Thursday, March 27, 2014
Thursday, February 20, 2014
Friday, October 4, 2013
ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ပေးပို့သော အထိမ်းအမှတ် စုပေါင်းသ၀ဏ်လွှာ
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ဒဂုံတက္ကသိုလ်၊ရန်ကုန်တက္ကသိုလ်၊ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊မန္တလေးတက္ကသိုလ်များ၏
၂၀၁၃၊အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်သော
ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ပေးပို့သော
အထိမ်းအမှတ် စုပေါင်းသ၀ဏ်လွှာ
၁၃၇၅
ခုနှစ် သီတင်းကျွတ်လဆန်း(၁)ရက်နေ့(စနေနေ့)၂၀၁၃ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်
ကမ္ဘာနိုင်ငံအသီးသီးမှ မိမိတို့နိုင်ငံတော်၏ပညာရေးကဏ္ဍအသီးသီရှိ ဆရာ၊ဆရာမအပေါင်းတို့ကို
ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေကြောင်း ယနေ့ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်တွင်
ဦးစွာပဏာမ နှုတ်ခွန်း ဆက်သလိုက်ပါသည်။
မိမိတို့တက္ကသိုလ်ဆရာ၊ဆရာမအသင်းများသည်
စတင်ဖွဲ့စည်းတည်ထောင်ချိန်မှယနေ့ချိန်တိုင် မြန်မာ နိုင်ငံပညာရေးကဏ္ဍမှ ဆရာဆရာမများအားလုံး၏
လူမှုဘ၀မြင့်မားရေး၊ ပညာရေးကဏ္ဍတိုးတက်လာရေးတို့ အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ညီညီညာညာစုပေါင်းဆောင်ရွက်လာခဲ့ပါသည်။
အောင်မြင်မှုများရှိခဲ့သလို၊ အခက်အခဲ အမျိုးမျိုးကိုလည်း ဖြတ်ကျော်ခဲ့ကြရပါသည်။ ဆက်လက်၍လည်း
အရေးကြုံလာပါက ဆရာ၊ဆရာမ ဘက်မှအမြဲရပ်တည်ဆောင်ရွက်နေမည့်အကြောင်းကိုလည်း ယနေ့အခမ်းအနားရှိ
ဆရာ၊ဆရာမများ ရှေ့မှောက် တွင် လေးနက်စွာပြောကြားလိုပါသည်။ မိဘပြည်သူများအနေနှင့်လည်းဆရာ၊ဆရာမတို့၏
လူမှုဘ၀မြင့်မားရေး ကိစ္စတွင်မိမိတို့တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်
လိုအပ်ပါမည်ဟုလည်း မိမိတို့တက္ကသိုလ် ဆရာဆရာမအသင်းများက ယုံကြည်မျှော်လင့်ပါသည်။
ယခုအခါ တက္ကသိုလ်ဆရာဆရာမများအသင်းများ စုပေါင်း၍
နိုင်ငံတော်၏ပညာရေးမူဝါဒအတွက် အထောက်အကူပြုရာပြုကြောင်းဖြစ်သည့် အဆင့်မြင့်ပညာရေးဆိုင်ရာ
မူဝါဒသဘောထားစစ်တမ်းတစ်စောင် ကိုလည်း ကောက်ယူလျက်ရှိပါသည်။ တက္ကသိုလ်ပညာရေးမူဝါဒများကို
ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် အများပြည်သူများ၏ဆန္ဒကိုလွတ်လပ်စွာထုတ်ဖော်စေရန်ရည်ရွယ်၍
ဤစစ်တမ်းကိုကောက်ယူခြင်းဖြစ်ပါသည်။ ဖြေဆိုသူများ၏ပူးပေါင်းကူညီမှုဖြင့် ဒီမိုကရေစီပညာရေးစနစ်ကို
ဖော်ဆောင်နိုင်လိမ့်မည်ဟုလည်း မျှော်လင့် ထားပါသည်။ ဒီမိုကရေစီပညာရေး အမှန်တကယ်ထွန်းကားလာမှသာ
တိုင်းပြည်၏ပညာရေးကဏ္ဍလည်း တိုးတက်လာပြီး ကျောင်းသူကျောင်းသား၊ ဆရာဆရာမ၊ ကျောင်းသားမိဘပြည်သူများနှင့်
နိုင်ငံအနာဂတ် ဦးမော့လာနိုင်မည်ဟု မိမိတို့အသင်းများကယုံကြည်ပါသည်။
ပြီးခဲ့သည့် သြဂုတ်၊ စက်တင်ဘာလအတွင်း မိမိတို့တက္ကသိုလ်ဆရာဆရာမများအသင်းများ
စုပေါင်း ရပ်တည်ပေးကြရသည့် အခြေခံပညာမှ ကျောင်းဆရာမတစ်ဦး အရေးယူခံထားရသည့်ဖြစ်စဉ်မျိုးတွင်
ဆရာ ဆရာမများ၏ လူမှုဘ၀တိုးတက်မြင့်မားရေးသည် မည်သို့သောအခြေအနေတွင်ရောက်ရှိနေကြာင်းကို
အလေး အနက်ဝိုင်းဝန်းစဉ်စားကြရန်လိုအပ်လာကြောင်းတွေ့နိုင်ပါသည်။ တရားဥပဒေစိုးမိုးမှု၊
တရားစီရင်ရေးနှင့်ဝန်ထမ်း စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကိုကျော်လွန်ချိုးဖောက်ကာ
