများသည် လုပ်ထုံးလုပ်နည်းနှင့်အညီ
ဆောင် ရွက်ခဲ့ကြောင်း တွေ့ရပါသဖြင့် ကျွန်ုပ်တို့ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း (မှတ်ပုံတင်လျှောက်ထား
ဆဲ) များအားလုံးက ညီညွတ်စွာ နားလည်သဘောပေါက်ပါကြောင်း ပထမဦးစွာ ဖော်ပြအပ် ပါသည်။
သို့သော်
ကျွန်ုပ်တို့တက္ကသိုလ် ဆရာဆရာမများအသင်း (မှတ်ပုံတင်လျှောက်ထားဆဲ)များ အားလုံး သည အထက်ပါ(၈၂)ဦးကိုယ်စား
သက်ဆိုင်ရာသို့ မေတ္တာရပ်ခံစရာ အကြောင်းအချက်ကို အောက်ပါ အတိုင်းဖော်ပြလိုပါသည်။
Subscribe to:
Posts (Atom)






