ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ၂၀၁၃ ဒုတိယနှစ်ဝက် တက္ကသိုလ်စာမေးပွဲတွင် ယခင်းစာမေးပွဲများတွင် တာဝန်ကျသောစနေနေ့စာမေးပွဲတာဝန်ကို ယခုစာမေးပွဲတွင်ထည်သွင်းရေးဆွဲခြင်း မရှိတော့သောကြောင့် ဆရာ၊ဆရာမနှင့် ၀န်ထမ်းများအထူးဝမ်းမြောက်နေကြကြောင်း သတင်းရရှိပါသည်။ ဤကဲ့သို့အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် စနေ၊တနင်္ဂနွေကို တာဝန်ထမ်းဆောင်စေခြင်းမှ ပယ်ဖျက်လိုက်သောကြောင့် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲနှင့် ဆရာဆရာမအပါအ၀င်ဝန်ထမ်းထုအတွင်း စည်းလုံးချစ်ကြည်မှု ပိုမိုခိုင်မာလာစေပြီး မိမိတို့တက္ကသိုလ်၏ ကောင်းကျိုးများ ဆက်လက်ဖြစ်ထွန်းတိုးတက်လာစေနိုင်ပါသဖြင့် ၀မ်းမြောက်ဖွယ်သတင်းကောင်းတစ်ရပ်အဖြစ်ဖော်ပြလိုက်ရပါသည်။
No comments:
Post a Comment