မတရားအပြစ်ပေး အမိန့်ချမှုများကြောင့် ကျောင်းဆရာ၊ဆရာမဘ၀မှ မထွက်ချင်ဘဲ ထွက်ခဲ့ကြရသောသူများ၊
မိမိဂုဏ်သိက္ခာကျဆင်းခဲ့ရသော်လည်း အလုပ်ထိခိုက်မှာစိုး၍ ငြိမ်ခံနေရသော ဆရာဆရာမများမည်မျှရှိနေမည်ကို
မတွေးဝံ့အောင်ပင်ရှိပါသည်။ ထို့အတူ ကျောင်းဆရာဆရာမနှင့် အငြိမ်းစားဝန်ထမ်းမိသားစုများ၏
စားဝတ်နေရေးကိုအခက်တွေ့စေသည့် နေစရာအိမ်စီစဉ်မပေးဘဲလက်ရှိနေစရာအဆောက်အဦးမှ အမိန့်စာနှင့်ဖယ်ရှားခိုင်းခြင်းစသော
ဖြစ်ရပ်များသည် ထိုဆရာ၊ ဆရာမများဘက်မှ ၀ိုင်းဝန်ရပ်တည်ပေးကြရမည့်အနေအထားဖြစ်ပါသည်။
မြန်မာနိုင်ငံတော်သည် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏
ဦးဆောင်ဦးရွက်ပြုမှုနှင့်အတူ ပြည်ထောင်စု အဆင့်အစိုးရအဖွဲ့တစ်ရပ်လုံးက ဒီမိုကရေစီနိုင်ငံတစ်ခုအသွင်သို့
အရှိန်အဟုန်နှင့်ပြုပြင်ပြောင်းလဲနေမှုများ ကြောင့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်မှ
တိုးတက်လာလျက်ရှိပါသည်။ ထိုသို့တိုးတက်နေသော အချိန်တွင် တိုင်းပြည်၏ အဓိကပင်မရေသောက်မြစ်ဖြစ်သည့်
လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးသည် ပညာရေးကဏ္ဍတွင် ဆရာဆရာမတို့၏ လူမှုဘ၀တိုးတက်မှုများ
နောက်ကျကျန်နေမည်ကိုလည်းစိုရိမ်မိပါသည်။ ဤအခြေအနေအတွက် အနာဂတ်ဒီမိုကရေဒီနိုင်ငံတော်အတွက်
ကြိုးစားဆောင်ရွက်နေသော နိုင်ငံတော် သမ္မတကြီးနှင့်ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ဝင်များ၊တိုင်းသူပြည်သားများ၊ကျောင်းသားများ၊
ဆရာဆရာမများ အားလုံးဝိုင်းဝန်းစဉ်းစား အဖြေရှာကြရမည်ဟုလည်းထင်မြင်ပါသည်။
ယခုနှစ် ကမ္ဘာဆရာများနေ့ ကြွေးကြော်သံဆောင်ပုဒ်မှာ
(A call for teachers ! ) ဆရာဆရာမ အရေးကိစ္စ၊
တို့တူတကွတောင်းဆိုကြ ဟူ၍ဖြစ်ပါသည်။ ဆရာ၊ဆရာမများ၏ လူမှုဘ၀မြင့်မားရေးသည် တိုင်းပြည်တစ်ခုတိုးတက်ရေးအတွက်
အလွန်အရေးကြီးသောအချက်ဖြစ်သည်နှင့်အညီ ထို့အခြေအနေများ အတွက် ကမ္ဘာသူကမ္ဘာသားများအားလုံးက
ဝိုင်းဝန်းစဉ်စား၊ ၀ိုင်းဝန်းရပ်တည်ပေးကြရန်လိုကြောင်း ဖော်ပြလိုက် သောကြွေးကြော်သံဆောင်ပုဒ်ဟုမြင်ပါသည်။
ထိုဆောင်ပုဒ်ကိုလက်ကိုင်ပြုကာ မိမိတို့နိုင်ငံမှ ပြည်သူအပေါင်း တို့သည်လည်း ဆရာ၊ဆရာမအရေးကို
မိမိတို့အရေးကဲ့သို့သဘောပိုက်ကာ ၀ိုင်းဝန်းကူညီ ဆောင်ရွက် ကြရန်လည်း ယနေ့အခမ်းအနားတွင်
တိုက်တွန်းနိုးဆော်လိုက်ရပါသည်။ ပညာရေးသည်သာ ထိုနိုင်ငံ၏ အရာရာကိုဖြေရှင်း ပေးနိုင်ပါလိမ့်မည်။
ဤသို့ဆိုလျှင် ပညာရေးကို အကောင်အထည်ဖော်ပေးကြရမည့် ဆရာဆရာမများ၏ အခန်းကဏ္ဍသည် မည်မျှအရေးကြီးသည်ကို
မြင်တွေ့ရပါလိမ့်မည်။
ကမ္ဘာကြီး၏မည်သည့်နေရာတွင်မဆို စာသင်ကျောင်းအတွင်းမှ
ကျောင်းသားကျောင်းသူတို့၏ အရှေ့တွင် စာသင်ကြားပို့ချရမည့် ဆရာဆရာမတို့သည် မည်သူတစ်ဦးတစ်ယောက်၏
ပယောဂကြောင့်နှင့်မှ ဂုဏ်သိက္ခာမကျဆင်းစေရ၊ မည်သို့သောပုဂ္ဂိုလ်မျိုး၏အခွင်အာဏာ အလွဲသုံးစား
ပြုမှုကြောင့်နှင့်မှ လူမှုဘ၀နိမ့်ကျခြင်းမရှိစေရ။
ထို့အတွက် မိမိတို့ကမ္ဘာသူ
ကမ္ဘာသားအားလုံးက ကာကွယ်ပေးသွာမည်ဖြစ်ကြောင်း အထက်ပါကြွေးကြော်သံ ဆောင်ပုဒ်အတိုင်း ထပ်ဆင့်ကြွေးကြော်လိုက်ပါသည်။
(A call
for teachers! ) ဆရာဆရာမအရေးကိစ္စ၊ တို့တူတကွတောင်းဆိုကြ။
ကမ္ဘာနိုင်ငံအသီးသီးမှ ဆရာဆရာမတိုင်း
အတွက် အရေးကိစ္စကြုံလာတိုင်း ပူးပေါင်းပါဝင်ကြပါစို့။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ဒဂုံတက္ကသိုလ်၊ရန်ကုန်တက္ကသိုလ်၊
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊မန္တလေးတက္ကသိုလ်များ
