Sunday, August 25, 2013

တက္ကသိုလ်ဆရာ၊ဆရာမအသင်းများတွေ့ဆုံဆွေးနွေး

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် တို့မှ တက္ကသိုလ်ဆရာ၊ဆရာမများအသင်း အလုပ်အမှုဆောင်များနှင့် အသင်းဝင်များသည် ယနေ့
၂၄၊၈၊၂၀၁၃ စနေနေ့ညနေ (၃း၀၀)အချိန်တွင် ရန်ကုန်တက္ကသိုလ်အရှေ့ အားသစ်လဘက်ရည်ဆိုင် အတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ထိုအစည်းအဝေးတွင် တက္ကသိုလ်ပညာရေးမူဝါဒရေးရာနှင့်ပတ်သက်သော အချက်များကိုဆွေးနွေးကြ သည်။စုစုပေါင်းအချက် ၂၀ကိုဆွေးနွေးကြပြီး ထိုအချက်များပေါ်အခြေခံ၍ ပညာရေးမူဝါဒဆိုင်ရာ စစ်တမ်း တစ်ခု စစ်မှန်စွာပေါ်ထွက်လာရေးကို ဦးတည်ဆွေးနွေးကြသည်။ ထိုစစ်တမ်းများထွက်ပေါ်လာရေးသည် မြန်မာနိုင်ငံပညာရေး၏ အဆင့်မြင့်ပညာကဏ္ဍအတွက် အထောက် အကူပြုစေနိုင်သော စစ်တမ်းဖြစ်၍ အခြားသောပညာရေးစိတ်ပါဝင်စားသူအများစုကလည်း စိတ်ဝင်စားကြ ကြောင်းတွေ့ရသည်။ လောလောဆယ်အားဖြင့် မြန်မာနိုင်ငံတက္ကသိုလ်ဆရာအသင်းများသည်  သက်တမ်းအားဖြင့်နုနယ်သေးသော်လည်း ပြင်ပအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီဆက်သွယ်ကာ ထိရောက် တိုးတက်သောအမြင်များနှင့် ဆောင်ရွက်လျှက်ရှိပေသည်။ ထိုအသင်းများသည် အလုပ်သမားအသင်းများဖြစ်သည့်အားလျော်စွာ အခြားသောအလုပ်သမားအသင်းများ၏အကြားတွင် တစ်စိတ်တစ်ဝမ်းတည်းပူပေါင်းဆောင်ရွက်လိုသောမိမိတို့အမြင်များကိုလည်း ပြသနိုင်ကြောင်းတွေ့ရပေသည်။
ပြည်တွင်းပြည်ပပညာရှင်များ၏ အကူအညီကိုလည်းရယူထားနိုင်သောကြောင့် အနာဂတ်ပညာရေးတွင် ပညာရေးအမြင် ရောင်စုံဖြင့် ပြည်သူနှင့် ကျောင်သားလူငယ်များကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးရန် အားသစ်လောင်းနေသောအသင်းများလည်းဖြစ်လာပေသည်။သို့သော်အသင်းများသည် သက်တမ်းနုနယ် နေသေးသည့်အပြင် ဘဏ္ဍာငွေသုံးစွဲမှုကို အသင်းဝင်များ၏ စေတနာ အနစ်နာပေါ်အခြေခံကာ သုံးစွဲနေကြရပေသည်။ ထိုကဲ့သို့ မိမိတို့ကိုယ်ကျိုးကိုမငဲ့ဘဲ အသင်းအတွက်
ကြိုးစားကာအင်အားဖြည့်တင်းကြပါသော အသင်းဝင်များအားလုံကို အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် အသင်း၏နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်များရေးဆွဲသောအဖွဲ့နှင့် ရန်ကုန်အရှေပိုင်းတက္ကသိုလ်အား အင်တာနက်ချိတ်ဆက်နိုင်ရေးအတွက် နေ့မနားညမအားဆောင်ရွက်ပေးခဲ့ကြသော ယူတီအေအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အသင်းများ၏ဆန္ဒအတိုင်း ရေးသားဖော်ပြလိုက်ရပေသည်။

No comments:

Post a Comment

Twitter Bird Gadget