Tuesday, September 24, 2013

အဆင့်မြင့်ပညာရေး မူဝါဒသဘောထားစစ်တမ်းများကို ပညာရေးစိတ်ပါဝင်စားသူများကပူးပေါင်းပါဝင်

မြန်မာနိုင်ငံအတွင်းရှိ အထက်မြန်မာပြည်၊အောက်မြန်မာပြည် တက္ကသိုလ်များမှ ဆရာဆရာမအသင်းများစုပေါင်း၍ အဆင့်မြင့်ပညာရေးမူဝါဒဆိုင်ရာ စစ်တမ်းတစ်စောင်ကို ယခုလ လဆန်းပိုင်းက စတင်ဖြန့်ဝေ သဘောထားတောင်းခံခဲ့ရာတွင် ပညာရေးကိုအထူးစိတ်ပါဝင်စားသော ဆရာဆရာမများသာမက မိဘပြည်သူများကလည်း ပူပေါင်းပါဝင်၍ တက်တက်ကြွကြွ သဘောထားမှတ်ချက်ပေးကြကြောင်း ကြားသိရပါသည်။ သဘောထားမှတ်ချက်များကို ၂၀၁၃ အောက်တိုဘာ ၁၅ ရက်နေ့နောက်ဆုံးထား၍ ပေးပို့ကြရန်နှင့် အွန်လိုင်းလိပ်စာမှတစ်ဆင့်လည်း ပေးပိုနိုင်ကြောင်းဖော်ပြထားသည်။ ဤသဘောထားစစ်တမ်းသည် အနာဂတ်ပညာရေးအတွက်ရည်စူး၍ တည်ဆောက်ထားခြင်းဖြစ်ပြီး အခြားမည်သည့်ရည်ရွယ်ချက်မျိုးမှမရှိကြောင်း နိုင်ငံသားမိဘပြည်သူများအနေဖြင့် မိမိတို့ဖြစ်စေချင်သည် ပညာရေးမျိုးသည် မည်သို့သောပညာရေးမျိုးဖြစ်ကြောင်းကို ဖော်ပြနိုင်ရန်သာရည်ရွယ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတော်၏ပညာရေးရေးစနစ်တစ်ခုကို ပီပီပြင်ပြင်ဖော်ဆောင်နိုင်ရေးအတွက် မိမိတို့ဆရာအသင်းများအနေဖြင့် နိုင်ငံ့အကျိုးအလို့ငှာဆောင်ရွက်ခြင်း သာဖြစ်ကြောင်း ဖော်ပြပါရှိသည်။ သဘောထားပေးပို့သူများအားလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်း အသင်းကိုယ်စားလှယ်များက ပြောကြားထားပါကြောင်းဖော်ပြလိုက်ပါသည်။

No comments:

Post a Comment

Twitter Bird Gadget