၁၃၇၅
ခုနှစ် သီတင်းကျွတ်လဆန်း(၁)ရက်နေ့(စနေနေ့)
၂၀၁၃ခုနှစ်
အောက်တိုဘာလ(၅)ရက်နေ့
Thursday, October 3, 2013
labour organization Law 2011
Labour Org Law Rules for Printing
http://www.scribd.com/doc/172816532/Labour-Org-Law-Rules-for-Printing
Wednesday, October 2, 2013
တက္ကသိုလ်ဆရာ/ဆရာမများအသင်း သဘောထားကြေညာချက် ကြေညာချက်အမှတ် (၃ / ၂၀၁၃)
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊
ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)
ပညာရေးဝန်ကြီးဌာနမှ ဥပဒေကို မျက်ကွယ်ပြုပြီး
အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ
အလယ်တန်းပြဆရာမ၊ ဒေါ်စိုးစိုးခိုင်အား
ရာထူးမှထုတ်ပယ်ခဲ့မှုနှင့် ပတ်သက်၍
သဘောထားကြေညာချက်
ကြေညာချက်အမှတ် (၃
/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆုတ် (၁၂) ရက်နေ့ (အင်္ဂါနေ့)
၂၀၁၃
ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့
၁။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က
(၅) မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကိစ္စနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ
ပညာရေးဝန်ကြီးဌာနအား အပြင်းအထန်ရှုတ်ချ ကန့်ကွက်ကြောင်းကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆)
ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်ကို မီဒီယာများမှတဆင့် အများပြည်သူသို့
တင်ပြ အသိပေးခဲ့ပြီး ၀န်ကြီးဌာနသို့လည်း ပေးပို့ခဲ့ပြီးဖြစ်ပါသည်။
၂။ အဆိုပါကြေညာချက်အပေါ် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှတဆင့်
ပြန်လည်ရှင်းလင်းခဲ့ပါသည်။ သို့သော် အဆိုပါရှင်းလင်းချက်သည် အများပြည်သူအား အခြေအနေအမှန်အပေါ်
အထင်အမြင် လွဲမှားစေခြင်း၊ ဖြစ်စဉ်အပေါ် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ပြေလည်အောင်
ဖြေရှင်းပေးလိုသော သဘောထားများ ထင်ဟပ်မှုမရှိခြင်း၊ ဥပဒေကို မျက်ကွယ်ပြုပြီး လုပ်ပိုင်ခွင့်အာဏာလွန်ကဲစွာ
အသုံးပြုလျှက် ပြစ်မှုနှင့်ပြစ်ဒဏ် မျှတမှုမရှိစွာ အရေးယူခဲ့ခြင်းအား အများပြည်သူကို
ဖုံးကွယ်ရန် ကြိုးပမ်းမှုပြုခြင်းတို့ကို သုံးသပ်ရှုမြင်ခဲ့ရပါသည်။ သို့ပါသောကြောင့်
တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို
ထုတ်ပြန်ပြီး ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်ကို ပြန်လည်၍ ထပ်မံ ကန့်ကွက်ခဲ့ပါသည်။
အဆိုပါ သဘောထား ကြေညာချက်တွင် ဖြစ်စဉ်အပေါ် ပညာရေးဝန်ကြီးဌာနအနေဖြင့် အဂတိတရားကင်းကင်းနှင့်
ရိုးသားဖြောင့်မတ်စွာ ပြန်လည် စိစစ်သုံးသပ်မှု ပြုလုပ်မည်ဆိုပါက တက္ကသိုလ်ဆရာ/ ဆရာမအသင်းများမှ
ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ကမ်းလှမ်းခဲ့ပါသည်။
၃။ သို့ပါသော်လည်း အဆိုပါ သဘောထားကြေညာချက် ထုတ်ပြန်ပြီး
ရက်ပေါင်း (၃၀) ကြာမြင့်လာသည့်တိုင် ပညာရေးဝန်ကြီး ဌာနအနေဖြင့် တစ်စုံတစ်ရာ အရေးတယူ
တုံ့ပြန်ဖြေရှင်းခြင်း မပြုခဲ့ပါ။ ထို့ကြောင့် တက္ကသိုလ်ဆရာ/ဆရာမအသင်း အသီးသီးရှိ ဆရာ/ဆရာမများ၊
တက္ကသိုလ်အသီးသီးရှိ ဥပဒေဌာနများမှ အသင်းဝင် ဆရာ/ဆရာမများ၊ တက္ကသိုလ်မှ ဥပဒေသုတေသီ ဆရာကြီး/ဆရာမကြီးများ၊
ပြင်ပဥပဒေပညာရှင်များ ပါဝင်သော ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ စက်တင်္ဘာလ
(၂၅) ရက်နေ့တွင်ကျင်းပခဲ့ပြီး ဆရာမ ဒေါ်စိုးစိုးခိုင်၏ ဖြစ်စဉ်အပေါ် ဥပဒေရှုထောင့်မှ လေ့လာသုံးသပ်
ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များသည် အောက်ဖေါ်ပြပါ အချက်အလက်များပေါ်တွင်
ဥပဒေကြောင်းအရ ညီညွတ်မှု မရှိကြောင်းကို တွေ့ရှိရပါသည်။
(က) ၀န်ထမ်းအပေါ်စွဲချက်လွှာတွင်
ရုံးစာတစ်ခုတွင် ပါဝင်ရမည့် အင်္ဂါရပ်များဖြစ်သည့် နေ့စွဲ၊ စာအမှတ်၊ ရုံးတံဆိပ်ရိုက်နှိပ်ခြင်း များမပါဝင်သည့်အပြင်၊ မည်သည့်ပုဂ္ဂိုလ်
သို့မဟုတ် ဌာန သို့မဟုတ် အဖွဲ့အစည်းက စွဲချက်တင်ကြောင်း မပါဝင်သည့်အတွက် စွဲချက်အတင်ခံရသူအနေဖြင့်
မိမိအား စွဲချက်တင်သူကို မသိရဘဲ၊ ဖြေရှင်းချက်ပေးရန် မဖြစ်နိုင်ပါ။ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် မြင့်ဇော် ဟုဆိုကာ
လက်မှတ်ရေးထိုးရာတွင်လည်း လက်မှတ်တွင် နေ့စွဲ ရေးထိုးထားခြင်း မရှိခဲ့ခြင်းကြောင့်
အဆိုပါစွဲချက်လွှာသည် ရိုးသားမှု လုံးဝမရှိခဲ့သည့်အပြင် ဥပဒေကြောင်းအရ သော်လည်းကောင်း၊
ဌာနဆိုင်ရာတာဝန်ရှိသူများ မလွဲမသွေလိုက်နာရမည့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ
သော်လည်းကောင်း၊ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းကို ပေါ့လျော့စွာ မထေမဲ့မြင်ပြုလျှက်
ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း တွေ့ရှိရပေသည်။
(ခ) ၂၀၁၃
ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ နေ့စြွဲဖင့် ထုတ်ပြန်ခဲ့သော၊ ၀န်ထမ်းအား လာရောက်အစစ်ဆေးခံရန်
ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အကြောင်းကြားသည့် စာတွင် ၀န်ထမ်းသို့ ဆင့်စာ ထုတ်ဆင့်သည့်
ရက်စွဲနှင့် ၀န်ထမ်း လာရောက် အစစ်ခံရမည့်ရက်သည် တစ်ရက်တည်း ဖြစ်နေသည့်အပြင်၊ အစစ်ခံရမည့်
အချိန်သည် ထိုနေ့ (၁၂) နာရီဟု ဖော်ပြထားခြင်းသည်
တရားမျှတမှု ကင်းမဲ့သည့် ဆင့်စာအဖြစ် ဥပဒေကြောင်းအရ သတ်မှတ်ရမည် ဖြစ်ပါသည်။ သို့အတွက်
၂၀၁၃ခုနှစ် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ပုဒ်မ-၄၈(ဂ)
အရ စွဲချက်တင်ခံထားရသော ၀န်ထမ်းတစ်ဦးအား ပေးအပ်ထားသည့် အခွင့်အရေး ဖြစ်သည့် ၄င်းအားကူညီနိုင်မည့်
ရှေ့နေ (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦး၏ အကူအညီ ရယူရန်အတွက် စွဲချက်တင်ခံရသောဝန်ထမ်းမှ
လုံလောက်သော ပြင်ဆင်မှုများ မပြုလုပ်နိုင်ရန် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့မှ မိမိတို့၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ မလျော်သြဇာ
သုံးစွဲခြင်းဖြင့် ရည်ရွယ်ချက်ရှိရှိ အမှုဆင် ဆောင်ရွက်ခဲ့သည့် အခြေအနေများ တွေ့ရှိရပါသည်။
(ဂ) ပညာရေးဝန်ကြီးဌာန၊
စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၊ အမှတ်စဉ် (၈/၂၀၁၃) သဘောတူဆုံးဖြတ်ချက်အရ ၂၀၁၃ ခုနှစ်၊
သြဂုတ်လ (၁၅) ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည့် ပြန်တမ်းပါ မယူမနေရ အငြိမ်းစား (Forced to Retire) ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းသည်
ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်းကို တွေ့ရှိရပါသည်။ ပြန်တမ်းပါ မူရင်းစာသားများမှာ အောက်ပါ
အတိုင်း ဖြစ်ပါသည်။
ပြန်တမ်း
အမှတ်။ ၃၀၇။ ပညာရေးဝန်ကြီးဌာန၊
စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၊ အမှတ်စဉ် (၈/၂၀၁၃)၊ သဘောတူ ဆုံးဖြတ်ချက်အရ နေပြည်တော်၊
ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမ၊ ဒေါ်စိုစိုးခိုင်အား
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းမှစ၍ မယူမနေရအငြိမ်းစား (Forced to
Retire) ပေးလိုက်သည်။
(ဃ) နိုင်ငံ့ဝန်ထမ်းတစ်ဦးအပေါ် အရေးယူခဲ့သည့် မယူမနေရပင်စင်
(Forced to Retire) ပြစ်ဒဏ်သည် ၂၀၁၃ ခုနှစ်၊
နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ - ၅၃ တွင်ပြဌာန်းထားသော
ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်အမျိုးအစားများတွင်လည်းကောင်း၊
ပုဒ်မ - ၅၆ တွင် ဖေါ်ပြထားသော ပင်စင်အမျိုးအစားများတွင်လည်းကောင်း ဖေါ်ပြထားခြင်း မရှိသောကြောင့် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ဥပဒေကိုမျက်ကွယ်ပြု ချိုးဖောက်ခဲ့သည့် သဘောများသက်ရောက်နေပါသည်။ သို့အတွက် စွဲချက်တင်ခံရသော နိုင်ငံ့ဝန်ထမ်းတစ်ဦးအပေါ် အရေးယူနိုင်သည့်ပြစ်ဒဏ်အဖြစ် မည်သည့်ဥပဒေတွင် ပြဌာန်းထားကြောင်း နိုင်ငံ့ဝန်ထမ်းများနှင့် အများပြည်သူများ သိရှိနားလည်နိုင်စေရေးအတွက် ပွင့်လင်းမြင်သာစွာဖြင့် ရှင်းလင်းချက်ပေးရန် တာဝန်ရှိပါသည်။
ပုဒ်မ - ၅၆ တွင် ဖေါ်ပြထားသော ပင်စင်အမျိုးအစားများတွင်လည်းကောင်း ဖေါ်ပြထားခြင်း မရှိသောကြောင့် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ဥပဒေကိုမျက်ကွယ်ပြု ချိုးဖောက်ခဲ့သည့် သဘောများသက်ရောက်နေပါသည်။ သို့အတွက် စွဲချက်တင်ခံရသော နိုင်ငံ့ဝန်ထမ်းတစ်ဦးအပေါ် အရေးယူနိုင်သည့်ပြစ်ဒဏ်အဖြစ် မည်သည့်ဥပဒေတွင် ပြဌာန်းထားကြောင်း နိုင်ငံ့ဝန်ထမ်းများနှင့် အများပြည်သူများ သိရှိနားလည်နိုင်စေရေးအတွက် ပွင့်လင်းမြင်သာစွာဖြင့် ရှင်းလင်းချက်ပေးရန် တာဝန်ရှိပါသည်။
(င) ပညာရေးဝန်ကြီးဌာန၊
ဝန်ကြီးရုံး၏ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့ တွင် စာအမှတ်၊ ၁ ပညာ ၂(ဃ) ၂၀၁၃ (ဂ/၂၀၁၃)
ဖြင့် အကြောင်းကြားချက်အရ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့ ရက်စွဲဖြင့် မန္တလေးမြို့၊
အမှတ် (၂) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့်
ပြန်တမ်းတွင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရာထူးမှ ထုတ်ပယ်ခြင်း
(Removal) ပြစ်ဒဏ်အား ပြောင်းလဲချမှတ်ရခြင်း၏
အကြောင်းပြချက်အပေါ် ပညာရေးဝန်ကြီးဌာနမှ ဥပဒေကြောင်းအရ ခိုင်လုံသော ဖြေရှင်းချက်ပေးရန်
အပြည့်အ၀ တာဝန်ရှိပါသည်။ ပြန်တမ်းပါ မူရင်းစာသားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပြန်တမ်း
အမှတ်။ ၃၁၀။ ပညာရေးဝန်ကြီးဌာန၊
စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၊ အမှတ်စဉ် (၈/၂၀၁၃)၊ သဘောတူ ဆုံးဖြတ်ချက်အရ နေပြည်တော်၊
ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမ၊ ဒေါ်စိုစိုးခိုင်အား
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းမှစ၍ မယူမနေရအငြိမ်းစား (Forced to
Retire) ပေးသည့် ပြန်တမ်း အမှတ် (၃၀၇) အား ပယ်ဖျက်၍ ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံး၏
(၁၇-၈-၂၀၁၃) ရက်စွဲပါ စာအမှတ်၊ ၁ ပညာ ၂(ဃ) ၂၀၁၃ (၈/၂၀၁၃) ဖြင့်အကြောင်းကြားချက်အရ နေပြည်တော်၊
ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ၊ ဒေါ်စိုစိုးခိုင်အား
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းမှစ၍ ရာထူးမှထုတ်ပယ် (Removal) လိုက်သည်။
(စ) အထက်ပါ ပြန်တမ်းနှစ်ခုကို လေ့လာသုံးသပ်ပါက ပြန်တမ်းတစ်ခုနှင့်တစ်ခု (၁)
ရက်သာခြားပြီး ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရပြီး၊ (၁၇-ဂ-၂၀၁၃) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်
ပြန်တမ်းတွင် ၀န်ထမ်းအပေါ် ချမှတ်သည့် ပြစ်ဒဏ်အား နောက်ပြန်ဆွဲ ရက်စွဲ (၁၅-ဂ-၂၀၁၃) ဖြင့်
ပြစ်ဒဏ်ချမှတ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ၀န်ထမ်းတစ်ဦးအပေါ် အမျိုးအစား မတူသော ပြစ်ဒဏ်
(၂) ရပ်ဖြစ်သည့် မယူမနေရအငြိမ်းစား (Forced
to Retire) ပြစ်ဒဏ် နှင့် ရာထူးမှထုတ်ပယ် (Removal) ခဲ့သည့် ပြစ်ဒဏ် (၂)ရပ်ကို တစ်နေ့တည်းတွင် ကျခံစေရန် နောက်ကြောင်းပြန်
ပြောင်းလဲချမှတ်ခြင်းသည် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတစ်ခုကို စီမံခန့်ခွဲနေသောတာဝန်ရှိ
ပုဂ္ဂိုလ်များအနေဖြင့် ရိုးသားဖြောင့်မတ်မှု လုံးဝမရှိကြောင်း လေ့လာတွေ့ရှိရပေသည်။ သို့ဖြစ်ပါ၍
ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်အား ဂုဏ်သိက္ခာရှိရှိဖြင့် ပွင့်လင်းမြင်သာစွာ
ပြန်လည်ဖြေရှင်းပေးရန် အပြည့်အ၀လိုအပ်မည်ဖြစ် ပါသည်။
(ဆ) ပညာရေးဝန်ကြီးဌာန၏
အထက်ဖေါ်ပြပါပြန်တမ်း နှစ်ခုစလုံးတွင် စွဲချက်တင်ခံရသော ၀န်ထမ်းအား ပြစ်ဒဏ်များချမှတ်
အရေးယူရာတွင် မည်သည့်ဥပဒေ၊ မည်သည့်ပုဒ်မအရ ဖေါ်ပြပါပြစ်ဒဏ်များအား ချမှတ်ခဲ့ကြောင်းကို
ထည့်သွင်းဖေါ်ပြ ထားခြင်းမရှိသည်မှာလည်း ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနိုင်နင်းမှုမရှိခြင်းကြောင့်လော
(သို့မဟုတ်) ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသူများ အနေဖြင့် လုပ်ပိုင်ခွင့်ကိုအသုံးပြု၍
ဝန်ထမ်းငယ်များအပေါ် အပြန်အလှန်လေးစား ညှာတာမှု ကင်းမဲ့စွာဖြင့် ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့
ဖိနှိပ်လိုခြင်းကြောင့်လော ဆိုသည်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများသာ အသိဆုံးဖြစ်ပါသည်။
ထို့ပြင် ပြန်တမ်းများတွင် သက်ဆိုင်ရာဝန်ထမ်းအား
ချမှတ်ခဲ့သည့်အမိန့်အား မကျေနပ်ပါက ပြန်တမ်းထုတ်ပြန်သည့် နေ့မှစ၍ (၆) လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအမှူးထံ
အယူခံလွှာ တင်သွင်းခွင့်ရှိကြောင်း ဖေါ်ပြခဲ့ခြင်း မရှိခဲ့သည်ကို စိစစ်တွေ့ရှိရပါသည်။
ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော အထက်ဖေါ်ပြပါ ပြန်တမ်းနှစ်ခုစလုံးသည် နိုင်ငံ့ဝန်ထမ်းဥပဒေ
ပုဒ်မ - ၄၉ အား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထား
ကြောင်းကို တွေ့ရှိရပါသည်။
(ဇ) ပညာရေးဝန်ကြီးဌာနမှ
သက်ဆိုင်ရာဝန်ထမ်းအား ရာထူးမှထုတ်ပယ်သည်အထိ အရေးယူခဲ့ခြင်းသည် စည်းကမ်းဖောက် ဖျက်ခဲ့သော
ဝန်ထမ်းတစ်ဦးအား ပညာပေးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကို ဦးတည်ခြင်းမရှိဘဲ လုပ်ပိုင်ခွင့်အာဏာကို
လွန်ကဲစွာအသုံးပြုပြီး ကျူးလွန်ခဲ့သောပြစ်မှုနှင့် ချမှတ်ခဲ့သည့်ပြစ်ဒဏ် မျှတလိုက်လျောညီထွေမှု
မရှိခဲ့ပါသောကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ-၅၅ ပါ ပြဋ္ဌာန်းချက်များကိုလည်း ထပ်မံကျူးလွန်
ဖောက်ဖျက် ထားကြောင်း တွေ့ရှိရပါသည်။
၎။ ဖြစ်စဉ်တစ်ရပ်လုံးအပေါ် ခြုံငုံသုံးသပ်ပါက ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနဖြစ်သော
ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှ ချမှတ်ပြဌာန်းထားသည့် ဥပဒေများအား ပြည်သူများအားလုံးအတွက်
စံနမူနာပြအဖြစ် လေးစားလိုက်နာရမည့်အစား ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအား မထေမဲ့မြင်ပြုပြီး
ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းသည် နိုင်ငံတော်၏ အသက်သွေးကြောဖြစ် သည့် တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊
ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော
ဆန္ဒဖြစ်သည့် ဒီမိုကရေစီ မျှော်မှန်းချက်များကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် လွှတ်တော်
အရပ်ရပ်မှ ဦးဆောင် အကောင်အထည်ဖေါ် ဆောင်ရွက်နေလျှက်ရှိသည့် နိုင်ငံတော်၏ ဒီမိုကရေစီဖော်ဆောင်ရေး
လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဆရာ/ဆရာမများ၊ ၀န်ထမ်းများအပါအ၀င်
နိုင်ငံ့ဝန်ထမ်းထုတစ်ရပ်လုံး၏ လုပ်ငန်းခွင် ပျော်ရွှင် ချမ်းမြေ့ရေးနှင့် လူမှုဘ၀ လုံခြုံရေးကို ပြည်ထောင်စုအဆင့်ရှိ ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က
အကြီးအကျယ် ခြိမ်းခြောက် စိန်ခေါ်လိုက်သည့် လုပ်ရပ်အဖြစ် တက္ကသိုလ်ဆရာ/ဆရာမအသင်းများက
တစ်ညီတစ်ညွတ်တည်းမှတ်ယူပါသည်။
၅။ သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတကြီး၏မိန့်ကြားချက်အတိုင်း
ပညာရေးဝန်ကြီးဌာနအနေဖြင့် အထက်ဖေါ်ပြပါဖြစ်စဉ်အား ဥပဒေနှင့် အညီ ပြန်လည်စစ်ဆေးပြီး မျှမျှတတဆောင်ရွက်ပေးပါရန်
တက္ကသိုလ်ဆရာ/ဆရာမအသင်းများက တောင်းဆိုလိုက်သည်။ ပညာရေးဝန်ကြီးဌာနရှိ အဆင့်မြင့်ပညာကဏ္ဍနှင့်
အခြေခံပညာကဏ္ဍ နှစ်ရပ်စလုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံတ၀ှမ်းရှိဆရာ/ဆရာမများ
လုပ်ငန်းခွင်အတွင်း ဥပဒေကြောင်းအရ နစ်နာမှုများရှိလာပါက ဆရာ/ဆရာမများ၏ နစ်နာဆုံးရှုံးမှုများကို
ဥပဒေကြောင်းအရ အကာအကွယ်ပေးရေးသည် တက္ကသိုလ်ဆရာ/ဆရာမအသင်းများ၏
ရည်ရွယ်ချက်တစ်ခု ဖြစ်သည်နှင့်အညီ ယခုဖြစ်စဉ်ကိုလည်း ဒီမိုကရေစီစနစ်ကို ချီတက်နေသော
နိုင်ငံတစ်နိုင်ငံအနေဖြင့် လုံးဝလက်မခံနိုင်သော ဥပဒေမဲ့ဖိနှိပ်ခြင်းတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ရပါသောကြောင့်
မျှတသည့် ဖြေရှင်းချက်တစ်ခု ရရှိလာသည့်အချိန်အထိ မဆုတ်မနစ် ဆောင်ရွက်သွားရန် တက္ကသိုလ်ဆရာ/ဆရာမ
အသင်းများအားလုံးမှ ခိုင်မာစွာ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာနအား
လေးလေးနက်နက် အသိပေးလိုက်ပါသည်။
၆။ တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် ယခုဖြစ်စဉ်အပေါ်
မိသားစုစိတ်ဓာတ်ကို အရင်းခံပြီး ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်းလိုပါသောကြောင့်
ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းဖြင့်ညီ ညွတ်သော၊ အပြုသဘောဆောင်သော
ဖြေရှင်းမှုတစ်ခုကို ယနေ့မှစ၍ ရက်ပေါင်း (၂၀) အတွင်း ပွင့်လင်းမြင်သာစွာ ဖေါ်ဆောင်ပေးရန်
နောက်ဆုံးအကြိမ် အဖြစ် လေးနက်စွာ တောင်းဆိုလိုက်သည်။ အကယ်၍
ဥပဒေကြောင်းအရ ညီညွတ်မျှတသည့် ဖြေရှင်းချက် တစ်စုံတစ်ရာမရရှိပါက တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့်
ညီနောင်မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲကာ ယခုဖြစ်စဉ်ကို ပြေလည်သည့် တိုင်အောင် ဖြေရှင်းသွားရန်
သဘောတူညီချက်များ ရရှိထားပြီးဖြစ်ပါသောကြောင့် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံ (All Out Means) ကိုအသုံးပြုပြီး ပညာရေးဝန်ကြီးဌာနအား
မလွှဲမရှောင်သာ ထိပ်တိုက်ရင်ဆိုင်သွားရမည်
ဖြစ်ကြောင်း ခိုင်မာသော ရပ်တည်ချက်ဖြင့် သဘောထား မှတ်ချက်ပြု အသိပေးအကြောင်းကြားလိုက်ရပါသည်။
Thursday, September 26, 2013
Thursday, September 19, 2013
အဆင့်မြင့်ပညာရေး မူဝါဒသဘောထားစစ်တမ်းကောက်ခံခြင်း
တရားဝင်လွတ်လပ်သော တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း မှ ဒီမိုကရေစီစနစ်လွတ်လပ်သော
“လေ့လာသူအခြေပြု (ပြည်သူအခြေပြု) အဆင့်မြင့်ပညာရေး မူဝါဒသဘောထား”
မြန်မာနိုင်ငံသားအားလုံး မည်သူမဆို မိမိတို့၏လွတ်လပ်သောသဘောထားဆန္ဒအ တိုင်း ဖြေဆိုတင်ပြခွင့်ရှိသည်။
(A4 လေးမျက်နှာပါသော A3 စာရွတ်ပေါ်တွင် (များမကြာမီကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း နေရာအနှံ့သို့ ဖြန့်ချီပါမည်) လည်းကောင်း၊ ယခု Social network page (သို့) share ပြုလုပ်လိုက်ကြသော Social network page များရှိ အောက်ပါ Link ၌ အဆိုပါ file ကို http://www.mediafire.com/view/ mf9o4hcz50ym9ek ; http://www.mediafire.com/ ?77ryhh3jfu025po
နှင့် http://www.4shared.com/office/ JEA6ikdO/ Servey_Question_fill_with_zawg. html တွင် download ရယူပြီး
ဖုန်း/ကွန်ပျူတာ ဖြင့်လည်း ဖြေဆိုနိုင်ပါသည်။ ဖုန်း/ကွန်ပျူတာတွင် adobe reader ရှိရပါမည်။
> Download this file
> Open with Adobe
> Click/Tag on the fields No. 1 to 6 to fill using Zawgyi-One or English fonts
> Click/Tag on the Check boxs you selected certainly
> Save and Close the file (ဖုန်းတွင်မူ ပိတ်လိုက်တာနဲ့ save ပြီးသားဖြစ်သွားသည်။ ပြန်ဖွင့်ပြီး ပြန်လည်စိစစ်ပါ)
> Send the file (as attached file) via your mail to e-mail of utamyanmar@gmail.com on the prescribed paper
Thanks a lot for your participation
ပေးပို့ရန် - uta.myanmar@gmail.com
utaeyumyanmar@gmail.com
thanhtite77@gmail.
tloney2006@gmail.com
zawmyohlaing.75@gmail.com
drsaikhinemyotun@gmail.com
“လေ့လာသူအခြေပြု (ပြည်သူအခြေပြု) အဆင့်မြင့်ပညာရေး မူဝါဒသဘောထား”
မြန်မာနိုင်ငံသားအားလုံး မည်သူမဆို မိမိတို့၏လွတ်လပ်သောသဘောထားဆန္ဒအ
(A4 လေးမျက်နှာပါသော A3 စာရွတ်ပေါ်တွင် (များမကြာမီကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း နေရာအနှံ့သို့ ဖြန့်ချီပါမည်) လည်းကောင်း၊ ယခု Social network page (သို့) share ပြုလုပ်လိုက်ကြသော Social network page များရှိ အောက်ပါ Link ၌ အဆိုပါ file ကို http://www.mediafire.com/view/
နှင့် http://www.4shared.com/office/
ဖုန်း/ကွန်ပျူတာ ဖြင့်လည်း ဖြေဆိုနိုင်ပါသည်။ ဖုန်း/ကွန်ပျူတာတွင် adobe reader ရှိရပါမည်။
> Download this file
> Open with Adobe
> Click/Tag on the fields No. 1 to 6 to fill using Zawgyi-One or English fonts
> Click/Tag on the Check boxs you selected certainly
> Save and Close the file (ဖုန်းတွင်မူ ပိတ်လိုက်တာနဲ့ save ပြီးသားဖြစ်သွားသည်။ ပြန်ဖွင့်ပြီး ပြန်လည်စိစစ်ပါ)
> Send the file (as attached file) via your mail to e-mail of utamyanmar@gmail.com on the prescribed paper
Thanks a lot for your participation
ပေးပို့ရန် - uta.myanmar@gmail.com
utaeyumyanmar@gmail.com
thanhtite77@gmail.
tloney2006@gmail.com
zawmyohlaing.75@gmail.com
drsaikhinemyotun@gmail.com
Subscribe to:
Posts (Atom)
